ပြည်တွင်းစီးပွားရေးခိုင်မာစေရန် အသားတိုးနွားအရှင်တင်သွင်းမှု အင်ဒိုနီးရှားမြှင့်တင်

ပြည်တွင်းစီးပွားရေးခိုင်မာစေရန် အသားတိုးနွားအရှင်တင်သွင်းမှု အင်ဒိုနီးရှားမြှင့်တင်

အင်ဒိုနီးရှားအစိုးရသည် ၂၀၂၅  ပထမနှစ်ဝက်တွင် အသားတိုးနွားငယ် (feeder cattle) တင်သွင်းမှုအတွက် ကိုတာအရေအတွက်ကို ၁၈၄,၀၀၀ ကောင်ဖြင့် တရားဝင် တိုးမြှင့်လိုက်သည်။ ဤပြင်ဆင်မှုကြောင့် တစ်နှစ်တာ နွားအရှင်တင်သွင်းမှု ပမာဏစုစုပေါင်းသည် မူလ ၃၅၀,၀၀၀ ကောင်မှ ၅၃၄,၀၀၀ ကောင်ရေအထိ တိုးလာစေခဲ့သည်။

ဤဆောင်ရွက်မှုကို ပြည်သူများနှင့် ပြည်တွင်း တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများအတွက် ကျယ်ပြန့်သည့် စီးပွားရေးအကျိုး ကျေးဇူးများ ပေးစွမ်းနိုင်သည့် မူဝါဒဖြစ်သည်ဟု ယုံကြည်ကြသည့် အသားတိုးတိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများက ကြိုဆိုခဲ့ကြသည်။

အင်ဒိုနီးရှား သားစားနွားလုပ်ငန်းရှင်များအသင်း (Gapuspindo) ၏ အမှုဆောင်ဒါရိုက်တာ Djoni Liano က ဤဆုံးဖြတ်ချက်သည် နိုင်ငံအတွင်း အစားအသောက်လိုအပ်ချက်၊ဖြည့် တင်းမှုခန့်မှန်းချက်များနှင့် ညီညွတ်ကြောင်း ပြောကြားသည်။ ပြည်တွင်းနွားထုတ်လုပ်မှုသည် ပြည်တွင်း လိုအပ်ချက်၏ ၄၅ ရာခိုင်နှုန်းခန့်ကို ဖြည့်တင်းပေးနိုင်သည်။ ကျန်ပမာ ဏကို တင်သွင်းမှုဖြင့် ဖြည့်တင်းရမည် ဟု Mr. Liano က ရှင်းလင်းပြောကြားသည်။

အသားတိုးနွားတင်သွင်းခြင်းသည် အေးခဲအမဲသားတင်သွင်းခြင်းနှင့် ကွဲပြားသည်ဟု သူက ပြောသည်။ အသားတိုးနွားများသည် အင်ဒိုနီးရှားသို့ ရောက်ရှိပြီးနောက် ပိုမိုဝဖြိုးလာစေရန် သုံးလခန့်အထိ မွေးမြူချိန်လိုအပ်မည်ဖြစ်သည်။ ထိုကာလအတွင်း၌ ၎င်းတို့အတွက် အစာလိုအပ်ချက်ကိုဒေသခံစိုက်ပျိုးသူများထံမှ ရရှိမည်ဖြစ်ပြီး ယင်းက ကျေးလက်ဒေသပြည်သူမိသားစုများအတွက် စီးပွားရေးအကျိုးကျေးဇူးများ ကျယ်ပြန့်စွာ ရရှိစေမည်ဖြစ်သည်။

“အသားတိုးနွား တင်သွင်းတာဟာ အသားရဖို့သာမက ပြည်တွင်းမှာရှိတဲ့ ဆက်စပ်လုပ်ငန်းစဉ်တစ်ခုလုံးကို သက်ဝင်လှုပ်ရှားစေပါတယ်၊ ဒီလုပ်ငန်းစဉ်မှာ ပြည်တွင်းက ဒေသခံအစာများကို အသုံးပြုမှာဖြစ်ပြီး အလုပ်သမားများလည်းလိုအပ်ပါတယ်၊ နွားအကောင် ၁၀၀၀ အတွက် အလုပ် သမား ၃၃ ဦးခန့်အလုပ်အကိုင်ဖန်တီးပေးနိုင်တယ်” ဟု သူက Asian Agribiz သို့ ပြောသည်။

