တရုတ်-လာအို အအေးခန်းတွဲရထားဖြင့် ပထမဆုံးတင်ပို့သည့် ငှက်ပျောသီးများ ပေကျင်းသို့ ရောက်ရှိ

တရုတ်-လာအို အအေးခန်းတွဲရထားဖြင့် ပထမဆုံးတင်ပို့သည့် ငှက်ပျောသီးများ ပေကျင်းသို့ ရောက်ရှိ

လာအိုနိုင်ငံမှ လတ်လတ်ဆတ် ဆတ် ငှက်ပျောသီးများသည် တရုတ် - လာအိုရထား (Vientiane-Kunming-Beijing Pinggu)၏ ပထမဆုံး နိုင်ငံတကာ အအေးခန်းတွဲရထားဖြင့် ၂၀-၁၀-၂၀၂၄ ရက်နေ့တွင် ပေကျင်းမြို့ရှိ Jing Ping Logistics Hub သို့ ရောက်ရှိလာခဲ့ကြောင်း Global Times သတင်း၌ ဖော်ပြထားသည်ဟု သိရှိရပါသည်။

ဒေသတွင်းကုန်သွယ်မှုကို မြှင့်တင်ရန် ရည်ရွယ်ပြီး တရုတ်-လာအိုရထား၏ သယ်ယူပို့ ဆောင်ရေးစွမ်းရည်ကိုမြှင့်တင်ရန်အတွက် ပေကျင်း အစိုးရသည် စီးပွားရေးလုပ်ငန်း များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလအစောပိုင်းတွင် ရထားခရီးစဉ်ကို ပုံမှန်ပြေးဆွဲနိုင်မည်ဟု မျှော်လင့်ထားကြောင်း Global Times သည် Pinggu ခရိုင်အစိုးရထံမှ သိရှိရကြောင်း ဖော်ပြထား ပါသည်။

အောက်တိုဘာ ၁၂ ရက်နေ့က ငှက်ပျောသီးတန်ချိန် ၃၉၀ ပါရှိသည့် အအေးခန်းတွဲ ရထားသည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းတောင်ပိုင်း ဘူတာမှ ထွက်ခွာလာပြီး တရုတ်နိုင်ငံ၊ အနောက် တောင်ပိုင်း ယူနန်ပြည် နယ်ရှိ မိုဟန်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့ကာ အအေးကွင်းဆက် သယ်ယူပို့ဆောင်ရေးမှတစ်ဆင့် ပေကျင်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

သမာရိုးကျနည်းလမ်းများနှင့် နှိုင်းယှဉ်ပါက ယခုသယ်ယူပို့ဆောင်မှုသည် အအေးခန်းကွင်းဆက်နှင့် ကောင်းမွန်သော ထောက်ပံ့ပို့ဆောင်ရေးစနစ်ကိုအသုံးပြုခဲ့သဖြင့် သယ် ယူ ပို့ဆောင်မှုကို မြန်ဆန်စေပြီး ကုန်ကျစရိတ်များကို လျှော့ချပေးကြောင်း China Railway Special Cargo Logistics Co ၏ Cold Chain Logistics ဌာနမှ ဒါရိုက်တာ Yi Qiang က Global Times သို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပထမအအေးခန်းတွဲရထားကို အောင်မြင်စွာပြေးဆွဲနိုင်စေရန်အတွက် ကုမ္ပဏီသည် ငှက် ပျောသီးသယ်ယူပို့ဆောင်ရန် လိုအပ်သည့် အပူချိန်၊ စိုထိုင်းဆနှင့် အခြားအခြေ အနေများကို တိကျ စွာစီမံခန့်ခွဲ၍ ၎င်း၏ အအေးကွင်းဆက်ကွန်တိန်နာများကို အသုံးပြုကာ သီးသန့်ထောက်ပံ့ ပို့ဆောင်ရေးအစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ကြောင်း Yi က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

