ဂျပန်သို့ ငှက်ပျောသီးတင်ပို့မှု ထိုင်းနိုင်ငံတိုးမြှင့်

ဂျပန်-ထိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်အရ ဂျပန်ဈေးကွက်သို့ တင်ပို့ရန်ရည်ရွယ်ထားသည့် စိုက်ပျိုးရေးပို့ကုန် မဟာဗျူဟာ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးက ကြေညာခဲ့ပါသည်။ Soeng Sang ခရိုင် Nakhon Ratchasima မြို့မှ တောင်သူများအနေဖြင့် ဂျပန်နိုင်ငံ၏ ဈေးကွက်လိုအပ်ချက်များနှင့်အညီ စိုက်ပျိုးနည်းစနစ် အလေ့အကျင့်များကို လိုက်နာကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ဝင်ငွေ ၄ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ရရှိနိုင်သည်ကို တွေ့မြင်ခဲ့ရကြောင်း Nonthaburi ပြည်နယ်မှ အစီရင်ခံတင်ပြခဲ့သည်။
လက်ရှိတွင် ထိုင်းနိုင်ငံမှ ဂျပန်နိုင်ငံသို့ နှစ်စဉ် Cavendish ငှက်ပျောသီး တင်ပို့သည့် ပမာဏ မှာ ၂,၀၀၀ မက်ထရစ်တန် ခန့်ရှိပြီး ဂျပန်-ထိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ ခွင့်ပြုထားသည့် ပမာဏမှာ တန်ချိန် ၈,၀၀၀ ဖြစ်ပါသည်။ ဂျပန်နိုင်ငံ Japan's P&F Techno Co., Ltd. နှင့် ထိုင်းနိုင်ငံ Plaengyai Kluay Hom Thong Sukpaiboon Co., Ltd. အကြားရှိ နားလည်မှုစာချွန်လွှာအရ ပို့ကုန်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်း တန်းဖိုးရှိ မက်ထရစ်တန် ၅,၀၀၀ ထိ တိုးမြှင့်တင်ပို့ရန် မျှော်မှန်းထားသည်။
ကနဦးပိုင်းတွင် ပို့ကုန်စံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ထုတ် လုပ်မှုဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးသည့် တောင်သူဦးရေ ၁၀၀ အထက် ရှိသည်။ ပြည်တွင်းကုန်သွယ်မှုဌာနမှ ကျယ်ကျယ်ပြန့်ပြန့် ကူညီထောက်ပံ့ပေးမှုများတွင် ဂျပန်စားသုံးသူများ ၏ ကြိုက်နှစ်သက်မှုများကို ဖြည့်ဆည်း ပေးနိုင်မည့် ကျွမ်းကျွင်ပညာရှင်လမ်းညွှန်ချက်များ၊ အရည်အသွေးစစ်ဆေးမှုများ၊ ပို့ကုန် ထုတ်ပိုးမှုများနှင့် Cavendish ငှက်ပျောပင်ငယ် ၁၂၈,၀၀၀ အထက် ဖြန့်ဖြူးပေးခြင်းနှင့် စိုက်ဧရိယာ ၄၀၀ rai (1 rai = 1600 square meters) တို့ ပါဝင်သည်။
Cavendish ငှက်ပျောမျိုးများသည် ရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း၊ အထွက်နှုန်းမြင့်မားခြင်း၊ သယ်ယူပို့ဆောင်ရေးဒဏ်ခံနိုင်ခြင်းနှင့် သိုလှောင်သက်တမ်း ကြာရှည်ခံခြင်းစသည့် လက္ခဏာရပ်များကြောင့် ပြည်ပတင်ပို့ရန် သင့်တော်သည်ဟုယူဆပါသည်။ အဆိုပါအစီအစဉ်တွင် ပါဝင်သည့် တောင်သူများမှာ မြေဧရိယာ တစ် rai (1 rai = 1600 square meters) လျှင် အမေရိကန်ဒေါ်လာ ၅၀၉ အထိ ရရှိကြပြီး မြေဧရိယာ ကျယ်ပြန့်သော တောင်သူများအနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၃,၀၀၀ အထိ ရရှိနိုင်သည့်အလား အလာရှိသည်။ ပို့ကုန်ပမာဏမှာ လက်ရှိ ကန့်သတ်ပမာဏ အထိရောက်ရှိလာပါက ပမာဏတိုးမြှင့်နိုင်ရေးအတွက် ဂျပန်နိုင်ငံနှင့်ညှိနှိုင်းရန် အဆင်သင့်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ၎င်းသည် တည်ငြိမ်သောဝယ်လိုအားနှင့် ဝင်ငွေ များ မြှင့်တင်ပေးကာ ထိုင်းနိုင်ငံ စိုက်ပျိုးထုတ်လုပ်သူများအား ပိုမိုအကျိုးရှိစေမည်ဖြစ်ကြောင်း သိရှိရသည်။
နွေးနွေးအောင်
https://www.freshplaza.com/asia/article/9752345/thailand-boosts-banana-exports-to-japan/