တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် တရုတ်သို့ လယ်ယာထွက်ကုန်များ ပိုမိုတင်ပို့ရန် လာအိုမျှော်လင့်
လာအိုနိုင်ငံသည် ရေရှည်တည်တံ့သော လယ်ယာထွက်ကုန်ထုတ်လုပ် မှုကို မြှင့်တင်ရန်နှင့် တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့ရန် လယ်သမားများနှင့် ထုတ် လုပ်သူများကို အားပေးတိုက်တွန်းလျက်ရှိကြောင်း သိရှိရသည်။
တရုတ်စားသုံးသူများအကြား အသီးအနှံဝယ်လိုအား မြင့်တက်လာမှုကြောင့် လာအိုနိုင်ငံ၌ ဒူးရင်းသီးစိုက်ရန် တရုတ်လုပ်ငန်းရှင်တချို့က စိတ်ဝင်စားလာကြောင်းနှင့် တရုတ်လူမျိုးများသည် ဒူးရင်းသီးကို အလွန်ကြိုက်နှစ်သက်သဖြင့် လာအိုနိုင်ငံအနေဖြင့်တရုတ်ဈေးကွက်မှ အကျိုးအမြတ်များစွာရနိုင်မည့် အခွင့်အရေး ဖြစ်ကြောင်း လာအိုမြို့တော် ဗီယင်ကျန်းမြိုရှိ သစ်သီးရောင်းချသူ တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။
လာအိုနိုင်ငံသည် သဘာဝသယံဇာတပေါများပြီး စိုက်ပျိုးရန် သင့်တော်သည့်မြေများရှိ၍ တရုတ်နိုင်ငံအတွက် သီးနှံထောက်ပံ့ရန် အလားအလာရှိသော နိုင်ငံဖြစ်လာနိုင်ကြောင်း ၎င်းကပြော ကြားသည်။
The Lao National Chamber of Commerce and Industry (LNCCI) နှင့် တရုတ် စီးပွား ရေးလုပ်ငန်းအဖွဲ့တစ်ဖွဲ့တို့သည် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် လာအိုဒူးရင်းသီးကဏ္ဍ၏အလားအလာများကို ရှာဖွေဖော်ထုတ်ရန်အစည်းအဝေးတစ်ခုကို မကြာသေးမီက ကျင်းပခဲ့ကြသည်။
အစည်းအဝေးတွင် LNCCI ၏ ဒုတိယဥက္ကဌ Bounleuth Luang-paseuth မှ လာအိုနိုင်ငံ၏ မြေသြဇာကောင်းသော စိုက်ပျိုးမြေတွင် ဒူးရင်းစိုက်ပျိုးမှု လျင်မြန်စွာ ကြီးထွားလာမှုကို အလေးပေး ပြောကြားခဲ့ပြီး တရုတ်-လာအိုရထားလမ်းသည် အရေးကြီးသော လမ်းပန်းဆက် သွယ်ရေးတစ်ခုအဖြစ် မီးမောင်းထိုးပြခဲ့ကြောင်း သိရှိရသည်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင်လည်း လာအိုစိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်း ၏ ဥက္ကဋ္ဌ Bounthieng Lat-tanavong က လာအိုနှင့် တရုတ်အစိုးရတို့သည် လာအို ထုတ်ကုန်များကို တရုတ်ဈေးကွက်သို့ ပို့ ဆောင်နိုင်စေရန် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး အထူး သဖြင့် တရုတ်-လာအို ရထားလမ်းပိုင်းအတွက် များစွာရင်းနှီးမြှုပ်နှံထားသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
စိုက်ပျိုးရေးထွက်ကုန်များ ထွက်ရှိမှု၊ ပြုပြင်ထုတ်လုပ်မှုနှင့် တင်ပို့မှုတို့ကို အားပေးမြှင့်တင် ရန်အတွက် သက်ဆိုင်ရာဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို အဆင့်မြှင့်တင်ရန် လာအိုအစိုးရက အလေးထားဆောင် ရွက်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်-လာအိုရထားလမ်းကြောင်း သည် ပို့ကုန်မြှင့်တင်ရာတွင် အရေးပါပြီး လယ်ယာထွက်ကုန်များ အထူး သဖြင့် လတ်ဆတ်သောထွက်ကုန်များ သယ်ယူပို့ဆောင်မှုအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရှိရသည်။
လာအိုနိုင်ငံမှ တောင်သူများသည် ထုပ်ပိုးမှုနှင့် ထောက်ပံ့ပို့ဆောင်ရေး အပါအဝင် ၎င်းတို့ ထုတ်ကုန်များ၏ အရည်အသွေးကို ထိန်းချုပ်ရန် လို အပ်ကြောင်း၊ တရုတ်နိုင်ငံသည် ကြီး မားသော စျေးကွက်တစ်ခုဖြစ်၍ ၎င်းတို့၏ထုတ်ကုန်များသည် တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် လိုအပ်သည့် အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီပါက ဝင်ငွေအများကြီးရလိမ့်မည်ဟုယုံကြည်ကြောင်း လာအို မြို့တော် ဗီယင်ကျန်းမှ ရောင်းချသူ Manichanh Bounheuang က ပြောကြားခဲ့သည်။
လာအိုနိုင်ငံမှ ငှက်ပျောသီးတန်ချိန် ၃၉၀ ကို တရုတ်နိုင်ငံသို့ အအေးခန်းတွဲရထားဖြင့် ပို့ဆောင်ခဲ့ပြီး လာအိုမြို့တော် ဗီယင်ကျန်းမှ ကူမင်းမြို့သို့ ထွက်ခွာကာ ပေကျင်းမြို့၊ ပင်ဂူခရိုင်သို့ ဆက်လက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရထားသည် အောက် တိုဘာ ၁၂ ရက်နေ့တွင် ဗီယင် ကျန်းမြို့မှ ထွက်ခွာခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဘေဂျင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
လာအိုနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ရရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့် သစ်တောထွက်ပစ္စည်း ထုတ်လုပ်မှု တန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် ပြည် တွင်းအသားတင်ထုတ်လုပ်မှု၏ ၂၁ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။
လာအိုအစိုးရသည် ပြည်တွင်းဈေးကွက်၌ ကုန်ပစ္စည်းများ ပိုမိုရောင်းချနိုင်ရန်၊ လိုအပ်နေသော နိုင် ငံခြားငွေ ရရှိရန်နှင့် မြင့်မားသော နိုင်ငံခြားငွေလဲလှယ်နှုန်းကို လျှော့ချရန်အတွက် ပို့ကုန်တင်ပို့နိုင်ရေး ပိုမိုထုတ်လုပ်ရန် လယ်သမားများနှင့် ထုတ်လုပ်သူများအား တွန်းအားပေးလျက်ရှိ ကြောင်း သိရှိရသည်။
ကေခိုင်ကျော်
en.people.cn/n3/2024/1101/c90000-20236678.html