ကမ္ဘောဒီးယားငှက်ပျော တရုတ်သို့ တင်ပို့မှု မြှင့်တင်ရန် CBA ကုမ္ပဏီ ကြိုးပမ်း

ကမ္ဘောဒီးယားငှက်ပျော တရုတ်သို့ တင်ပို့မှု မြှင့်တင်ရန် CBA ကုမ္ပဏီ ကြိုးပမ်း

တရုတ်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Cambodian Banana Agricultural General Co Ltd (CBA) သည် ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံသို့ Cavendish ငှက်ပျော သီးတန်ချိန် ၃၀,၀၀၀ ကို တိုးမြှင့်တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ ဤချဲ့ထွင်မှုသည် စိုက် ပျိုးဧရိယာနှင့် ထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ခြင်း ဖြစ်သည်။

စိုက်ပျိုးရေးဒုတိယအတွင်းဝန် Kong Chanvisal က ၎င်းတို့၏ ငှက်ပျောသီးတန်ဖိုးကွင်းဆက် စတင်ခြင်းတွင် CBA ၏ အစပျိုးမှုများကို အလေးပေးဖော်ပြခဲ့သည်။ ကုမ္ပဏီအနေဖြင့် စိုက်ခင်းဟက် တာ ၅၀၀ မှ ငှက်ပျောသီးများကို ခုတ်သိမ်းပြီး ဟက်တာ ၂၀၀ ထပ်မံ စိုက်ပျိုးလျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ်တွင် စတင်ထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ လက်ရှိတွင် ကုမ္ပဏီသည် ကမ္ဘောဒီးယားရှိ စူပါမားကတ်များသို့ ငှက်ပျောသီး လတ်လတ်ဆတ်ဆတ်များကို ရောင်းချပြီး တရုတ်နိုင်ငံသို့လည်း တင်ပို့လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၂၀,၀၀၀ တင်ပို့နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၃၀,၀၀၀ တင်ပို့ရန် မျှော်မှန်းထားကြောင်း သိရပါသည်။

CBA ၏ ကနဦးငှက်ပျောခြံရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၀ ခုနှစ်တွင် စတင်ခဲ့ပြီး ဒေသခံ ၉၀၀ ကျော် အတွက် အလုပ်အကိုင်များဖန်တီးပေးကာ စျေးကွက်ချိတ်ဆက်မှုများနှင့်အတူ အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို မြှင့်တင်ပေးခဲ့ပါသည်။

Chanvisal သည် ကမ္ဘောဒီးယားနိုင်ငံရှိ Cavendish ငှက်ပျောခြံ ၂၁၀၀၀ ဟက်တာကို စုစည်းခဲ့ကာ လက်ရှိတွင် ဟက်တာ ၁၅၀၀၀ ခုတ်သိမ်းပြီး ၄၀၀၀၀၀ တန်ခန့်ထွက်ရှိကာ တစ်ဟက်တာ လျှင် ပျမ်းမျှ ၂၅ တန်ထွက်ရှိပါသည်။

တရုတ်နိုင်ငံသို့တင်ပို့ရန်အတွက် ငှက်ပျောခြံ ၂၄ ခြံနှင့် ထုပ်ပိုးမှုလုပ်ငန်း ၃၆ ခုကို တရားဝင် မှတ်ပုံတင်ထားသည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသည် ငှက်ပျောသီး လတ်လတ်ဆတ် ဆတ် တန်ချိန် ၂၆၀၀၀၀ တင်ပို့ခဲ့ပြီး တန်ချိန် ၂၅၀၀၀၀ သို့မဟုတ် ၉၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တိုက်ရိုက် တင်ပို့ပါသည်။ကျန်ပမာဏကို ဗီယက်နမ်၊ တောင်ကိုရီးယားနှင့် မလေးရှားနိုင်ငံများသို့ တင်ပို့သည်။

ထုတ်လုပ်မှုနှင့် ပို့ကုန်အရည်အသွေးမြှင့်တင်ရန်အတွက် ကမ္ဘောဒီးယား ၏ စိုက်ပျိုးရေးကဏ္ဍတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို ထပ်မံအားပေးရန် နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်း ခဲ့သည်။ ပို့ကုန်အခွင့်အလမ်းများအပေါ် ရင်းနှီးမြှပ်နှံရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားလုပ်ငန်းရှင်များအား ပံ့ပိုး ကူညီရန် စိုက်ပျိုးရေးဝန်ကြီး ဌာနက ကတိပြုထားသည်။

ဤကဏ္ဍသည် ၂၀၂၄ ခုနှစ်တွင် စားနပ်ရိက္ခာဖူလုံမှုကို ထောက်ပံ့ထားပြီး နိုင်ငံပေါင်း ၉၅ နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၁၂ သန်း တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ တန်ချိန် ၈၀၀,၀၀၀ ကျော် ရှိကြောင်း သိရှိရသည်။

ဟေမာန်အောင်မင်း

https://www.freshplaza.com/asia/article/9739374/cba-to-boost-cambodian-banana-exports-to-china/