အသားတိုးနွားများကို ဝဖြိုးအောင် မွေးမြူခြင်းသည် အေးခဲအသားတင်သွင်းခြင်းထက် ပြည်တွင်းစီးပွားရေးအတွက် ပိုမိုတန်ဖိုးရှိစေကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။  ဤလုပ်ငန်းသည် တိရစ္ဆာန်စာစိုက်ပျိုး သူများ၊တိရစ္ဆာန်မွေးမြူရေးလုပ်သားများနှင့် သားသတ်ရုံလုပ်သားများအထိ အားလုံးကို ထောက်ပံ့ပေးသည်။

“အစိုးရက သုံးလတစ်ကြိမ် မူဝါဒပြန်လည်သုံးသပ်မှု ပြုလုပ်ပါတယ်၊ ထိုအချိန်တွင် စားသုံးမှုပုံစံနှင့် ဖြည့် တင်းပေးနိုင်မှုအခြေအနေအပေါ်အခြေခံ၍ ကိုတာပမာဏပြင်ဆင်မှုများကို စဉ်းစားဆုံးဖြတ်ပါတယ်၊ စားသုံးမှုလိုအပ်ချက် (ဝယ်လိုအား) ဟာ စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ တိုးလာပါက၊ တင်သွင်းမှုကိုတာပမာဏကို ထပ်မံတိုးမြှင့်နိုင်မည့်အခွင့်အလမ်းရှိကြောင်း” ဟု သူကပြောသည်။ အင်ဒိုနီးရှား၏ အသားတိုးနွားအရှင် အများစုကို ဩစတြေးလျမှ ရယူပြီး၊ ဝဖြိုးစေခြင်းလုပ်ငန်းစဉ်ကို ပြည်တွင်းတွင် ဆောင်ရွက်သည်။

ဤမဟာဗျူဟာအတွင်း ညီညွတ်မှုရှိရန်အရေးကြီးကြောင်းကို သူက အထူးပြောကြားပြီး၊ ဤသည်မှာ တင်သွင်းမှုသာမက အင်ဒိုနီးရှား၏ တည်တံ့ပြီး အားလုံးပါဝင်နိုင်သော တိရစ္ဆာန်မွေးမြူရေး စီးပွားရေးစနစ်ကို တိုးတက်အောင်မြင်စေခြင်းဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားသည်။

ဤအရေးယူမှုသည် အလွန်ထောက်ပံ့မှုဖြစ်စေသောအရာဖြစ်သည်ဟု မိမိ ယုံကြည်ကြောင်း၊ အစိုးရ၏ ရေရှည်ကတိကဝတ်ကို ပြသနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ဤမဟာဗျူဟာသည် အင်ဒိုနီးရှားအစားအသောက်ညှိနှိုင်းရေးဝန်ကြီး Zulkifli Hasan ၏ ပြောကြားချက်များနှင့် ကိုက်ညီကြောင်း၊ ၎င်းကအစိုးရသည် အသားတိုးနွား တင်သွင်းမှုများကို တိုးမြှင့်ရန် အာရုံစိုက်ပြီး အေးခဲသားတင်သွင်းမှုများကို လျှော့ချရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့ကြောင်း၊ဤနည်းလမ်းသည် ဒေသခံ နွားမွေးမြူရေးလုပ်ငန်း ကို တည်တံ့စေရန် အရေးကြီးသည့် နည်းလမ်းဖြစ်ကြောင်း၊ အသားတိုးနွားမွေးမြူရေးဟာ ပြည်တွင်းအသား တိုးမွေးမြူလုပ်ငန်းမျာအတွက် အဓိပ္ပါယ်ရှိကြောင်း၊ ဒီလမ်းကို ရွေး ချယ်လိုက်ပြီဆိုရင် အေးခဲအမဲသားတင်သွင်းမှုကို ထိန်းချုပ်ရမှာဖြစ်ကြောင်း၊ ဒီလိုမှ မလုပ်ရင် မွေးမြူရေးခြံတွေ ချွတ်ခြုံကျသွားမည်ဖြစ်ကြောင်းဟု ၎င်းက သတိပေးပြောကြားသည်။                   

 TTP

www.asian-agribiz.com(11 Aug)