ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဆန်တင်ပို့မှု စံချိန်သစ်တင်

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၈ ဒသမ ၃ သန်း တင်ပို့ခဲ့ပြီး ယနေ့အထိ အမြင့်ဆုံးဝင်ငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၇၈ ဘီလီယံ ရရှိခဲ့ကြောင်း သိရှိရပါသည်။ တန်ဖိုးအားဖြင့် တစ်နှစ်ထက်တစ်နှစ် ၃၈ ဒသမ ၄ ရာ ခိုင်နှုန်း တိုးလာကြောင်း အစိုးရသတင်းဖော်ပြချက်အရသိရှိရပါသည်။
ပို့ကုန်ဈေးနှုန်း တစ်တန်လျှင် ၆၆၃ ဒေါ်လာ မြင့်မားလာမှုကြောင့် တိုးတက်မှုနှုန်း မြင့်မား လာခြင်းဖြစ်သည်ဟု ယူဆကြောင်း၊ စုစုပေါင်း စပါးအထွက်နှုန်းမှာ တန်ချိန် ၄၃ ဒသမ ၅ သန်းရှိပြီး တစ် နှစ်ထက်တစ်နှစ် ၁ ဒသမ ၉ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ ယခုနှစ်တွင် စုစုပေါင်း စိုက်ပျိုးဧရိယာ ဟက် တာ ၇ ဒသမ ၁ သန်းရှိပြီး စိုက်ပျိုးရေးကဏ္ဍမှ စုစုပေါင်း စပါးအထွက်နှုန်း တန်ချိန် ၄၃ ဒသမ ၅ သန်းအထိ ရည် မှန်းထားကြောင်း သိရှိရပါသည်။
၂၀၃၀ ခုနှစ်အထိ ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှု ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ အောက်တွင် စိုက်ပျိုးရေးအာဏာပိုင်များမှ ဆန်အဓိကစိုက်ပျိုးသည့်ဒေသများကို ပြန်လည်ဖွဲ့စည်း ရန်နှင့် ပို့ကုန်တန်ဖိုးပိုမို မြင့်မားလာစေရန်အတွက် အရည်အသွေးကောင်းသော စပါးများ ထုတ်လုပ် စိုက်ပျိုးရန် ညွှန်ကြားလျက်ရှိကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်၏ ဆန်တင်ပို့မှု မဟာဗျူဟာသည် ၂၀၃၀ တွင် ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်နှစ် မျိုးလုံးအတွက် အရည်အသွေးမြင့်ဆန်များ ထုတ်လုပ်မှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ၂၀၂၃ ခုနှစ် တွင် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုအတွက် စံချိန်သစ်တင်နိုင်ခဲ့ပြီး နိုင်ငံ၏ ဆန်ထုတ်လုပ်တင်ပို့မှု လုပ်ငန်းကို မြှင့်တင်ခဲ့သည့်အတွက် အဆိုပါ မဟာဗျူဟာ၏ ထိရောက်မှုကို ပြသလျက်ရှိကြောင်း သုံးသပ်ရပါသည်။
Source : VN Economy
ဝင့်နန္ဒာကျော်ကျော်