ဘင်္ဂလားဒေ့ရှ်တွင် အာလူးတင်ပို့မှု ပြန်လည်မြင့်တက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်၌ ပို့ကုန်တင်ပို့မှုတွင် ပုံမှန်မဟုတ်သော ကျဆင်းမှုများ ဖြစ်ခဲ့ပြီးနောက်တွင် အာလူးတင်ပို့မှုများ ပြန်လည်မြင့်တက်လာကြောင်း သိရှိရသည်။ ပြည်တွင်းဈေးနှုန်းများ ကျဆင်းမှုသည် ပြည်ပတင်ပို့မှုပမာဏကို မြင့်တက်စေခဲ့ကြောင်း ပြီးခဲ့သည့်နှစ်များ၏ တင်ပို့မှုများအရ သိရှိရသည်။ ၂၀၁၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်မှစ၍ ပြီးခဲ့သည့် ၉ နှစ်အတွင်း နှစ်စဉ် ပျမ်းမျှ တင်ပို့မှုမှာ တန်ချိန် ၅၀,၀၀၀ ဝန်းကျင်ရှိကြောင်း စိုက်ပျိုးရေးဆိုင်ရာ တိုးချဲ့ပညာပေးရေးဦးစီးဌာန (DAE)မှ သိရှိရပါသည်။ သို့သော် ပြီးခဲ့သည့်ဘဏ္ဍာ ရေးနှစ်တွင်မူတင်ပို့တန်ချိန်မှာ ၁၂,၁၁၂ အထိ ကျဆင်းသွားခဲ့ကြောင်း တွေ့ရှိရသည်။
လက်ရှိဘဏ္ဍာရေးနှစ်၏ ပထမ ၇ လအတွင်း ပို့ကုန်တင်ပို့မှုပမာဏမှာ တန်ချိန် ၁၁,၀၅၅ အထိ ရောက်ရှိခဲ့သည်။ အဓိကတင်ပို့သည့်နိုင်ငံများမှာ မလေးရှား၊ စင်ကာပူ၊ ဆော်ဒီအာရေးဘီးယား၊ နီပေါ၊ ယူအေအီး၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ သီရိလင်္ကာ၊ အိုမန်၊ ကနေဒါနှင့် မော်ဒိုက်နိုင်ငံတို့ ဖြစ်သည်။
Rangpur ၊ Dinajpur ၊ Thakurgaon ၊ Bogura နှင့် Joypurhat ကဲ့သို့သော အာလူး အဓိက စိုက်ပျိုးသည့်ဒေသများရှိ တောင်သူများသည် ပို့ကုန်တင်ပို့မှုပမာဏ မြင့်မားလာသည့်အတွက် သက်သာရာ ရနေခြင်းဖြစ်သည်။ ဟင်းသီးဟင်းရွက်များကို တစ်ကီလို ဂရမ်လျှင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၀ ဖြင့် ရောင်းချနေချိန်တွင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၄ ဝန်းကျင်ရှိနေပါသည်။ ယခုနှစ် ဘဏ္ဍာရေးနှစ် အတွင်း စိုက်ပျိုးထုတ်လုပ်မှုဧရိယာအား ၅ ဒသမ ၂၄ သိန်းအထိ တိုးချဲ့စိုက်ပျိုးခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ် ၁၅ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ၌ တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၅ အထိ ဈေးမြင့်တက်ခဲ့သည်။
ယခုဘဏ္ဍာရေးနှစ်အတွက် စိုက်ပျိုးထုတ်လုပ်မှုပမာဏမှာ တန်ချိန် ၁ ဒသမ ၂၀ ကုဋေ ရှိမည်ဟု ဘင်္ဂလားဒေ့ရှ်အအေးခန်းသိုလှောင်ရုံအဖွဲ့အစည်းမှ ခန့်မှန်းထားပြီး Bangladesh Bureau of Statistics မှ တန်ချိန် ၁ ဒသမ ၀၆ ကုဋေ ရှိမည်ဟု ခန့်မှန်းထားပါသည်။ ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးထုတ် လုပ်မှု ပမာဏမှာ တန်ချိန် ၁ ဒသမ ၀၉ ကုဋေရှိပြီး နှစ်စဉ် ဝယ်လိုအားမှာ တန်ချိန် ၉ သန်းအထက် ကျော်လွန်လျက်ရှိသည်။
တန်ချိန် ၆၅၀ အထက် တင်ပို့ခဲ့သော Joypurhat မှ Abdul Baset ကဲ့သို့သော တောင်သူများသည် ပို့ကုန်တင်ပို့မှု ကုန်ကျစရိတ်များအား ကာမိစေရန် နည်းလမ်းများ ရှာဖွေလျက် ရှိကြသည်။ Exporter Rashed Shamim Chowdhury သည် ပြီးခဲ့သည့်နှစ် တင်ပို့မှု ပမာဏ တန်ချိန် ၆၀၀ ထက် ယခုဘဏ္ဍာ ရေးနှစ်တွင် တန်ချိန် ၃,၀၀၀ ခန့် တိုးမြှင့်တင်ပို့ရန် မျှော်မှန်းထားပါသည်။ အလားတူ တင်ပို့သူ Nazim Uddin သည်လည်း ပြီးခဲ့သည့်နှစ် တင်ပို့မှုပမာဏ ကွန်တိန်နာ ၇ လုံး နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ကွန်တိန်နာ အလုံး ၅၀ (ကွန်တိန်နာ တစ်လုံးလျှင် ၂၅,၀၀၀ ကီလို ဂရမ်) တင်ပို့ရန် စီစဉ်ထားကြောင်းဆိုသည်။
အစိုးရအနေဖြင့် တောင်သူများအား သိုလှောင်မှုနှင့် တင်ပို့မှုဆိုင်ရာ အကူအညီများပေးရန် နည်းလမ်း များ ရှာဖွေလျက်ရှိကြောင်း စိုက်ပျိုး ရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးဖြစ်သူ ohammad Emdad Ullah Mian က ပြောကြားခဲ့ပါသည်။အစိုးရအနေဖြင့် တောင်သူ များနှင့် ပို့ကုန် လုပ်ငန်းရှင် များအား ချိတ်ဆက်ပေးရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အဆိုပါ ချိတ်ဆက်မှုမှ နှစ်ဦးနှစ်ဖက်စလုံး အကျိုးအမြတ် ရရှိခဲ့ကြောင်း Hortex Foundation မှ Syed Md Rafiqul Amin က မှတ်ချက်ပြုခဲ့ ကြောင်း သိရှိရသည်။
နွေးနွေးအောင်
https://www.freshplaza.com/north-america/article/9705060/bangladesh-s-potato-exports-rebound-as-lower-prices-boost-global-shipments/