ဟင်းသီးဟင်းရွက်ဈေးနှုန်းများ တည်ငြိမ်စေရန် တောင်ကိုရီးယား ဆောင်ရွက်

တောင်ကိုရီးယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနသည် နွေရာသီ၏ အပြောင်းအလဲမြန်သော ရာသီဥတုကို ရင်ဆိုင်ရချိန်တွင် ဟင်းသီးဟင်းရွက် ဈေးနှုန်းများ တည်ငြိမ်စေရန် မဟာဗျူဟာမြောက် ဆောင်ရွက်ချက်များကို ဇွန် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပဏာမအဆင့်အနေဖြင့် ဂေါ်ဖီထုပ်၊ မုန်လာဥနှင့် ကြက်သွန်နီများတိုးချဲ့သိုလှောင်ရာတွင် မိုး သည်းထန်စွာရွာသွန်းခြင်းနှင့် အပူလှိုင်းကဲ့သို့သော ဆိုးရွာသောရာသီဥတု မတည်မငြိမ်ဖြစ်မှုကို သက်သာစေရန် ရည်ရွယ်သည့် ရောင်းလိုအားနှင့် ဝယ်လိုအား ခန့်မှန်းမှု အစီအမံများပါဝင်သည်။
နွေဦးရာသီတွင် ဂေါ်ဖီထုပ်နှင့် မုန်လာဥများအပြင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူ အထွက်နှုန်းတိုးတက်ခြင်းသည် တည်ငြိမ်သော ဟင်းသီးဟင်းရွက် ရောင်းလိုအားကို ညွှန်ပြနေကြောင်း ဝန်ကြီးဌာနမှ မှတ်ချက်ပြုထားပါသည်။
သို့သော် ဇူလိုင်မှ အောက်တိုဘာအထိ တင်ပို့သည့် နွေရာသီဂေါ်ဖီထုပ်နှင့် ပတ်သက်၍ မတည်ငြိမ် မှုများရှိနေသည်။
အပူလှိုင်းများကဲ့သို့ ရာသီဥတုဆိုးရွားမှုများသည် သီးနှံအခြေအနေကို ကြိုတင်မခန့်မှန်းနိုင်သော အခြေ အနေများအရ ဩဂုတ်နှင့် စက်တင် ဘာတွင် ဈေးကွက်ရောင်းလိုအား ကျဆင်း နိုင်ခြင်းအပေါ် စိုးရိမ်မှုများမြင့်မားလျက်ရှိပါသည်။
နွေရာသီဂေါ်ဖီစိုက်ပျိုးရန်သတ်မှတ်ထားသော ဧရိယာများ သည် ယခင်နှစ်များနှင့် နှိုင်းယှဉ် ပါက၉ ရာခိုင်နှုန်း လျော့နည်းသွားခြင်းအပေါ် စိုးရိမ်နေကြပါသည်။လျော့ပါးသက်သာစေရေးတွင် ဝန်ကြီး ဌာနသည် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြည့်စွက်တင်ပို့နိုင်သည့် တောင်သူများနှင့် ကြိုတင်စာချုပ်ချုပ်ဆိုဝယ်ယူမှုမှတစ်ဆင့် ဆောင်းဂေါ်ဖီတန်ချိန် ၄၀၀၀ ခန့်ကို အာမခံရရှိခဲ့သည်။
တစ်ဆက်တည်းမှာပင်၊ အစိုးရသည် တိုးချဲ့ထုတ်လုပ်မှုကို တုံ့ပြန်သည့်အနေဖြင့် နွေဦးဂေါ်ဖီထုပ်ကို ယခင် မကြုံစဖူး သိုလှောင်ရန် ရည်ရွယ်ထားသည်။ ကြက်သွန်နီ အထွက်နှုန်း များလာခြင်းကြောင့် ဈေးကွက် ပေါက်ဈေး ကျဆင်းကာ ၀ယ်လိုအား တည်ငြိမ်စေရန် အစိုးရက တန်ချိန် ၃၀၀၀၀ ကို ဈေးကွက်မှ ခွဲထုတ်ခြင်း၊ တန်ချိန် ၅၀၀၀ တင်ပို့မှုကို နှောင့်နှေးစေခြင်းတို့ဖြင့် ပို့ကုန် ပံ့ပိုးမှု အားကောင်းစေခဲ့သည်။
သစ်သီးကဏ္ဍတွင် ၂၀၂၄ခုနှစ်၏ ရိတ်သိမ်းမှုမှမတူ ကွဲပြားသော တင်ပို့မှုများကြောင့် သစ်သီးဝလံများမှာ အဆက်မပြတ်ရှိနေပါသည်။ North Gyeongsang ၏ ပန်းသီးစိုက်ပျိုးသော ဒေသများတွင် တောမီးထိခိုက်မည်ကို စိုးရိမ်သော်လည်း တစ်နိုင်ငံလုံး စိုက်ပျိုးမှု၏ ၁ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်သော ၄၇၃ ဟက်တာသာ ထိခိုက်ခဲ့သည်။ ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ရာသီဥတုဆိုးကျိုး အနည်းငယ်သာရှိကြောင်း၊ပျမ်းမျှနှစ်နှင့် နှိုင်းယှဉ်ကာ ထုတ်လုပ် မှုကို ခန့်မှန်းနိုင်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ မိုးသီးဖျက်ဆီးမှုကြောင့် ထိပ်တန်းထုတ်ကုန်များ၏ ပမာဏကို အနည်းငယ်လျော့ပါးစေနိုင်ကြောင်း သိရှိရသည်။
လင်းလဲ့ရည်အောင်
https://www.freshplaza.com/asia/article/9739370/south-korea-acts-to-stabilize-vegetable-prices/