ဂျပန်နိုင်ငံ ငှက်ပျောဈေးကွက်၏ ကြီးမားသောဝေစုကို ပြန်လည်ရယူရန် ဖိလစ်ပိုင် ကြိုးစား

ဂျပန်နိုင်ငံအနေဖြင့် ဖိလစ်ပိုင် ငှက်ပျောတင်သွင်းမှု တိုးမြှင့်ရေးကို အာရုံစိုက်လာပြီး နှစ်နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေး တိုးမြှင့်ရန် စိတ်ဝင် စားကြောင်း ဖော်ပြခဲ့သည်။ ဂျပန်ငှက်ပျော ဈေးကွက်ဝေစု ပိုမိုကြီးမားစွာပြန်လည်ရရှိရန် ဂျပန်-ဖိလစ်ပိုင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (JPEPA) ကို ပြန်လည်သုံးသပ်ရန် ဖိလစ်ပိုင်က အဆိုပြုခဲ့သည်။ တိုကျိုရှိ ဖိလစ်ပိုင်သံရုံး၏ စီးပွားရေးအတိုင်ပင်ခံ Dita Angara-Mathay ၏အဆိုအရ ဖိလစ်ပိုင်သည် ၂၀၁၂ ခုနှစ်က ဂျပန် ငှက်ပျောဈေးကွက်၏ ၉၀ ရာနှုန်း ခန့်ကို ရရှိထားပြီး အဆိုပါဝေစုသည် ၂၀၂၃ ခုနှစ်တွင် ၇၉ ရာနှုန်း နှင့် ၂၀၂၄ ခုနှစ်တွင် ၇၅ ရာနှုန်းသို့ ကျဆင်းသွားခဲ့သည်။
ဂျပန်နိုင်ငံ၏ တင်းကြပ်သော အရည်အသွေးစံချိန်စံညွှန်းများသည် ဖိလစ်ပိုင် ပို့ကုန်ကို ထိခိုက်စေသည့် ပိုးမွှားပြဿနာများကြောင့် ငှက်ပျော ထွက်ရှိရာ အရင်းအမြစ် ကွဲပြားမှုကို ဖြစ်ပေါ် စေသည်။ ၂၀၂၈ ခုနှစ်တွင် ဗီယက်နမ်နှင့် အခြားနိုင်ငံများကို ခွင့်ပြုပေးရန် ဂျပန်နိုင်ငံက စီစဉ်ထားသည့် အခွန်စည်းကြပ်မှုအတိုင်း ငှက်ပျောသီးတင်ပို့မှုအပေါ် အခွန်ကင်းလွတ်ခွင့်ရရန် ကြိုးပမ်းနေ သည်။ Angara-Mathay က ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ မိသားစုများအတွက် ငှက်ပျောသီးကုန်သွယ်မှု၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး “စိုက်ပျိုးရေး ကဏ္ဍတွင် လုပ်ကိုင်နေကြသည့် ဖိလစ်ပိုင်မိသားစုများစွာသည် ငှက်ပျောရောင်းဝယ်ရေးအပေါ် မူတည်နေ ပါကြောင်း” ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သည် အဆိုပါကုန်သွယ်ရေးပြဿနာများ ဖြေရှင်းရန်အတွက် နှစ်နိုင်ငံဆွေးနွေးမှုများကို နှစ်သက်သော်လည်း ဂျပန်တာဝန်ရှိသူများက ၎င်းတို့အား နိုင်ငံပေါင်း ၁၅ နိုင်ငံပါဝင်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ၏ထိန်းချုပ်မှုအောက်တွင် ကိုင်တွယ် ဖြေရှင်းရန် အကြံပြုထားသည်။Angara-Mathay သည် အဖွဲ့ဝင်နိုင်ငံတစ်ခုအား လိုက်လျောမှုများ သည် အခြားသူများနှင့် အလားတူလိုက်လျောမှုများ လိုအပ်လာနိုင်သည့် RCEP ၏ ရှုပ်ထွေးမှုများ ကို မှတ်ချက်ပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ကွဲပြားခြားနား သော လိုအပ်ချက်များကို မီးမောင်းထိုး ပြခဲ့ကြောင်း ၂၉ ရက်နေ့ထုတ် Fresh Plaza သတင်းဆောင်းပါးအရသိရှိရသည်။
အေးအေးခိုင်
https://www.freshplaza.com/asia/article/9700109/philippines-seeks-to-regain-larger-share-of-japan-s-banana-market-with-tariff-proposals/