ထုတ်လုပ်မှုကျဆင်းမှုကြောင့် အိန္ဒိယ လက်ဖက်ဈေး ၁၈ ရာခိုင်နှုန်း မြင့်တက်

ထုတ်လုပ်မှုကျဆင်းမှုကြောင့် အိန္ဒိယ လက်ဖက်ဈေး ၁၈ ရာခိုင်နှုန်း မြင့်တက်

အိန္ဒိယ လက်ဖက်သည် ဇန်နဝါရီမှ အောက်တိုဘာလအတွင်း ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ထုတ်လုပ် မှုပမာဏမှာ ၁၁၁၂ ဒသမ ၁၁ သန်း ကီလိုဂရမ်သာရှိသဖြင့်  ၆၆ ဒသမ ၃၉ သန်း ကီလို ဂရမ်လျော့နည်းသွားသကဲ့သို့ ဈေးနှုန်းမှာလည်း ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရသည်။

အာသံလက်ဖက်စိုက်ပျိုးသူများနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီး Piyush Goyal တို့အကြား မကြာသေးမီက ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ယင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးက လက်ဖက်အရည်အသွေးကောင်းများ ထုတ်လုပ်ရန်နှင့် ဓါတုဆေးဝါးကျွမ်း ကျင်မှုကန့်သတ်ချက် (MRLs) များအပေါ် လိုက်နာဆောင် ရွက်ရေးတို့ကိုအလေးပေးပြောကြားခဲ့ပြီး စားနပ်ရိက္ခာလုံခြုံမှုနှင့် စံချိန်စံညွှန်းများကြီးကြပ်ရေးအဖွဲ့ (FSSAI)နှင့် ပြည်နယ်အစိုးရများ ယင်း အပေါ် လိုက်နာဆောင်ရွက်မှုရှိ/မရှိကို တင်းကြပ်စွာ စောင့်ကြည့်ရန် အကြံပြုခဲ့သည်။ 

သို့သော် အရည်အသွေးမြင့်ထုတ်ကုန်များရှိသောဥယျာဉ်များသည် Tea Board ၏ လမ်းညွှန် ချက်များနှင့်အညီ ကင်းလွတ်ခွင့်များလျှောက်ထားနိုင်ကြောင်းနှင့် ကုန် စည်စီးဆင်းမှု လွန်ကဲမှုကို လျှော့ချရန်နှင့် လက်ဖက်ကဏ္ဍ ရေရှည်တည်တံ့စေရန်အတွက် ဈေးနှုန်းများကို ထိန်းထားရန် လိုအပ်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

လက်ဖက်အမှုန့်အဆင့် ၁၀၀ ရာနှုန်းကို လေလံဖြင့်သာ ဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍၊ ၎င်းကို ဆက်လက်အကောင်အထည် ဖော်မည်ဟု ပြောကြားခဲ့ပြီး ယင်းနည်းလမ်းသည် လိုက်နာမှုနှင့် နောက် ကြောင်းပြန်လိုက်နိုင်သည့်အခွင့်အလမ်းကို ထိရောက်စွာဖော်ဆောင်နိုင်ရန် အထောက်အကူဖြစ်စေကြောင်းနှင့် လေလံစနစ်သုံး၍ လက်ဖက်အမှုန့်အဆင့်ရောင်းချခြင်းစတင်ပြီးနောက် ကုန်ဈေးရရှိမှုကောင်းမွန်မှုကို သိသာစွာတွေ့ရှိရကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လက်ဖက်ဘုတ်အဖွဲ့၏ ညွှန်ကြား ချက်အရလက်ဖက်ခြောက်ထုတ်လုပ် မှုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှစ၍  ရပ်ဆိုင်းလိုက်ခြင်းဖြင့် အိန္ဒိယနိုင်ငံ၏ ထုတ်လုပ်မှုသည် ယခင်နှစ် ထက် လျော့နည်းမည်ဟု ခန့်မှန်းရပါကြောင်း၊  အာသံနှင့် အနောက်ဘင်္ဂလားပြည်နယ် တစ်ဝန်းတွင် ဆိုးရွား သောရာသီဥတုအခြေအနေကြောင့် သီးနှံထုတ်လုပ်နိုင်မှုများ ကျဆင်းခဲ့ကြောင်း၊  ပြည်တွင်းစျေးနှုန်းအခြေအနေသည် မကြာသေးမီကာလများအတွင်း မြင့်တက်နေသော်လည်း သီးနှံထုတ်လုပ်နိုင်မှု သိသိသာသာကျဆင်းမှုသည် အမြတ်အစွန်းများနှင့် ဝင်ငွေများကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားသည်။ 

မျိုးမြင့်မောင်

India tea prices surge 18% amidst decline in production, The Economic Times, 3-12- 2024.