တရုတ်နိုင်ငံသို့ ကော်ဖီ ပိုမိုတင်ပို့သွားရန် အီသီယိုးပီးယား မျှော်မှန်းထား

တရုတ်နိုင်ငံသို့ ကော်ဖီ ပိုမိုတင်ပို့သွားရန် အီသီယိုးပီးယား မျှော်မှန်းထား

တရုတ်နိုင်ငံသည် အီသီယိုးပီးယားကော်ဖီတင်ပို့မှု၏ ထိပ်တန်းနေရာများအနက်မှ တစ်ခုဖြစ်လာသောကြောင့်အီသီယိုးပီးယားအစိုးရသည် လျင်မြန်စွာကြီးထွားလာသော တရုတ်ကော်ဖီဈေးကွက်ကို ထပ်မံထိုးဖောက်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း သိရှိရသည်။

Ethiopian Coffee and Tea Authority (ECTA)မှ တာဝန်ရှိသူများသည် အရှေ့အာဖရိကရှိ အီသီယိုပီးယားနိုင်ငံ၏ ကော်ဖီကို စိတ်ဝင်စားသော တရုတ်စီးပွားရေးကိုယ် စားလှယ်များနှင့် ဆွေးနွေးခဲ့ကြောင်း ECTA က ထုတ်ပြန်သည့်ကြေညာ ချက်တွင် ဖော်ပြထားကြောင်း သိရှိရသည်။

ဆွေးနွေးမှုအတွင်း တရုတ်နိုင်ငံသည် အီသီယိုးပီးယားကော်ဖီကို တင်သွင်းသည့်ထိပ်တန်း ၁၀ နိုင်ငံအနက်မှ တစ်နိုင်ငံဖြစ်လာသောကြောင့် တရုတ်စျေးကွက်သည် အီသီယိုးပီးယားကော်ဖီ တင်ပို့ရောင်းချသူများအတွက်ပို၍အရေးပါလာကြောင်းကို ECTA မှ တာဝန်ရှိသူများနှင့် အီသီယိုးပီးယား ကော်ဖီတင်ပို့ရောင်းချသူများက အလေးပေးပြောကြားခဲ့သည်ဟု သိရှိရသည်။

မကြာသေးမီနှစ်များအတွင်း အီသီယိုးပီးယားမှ တရုတ်နိုင်ငံသို့ ကော်ဖီတင်ပို့မှု အရှိန်အဟုန်ဖြင့် မြင့်တက်လာကြောင်းနှင့် တရုတ်လူမျိုးများအကြားတွင်ကော်ဖီသောက်သုံးသူ များပြားလာပြီး အီသီယိုးပီးယားကော်ဖီ၏ လူကြိုက်များမှု မြင့်တက်လာခြင်းသည် အီသီယိုးပီးယား၏ ကော်ဖီတင်ပို့မှုဈေးကွက်ကို တွန်းအားပေးလျက်ရှိကြောင်း အီသီယိုပီးယားမှ တာဝန်ရှိသူများနှင့် ကော်ဖီတင်ပို့ရောင်းချသူများက ပြောကြားခဲ့သည်ဟု သိရှိရသည်။

အီသီယိုးပီးယားမှ ကော်ဖီကို တိုက်ရိုက်တင်သွင်းသည့် တရုတ်ကော်ဖီဝယ်သူများ သိသိသာသာတိုးလာခြင်းကြောင့် လွန်ခဲ့သည့် သုံးနှစ်အတွင်း တရုတ်နိုင်ငံသို့ အီသီယိုးပီးယား ကော်ဖီတင်ပို့မှုပမာဏသည် နှစ်စဉ် ပျမ်းမျှ ၂၇ ရာခိုင်နှုန်း တိုးလာကြောင်း အာဏာပိုင်များ၏ အချက်အလက်များအရ သိရှိရသည်။

ကော်ဖီထုတ်လုပ်မှုတွင် ကျော်ကြား သော အီသီယိုးပီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့တွင် ပြီးဆုံးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ကော်ဖီတင်ပို့မှုမှ အမေရိကန် ဒေါ် လာ ၁ ဒသမ ၄၃ ဘီလီယံ ရရှိခဲ့ကြောင်းနှင့် လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အဆိုပါပမာဏကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ တိုးမြှင့်သွားရန်ရည်မှန်းထားကြောင်း သိရှိရ သည်။

အာရေဗီကာကော်ဖီ၏ မူလအစအဖြစ် သတ်မှတ်ခံထားရသော အီသီယိုးပီးယားနိုင်ငံသည် အာဖရိက ၏ အကြီးဆုံးကော်ဖီထုတ်လုပ်သူနှင့် တင်ပို့ရောင်းချသူဖြစ်ပြီး ကော်ဖီထုတ်လုပ်မှုကို စိုက်ပျိုးရေးဦးဆောင်သော နိုင်ငံ့စီးပွားရေး၏ အဓိကကျောရိုးအဖြစ်သတ်မှတ်ထား ကြောင်း၊ ၎င်း၏ ကောင်းမွန်သည့် ကော်ဖီအရည်အသွေးနှင့် အရသာများကြောင့် ၎င်း၏ ကော်ဖီသည် ကမ္ဘာတစ်ဝန်းတွင် ဝယ်လိုအား မြင့်မားလျက်ရှိကြောင်း သိရှိရပါသည်။

ကေခိုင်ကျော်

en.people.cn/n3/2024/1210/c90000-20252089.html