ဥရောပအာရှစီးပွားရေးသမဂ္ဂနှင့် အင်ဒိုနီးရှားတို့အကြား FTA သဘောတူညီချက်စာချုပ် ၂၀၂၅ ခုနှစ်တွင် လက်မှတ်ရေးထိုးမည်

ဥရောပအာရှစီးပွားရေးသမဂ္ဂနှင့် အင်ဒိုနီးရှားတို့အကြား FTA သဘောတူညီချက်စာချုပ် ၂၀၂၅ ခုနှစ်တွင် လက်မှတ်ရေးထိုးမည်

ဥရောပအာရှစီးပွားရေးသမဂ္ဂ (EAEU)နှင့်  အင်ဒိုနီးရှားနိုင်ငံ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံတို့ကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များ(Free Trade Agree-ments- FTA)ကို ၂၀၂၅ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော် လင့်ထားကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Maxim Reshetnikov က ရုရှားကုန်သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံစုံကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးသည် ဝန်ကြီးဌာန၏ အဓိကကျသောလုပ်ငန်းနယ်ပယ် ဖြစ်ကြောင်း၊ FTA သည် နိုင်ငံ၏ ပို့ကုန်တင်ပို့မှု လမ်းကြောင်းသစ်ကို ရရှိမည်ဖြစ်ပြီး လိုအပ်သော သွင်းကုန်များကိုလည်း ရရှိမည်ဖြစ်ကြောင်း၊ ယင်းအပြင် နိုင်ငံခြားကုန်သွယ်မှုတွင် အချို့နိုင်ငံများအပေါ်မှီခိုနေရခြင်း၏ အန္တရာယ် အလားအလာများကို လျော့ပါးစေရန်ဖြစ်ကြောင်း၊ UAE၊ အင်ဒိုနီး ရှားတို့နှင့် FTA စေ့စပ်ညှိနှိုင်းမှုများသည် ပြီးဆုံးပြီဖြစ်၍လာမည့်နှစ်တွင် လက်မှတ်ရေးထိုးနိုင်မည်ဖြစ် ကြောင်း၊ လက်မှတ်ရေးထိုးပြီးပါက ပို့ကုန်ပမာဏများ တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း၊ လက်ရှိတွင် EAEU သည် လွတ်လပ်သောဓန သဟာယနိုင်ငံများ(CIS)၊ ဗီယက်နမ်၊ ဆားဘီးယားနိုင်ငံတို့နှင့် FTA ကုန်သွယ်မှုစနစ်များရှိနေကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်တွင် EAEU နှင့် ဗီယက်နမ်တို့အကြား FTA စာချုပ် စတင်အသက်ဝင်ခဲ့ပြီးနောက် ရုရှား- ဗီယက်နမ် ကုန်သွယ်မှုပမာဏသည် လျင်မြန်စွာ တိုးတက်လာကာ ၂၀၂၁ ခုနှစ်တွင် အမေရိ ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံအထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ယင်းပမာဏသည် ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၉၀ ရာခိုင်နှုန်းနီးပါး ပိုများခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနှင့် FTA စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် ဆုံးဖြတ်ချက်ကို ၂၀၂၂ ခုနှစ်၊ မေ တွင် Supreme Eurasian Economic Council မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပထမ၊ ဒုတိယ နှင့် တတိယအကြိမ် ညှိနှိုင်းဆွေး နွေးပွဲများကို ၂၀၂၃ ခုနှစ်၊ ဧပြီ၊ ဇူလိုင်နှင့် ဒီဇင်ဘာတို့တွင် အသီးသီးကျင်းပခဲ့သည်။ စတုတ္ထအကြိမ် ညှိ နှိုင်းဆွေးနွေးပွဲကို ၂၀၂၄ မတ်လတွင် ကျင်းပခဲ့ပြီး ပဉ္စမအကြိမ်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်တွင် အင်ဒိုနီးရှားနိုင်ငံ၊ Batu မြို့၌ ကျင်းပခဲ့သည်။

UAE နှင့် FTA စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် ဆုံးဖြတ်ချက်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာတွင် Supreme Eurasian Economic Council မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် အတွင်းတွင် ၄ ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 ၂၀၂၃ ခုနှစ်တွင် ရုရှား-အင်ဒိုနီးရှား နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံအထိ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်လည်း အဆိုပါပမာဏကို ဆက် လက်ထိန်းသိမ်းနိုင်ရန် ခန့်မှန်းထားသည်။

ရုရှားသည် အင်ဒိုနီးရှားနိုင်ငံသို့ ရေနံနှင့် ရေနံထွက်ကုန်များ၊ သံနှင့် သံမဏိ၊ ဓာတ်မြေဩဇာ၊ ဂျုံအပါ အဝင် စိုက်ပျိုးရေးထွက်ကုန်များ အဓိကတင်ပို့လျက်ရှိပြီး အင်ဒိုနီးရှားမှ စားအုန်းဆီ၊ ရော်ဘာ၊ ကော်ဖီနှင့် စိုက်ပျိုးရေးထွက်ကုန်များ အဓိက တင်သွင်းကြောင်း သိရသည်။

လက်ရှိတွင် EAEU သည် FTA ညှိနှိုင်းဆွေးနွေးမှုများကို အင်ဒိုနီးရှားနှင့် UAE တို့အပြင် အီဂျစ်၊ မွန်ဂိုလီးယား၊ အိန္ဒိယနိုင်ငံတို့နှင့်လည်း ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ခွန်မျိုးသူ

https://ria.ru/20241217/torgovlya-1989638361.html