ကိုရီးယား chamoe သခွားမွှေးများ လေထုထိန်းချုပ်နည်းပညာဖြင့် ရေကြောင်းမှ ဗီယက်နမ်သို့ ရောက်ရှိ

ကိုရီးယား chamoe သခွားမွှေးများ လေထုထိန်းချုပ်နည်းပညာဖြင့် ရေကြောင်းမှ ဗီယက်နမ်သို့ ရောက်ရှိ

Chamoe ဟု လူသိများသော ကိုရီးယား သခွားမွှေးသီးများသည် ယခုအခါ ပင်လယ်ရေကြောင်းမှတစ်ဆင့် အရှေ့တောင်အာရှဈေးကွက်များသို့ လေကြောင်းပို့ဆောင်ရေး ကုန်ကျစရိတ်များကို ကျော်လွှားကာ ရောက်ရှိလာပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုအဖွဲ့ (RDA)သည် ဗီယက်နမ်နိုင်ငံသို့ သင်္ဘောဖြင့် စတင် တင်ပို့ရာတွင် လေထုထိန်းချုပ်သိုလှောင်မှုနည်းပညာ (CA)ကို စတင် အသုံးပြုခဲ့ပြီး စင်ကာပူနိုင်ငံကဲ့သို့သော အခြားနိုင်ငံများကိုလည်း တိုးချဲ့တင်ပို့သွားရန် စီစဉ်လျက်ရှိသည်။

CA နည်းပညာသည်  အသီးအနှံများ၏ အသက်ရှူနှုန်းကို နှေးစေပြီး ရင့်မှည့်မှုကို ကြန့်ကြာစေရန်အတွက် အောက်ဆီဂျင်နှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို ထိန်းညှိပေးကာ သခွားမွှေးသီးများကို သင်္ဘောဖြင့် တင်ပို့နေသည့်ကာလ (၁၀-၁၅)ရက်အထိ လတ်ဆတ်မှုကို ထိန်းထားနိုင်မည်ဖြစ်သည်။

ဤနည်းပညာသည် ကိုရီးယားသခွားမွှေးသီးများကို  အနီးအနားဒေသများဖြစ်သော ဂျပန်နှင့် ဟောင်ကောင်ကဲ့သို့သော ဒေသများသို့ လေကြောင်း ကုန်စည် ပို့ဆောင်မှုမှတစ်ဆင့် အကန့်အသတ်ဖြစ်နေသော ယခင်တင်ပို့မှုများကို ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။

RDA သည် သယ်ယူပို့ဆောင်သည့်ကာလတလျှောက် လတ်ဆတ်မှုကို ထိန်းသိမ်းရန် ကြိုတင်အအေးခံခြင်း၊ ထုတ်ပိုးခြင်းနှင့် အအေးခန်းများပါဝင်သည့် CA အခြေခံ ပို့ဆောင်မှုပုံစံကို ဖန်တီးထားပါသည်။ ဤနည်းပညာသည် ပျက်စီးမှုနှုန်းကို ၁ ရာခိုင်နှုန်းအောက်တွင် ထိန်းထားနိုင်ပြီး လေကြောင်း ပို့ဆောင်မှုထက် သယ်ယူပို့ဆောင်စရိတ် ၆၀ ရာခိုင် နှုန်း အထိ လျှော့ချပေးနိုင်ပါသည်။

မေ ၈ ရက်နေ့တွင်၊ Gyeongbuk ပြည်နယ်၊ Seongju ရှိ Wolhang စိုက်ပျိုးရေး သမဝါယမနှင့် ပူးပေါင်း ၍ RDA မှ CA နည်းဖြင့် သိုလှောင်ထားသော ဖရဲသီး ၄ တန်ကို ဗီယက်နမ်နိုင်ငံသို့ ပင်လယ်ရေကြောင်းဖြင့် အောင်မြင်စွာ ပေးပို့ခဲ့သည်။ ဤပို့ဆောင်မှုသည် ခရီးဝေး ဈေးကွက်များသို့ တင်ပို့ခြင်းအတွက် ကဏ္ဍသစ်တစ်ခုဖြစ်ပြီး ကိုရီးယားသစ်သီးတင်ပို့မှုအတွက် ကမ္ဘာလုံးဆိုင်ရာ နည်းပညာအပြောင်းအလဲကို ကိုယ်စားပြုပါသည်။

RDA သည် CA နည်းပညာအသုံးပြုပြီး ဖရဲသီးတန်ချိန် ၄၀ ခန့်အား အရှေ့တောင်အာရှသို့ ပင်လယ်ရေကြောင်းတင်ပို့မှု ၁၀ ခုဖြင့် ဇူလိုင်တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး ကိုရီးယားနိုင်ငံ၏ စုစုပေါင်းဖရဲသီးတင်ပို့မှု၏ ၁၃ ရာခိုင်နှုန်းဖြစ်သည်။

National Institute of Horti-cultural and Herbal Science မှ ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲမှုဌာန ဒါရိုက်တာ Lim Jong-kook က "ပင်လယ်ရေကြောင်းပို့ဆောင်မှုမှတစ်ဆင့်သယ်ယူပို့ဆောင်ရေး စရိတ်စကများကို ဖြေလျှော့ပေးပြီး အဆင့်မြင့်သိုလှောင်မှုနည်းပညာဖြင့် အရည်အသွေးထိန်းသိမ်းခြင်းဖြင့် ကိုရီးယားသစ်သီးများ၏ ယှဉ်ပြိုင် နိုင်စွမ်းကို မြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ စျေးကွက်အမျိုးမျိုးကို ပံ့ပိုးပေးပြီး လယ်ယာကဏ္ဍဝင်ငွေကို မြှင့်တင်ပေးနိုင်သည့် ရေရှည်တည်တံ့သော ပို့ကုန်တစ်ခုအဖြစ် တင်ပို့နိုင်ရန် စီစဉ်ထားရှိကြောင်း” သိရှိရသည်။ 

လင်းလဲ့ရည်အောင်

https://www.freshplaza.com/asia/article/9733612/korean-chamoe-melons-reach-vietnam-by-sea-with-ca-tech/