အိန္ဒိယတွင် အစိုးရမှ အီသနော ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်လာသဖြင့် ပြောင်းဈေး 20% မြင့်တက်

အိန္ဒိယတွင် အစိုးရမှ အီသနော ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်လာသဖြင့် ပြောင်းဈေး 20% မြင့်တက်

အစိုးရ၏ဇီဝလောင်စာဆီထုတ်လုပ်ရာတွင် သကြားအသုံးပြုမှုကန့်သတ်ချက်များကြောင့် အီသနောထုတ်လုပ်မှုအတွက် ပြောင်းအား ဝယ်ယူရန်စီစဉ်ပြီးနောက် ဇန်နဝါရီလ၏ ပထမနှစ် ပတ်တွင် ပြောင်းဈေးသည် ၂၀% မြင့်တက်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုခန့်မှန်းချက်အရ ဘီဟာပြည်နယ်တွင်ပြောင်းဈေး ၁၀၀ ကီလိုဂရမ်လျှင် ၂၃၆၆ ရူပီး သို့ မြင့်တက်ခဲ့ပြီး ဂူဂျာရတ်ပြည်နယ်တွင် ပြောင်းဈေး ၁၀၀ ကီလိုဂရမ်လျှင် ၂၄၀၀ ရူပီး အထိမြင့် တက်ခဲ့ကြောင်း၊ ဝယ်လိုအား သိသိသာသာတက်သွားသည့်အတွက် လာမယ့်လများတွင် စျေးနှုန်း များ အမြင့်တန်းတွင် ဆက်လက်ရှိနိုင်ကြောင်းနှင့် ကုန်စည်ပြတ်လပ်မှုများပင် ဆက်လက်ရှိနေနိုင် သည်ဟု ဘီဟာပြည်နယ်ရှိ ပြောင်းကုန်သည် Gopal Sharma မှ ပြောကြားခဲ့သည်။

အိန္ဒိယသည် ဈေးကွက်အတွင်း သကြားအလုံအလောက်ရှိစေရန်နှင့် အီသနောထုတ်လုပ်မှု ကို မြှင့်တင်ရန်အတွက် သကြားအစားထိုး ပြောင်းကို အသုံးပြုမှုအား မြှင့်တင်လျက်ရှိသည်ကို တွေ့ရှိရပြီး၊  အောက်တိုဘာလတွင် စတင်ခဲ့သော ၂၀၂၃-၂၄ စျေးကွက်နှစ်တွင် နိုင်ငံ၏ သကြား ထုတ်လုပ်မှုသည် ကျဆင်းဖွယ်ရှိသောကြောင့် သကြားစက်များကို အီသနောထုတ်လုပ်ရာ၌ ကြံရည် ကို အသုံးမပြုရန် အစိုးရက ဒီဇင်ဘာလတွင် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

စိုက်ပျိုးရေးဝန်ကြီးဌာန၏ တတိယမြောက် ကြိုတင်ခန့်မှန်းချက်တွင် ၂၀၂၂-၂၃ တွင် ပြောင်း တန်ချိန် ၃၅ ဒသမ ၉၁ သန်း ထုတ်လုပ်မည်ဟု ခန့်မှန်းထားသော်လည်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင် များက ပြောင်းကို ပေါင်းခံခြင်းဖြင့် အီသနောများ စတင်ထုတ်လုပ်လာပါက ဝယ်လိုအားအတွက် အလုံအလောက်ရှိနိုင်မည်မဟုတ်ကြောင်း၊  ပြောင်းထွက်ရှိမှုသည် မိုးရာသီ၌ ရာသီဥတုအပြောင်း အလဲများနှင့် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် အချို့သောပြည်နယ်များတွင် ခန့်မှန်းထားသည် ထက် ၂၅% မှ ၂၇% ထိ လျော့နည်းခဲ့ကြောင်း ပြောကြားထားသည်။ 

အစိုးရက ပြည်နယ်အလိုက် ပြောင်းများဝယ်ယူရန် စီစဉ်နေသဖြင့် လယ်သမားများသည် ဆောင်းသီးနှံချိန်တွင် အခြားသီးနှံများအစား ပြောင်းကို တိုးမြှင့်စိုက်ပျိုးလာပြီး ဇန်န၀ါရီလ ၁၂ ရက်အထိ စိုက်ဧက ၂၀ ဒသမ ၅၁ သိန်း စိုက်ပျိုးထားကြောင်းနှင့် အစိုးရ၏ ထုတ်ပြန်ထားသည့် အချက် အလက်များအရ ပြီးခဲ့သည့်နှစ် ကာလတူစိုက်ပျိုးမှု ၁၉ ဒသမ ၇၁ ဧကနှင့် နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်း တိုးတက်စိုက်ပျိုးထားကြောင်းနှင့် ပြောင်းကို အဓိကစိုက်ပျိုးသော ပြည်နယ်များမှာ ကာနတက၊ မဟာရက်ရှ်ထရာ၊ ဘီဟာ၊ တမီးလ်နဒူး၊ တယ်လန်ဂါနာ၊ မဒ္ဒရာပရာဒက်ရှ်၊ အင်ဒရာပရာ‌ဒေ့ရှ်ပြည် နယ်တို့ဖြစ်ကြောင်း သိရသည်။ 

အိန္ဒိယသည် အီသနော ထုတ်လုပ်မှု လိုအပ်ချက် တိုးလာသဖြင့် လာမည့်ငါးနှစ်အတွင်း ပြောင်းတန်ချိန် ၁၀ သန်း တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရန်ရည်မှန်းထားကြောင်း၊ ထို့အပြင် ကြက် မွေးမြူရေးလုပ်ငန်းမှ အစားအစာအတွက် ၀ယ်လိုအားမှာလည်း မြင့်မားလျက်ရှိကြောင်း သိရှိရပါသည်။ 

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် အီသနောထုတ်လုပ်ရာတွင် ကြံ အစား ပြောင်းကို အစားထိုး အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေအား သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Source: Maize prices surge 20% in India as government promotes ethanol production, The Economic Times,

မျိုးမြင့်မောင်