လာအိုနိုင်ငံသည် ငှက်ပျောစိုက်ပျိုးရန်အတွက် အကောင်းဆုံးမြေဆီလွှာနှင့် ရာသီဥတုရှိပြီး ချိုပြီးနူးညံ့သည့် ငှက်ပျောသီးများ ထွက်ရှိသည့်အတွက် တရုတ်စားသုံးသူများကြား ရေပန်းစားလာကြောင်း လာအိုငှက်ပျောသီးလက်လီရောင်းချသူ Beijing Yongxin Hengchang Fruit Co.,Ltd ၏ အထွေထွေမန်နေဂျာ Zhang Zhongyi မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ယခုတင်ပို့ခဲ့သော ငှက်ပျောသီးများကို JD.com၊ Meituan နှင့် Guoduomei တို့ကဲ့သို့ အဓိက platform များအပါအဝင် အွန်လိုင်းနှင့် ပုံမှန်ဈေးများမှတစ်ဆင့် ဖြန့်ဝေရောင်းချမည်ဖြစ်ပြီးတစ်ပတ်အတွင်း ရောင်းကုန်မည်ဟု ခန့်မှန်းထားကြောင်း Zhang က ပြောကြားခဲ့သည်ဟု သိရှိရသည်။

Jing Ping Logistics Hub Co ၏ CEO ဖြစ်သူ Zhao Liang က အဆိုပါတင်ပို့မှုသည် ဗီယင်ကျန်းမြို့မှ ပေကျင်းမြို့သို့ ပထမဆုံးအကြိမ်အဖြစ် အအေးခန်းတွဲရထားဖြင့် တိုက်ရိုက်ပို့ဆောင်ခြင်းဖြစ်ပြီး တရုတ်စားသုံး သူများအား အရည်အသွေးမြင့် အရှေ့တောင်အာရှ သစ်သီးဝလံများကို ပို့ဆောင်ပေးသည့် မှတ်တိုင်တစ်ခုဖြစ်သည်ဟု Global Times သို့ ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

တရုတ်နိုင်ငံသည် လာအိုနိုင်ငံမှ နှစ်စဉ် ငှက်ပျောသီးတန်ချိန် ၇ သိန်းခန့် တင်သွင်းလျက်ရှိကြောင်း၊ ဒေသ တွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုကို ပိုမိုမြှင့်တင်ရန် တရုတ်-လာအို ကုန်စည်ပို့ဆောင်ရေးရထားပြေးဆွဲခြင်းနှင့်အတူ တရုတ်နိုင်ငံမြောက်ပိုင်းရှိ ပေကျင်း-ထျန်ကျင်း-ဟောပေဒေသတို့မှ သစ် သီးဝလံများ၊ အသေးစားစက်မှုလုပ် ငန်းသုံးကုန်ပစ္စည်းများ၊ အီလက်ထရွန်းနစ်နှင့် ခေတ်မီလယ်ယာထွက် ကုန်များကို လာအို၊ ထိုင်း၊ စင်ကာပူ၊ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်ရှိ အခြားနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း Pinggu ခရိုင်အစိုးရမှ တာဝန်ရှိသူတစ်ဦးက Global Times သို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ယခုနှစ်သည် တရုတ်-လာအို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ၁၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဝန်ကြီးချုပ်များအကြား မကြာသေးမီက တွေ့ဆုံမှုအပြီးတွင် အရည်အ သွေးမြင့်မား၍ အပြန်အလှန်အကျိုးရှိသောပူးပေါင်းဆောင်ရွက်မှုကို အဓိကထားသည့် ပူးတွဲကြေညာ ချက်ကို ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသည် လာအိုနိုင်ငံတွင် အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်ပြီး နယ်ပယ်အသီးသီးတွင် တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် အလားအလာများစွာကို လာအိုနိုင်ငံက မျှော်လင့်ထားကြောင်း သိရှိရပါသည်။      

ကေခိုင်ကျော်

en.people.cn/n3/2024/1021/c90000-20231678.html