အိန္ဒိယ-ရုရှားကုန်သွယ်မှု ၂၀၃၀ တွင် ဒေါ်လာ ၁၀၀ ဘီလီယံ ကျော်ထိတိုးမြှင့်ရေး သဘောတူညီချက်ထုတ်ပြန်

အိန္ဒိယ-ရုရှားကုန်သွယ်မှု ၂၀၃၀ တွင် ဒေါ်လာ ၁၀၀ ဘီလီယံ ကျော်ထိတိုးမြှင့်ရေး သဘောတူညီချက်ထုတ်ပြန်

အိန္ဒိယနှင့်ရုရှားနိုင်ငံတို့သည် ရင်း နှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတွင် နှစ်နိုင်ငံငွေကြေးနှင့်ပေးချေမှု၊ စွမ်းအင်၊ စိုက် ပျိုးရေးနှင့် အခြေခံအဆောက်အအုံစသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု တို့ကို ၂၀၃၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်အထိ တိုးမြှင့်သွားရန် သဘော တူညီခဲ့ကြကြောင်း၊ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အိန္ဒိယ၀န်ကြီးချုပ်နာရင်ဒြာမိုဒီတို့က ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပသည့် ၂၂ ကြိမ်မြောက်နှစ်ပတ်လည်ထိပ်သီးအစည်းအဝေးတွင် ယင်းသဘော တူညီချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်းနှင့်  မဟာဗျူဟာမြောက်မိတ် ဖက်ဆက် ဆံရေး (Special and privileged strategic partnership) တစ်ရပ်ဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရသည်။    

အခမ်းအနားတွင် နှစ်နိုင်ငံအကြား အဓိကကဏ္ဍကြီး ၉ ခုတွင် ပူးပေါင်းဆောင်ရွက်ရန် သ ဘောတူခဲ့ကြကြောင်း၊ ၎င်းတို့မှာ ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုတွင် နှစ်နိုင်ငံငွေကြေးဖြင့်ပေးချေရေး၊မြောက်-တောင် သယ်ယူပို့ဆောင်ရေးစင်္ကြန်စသည့် လမ်းကြောင်းသစ်များဖြင့် ကုန် သွယ်မှုမြှင့်တင်ရေး၊ လယ်ယာထွက်ကုန်၊ စားသောက် ကုန်နှင့်မြေသြဇာကုန်သွယ်မှုမြှင့်တင်ရေး၊ နျူစွမ်းအင်အပါအဝင်စွမ်း အင်ကဏ္ဍတွင် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေး၊ အခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်အကျိုးပြုမှုများအား ကောင်းစေရေး၊ ဒစ်ဂျစ်တယ် စီးပွား ရေးကဏ္ဍတွင် ပူးတွဲစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေး၊ ဆေးဘက်ဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး တို့ဖြစ်ကြောင်း သိရှိရသည်။ 

ထို့ပြင်နှစ်နိုင်ငံခေါင်းဆောင်များအကြား ယူရေးရှားစီးပွားရေးသမဂ္ဂနှင့်အိန္ဒိယနိုင်ငံအကြား လွတ်လပ်သောစီးပွားရေးဒေသ (EAEU-India Free Trade Area) ထူထောင်နိုင်ခြေ အပါအဝင်နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ တွင် ဆွေးနွေးမှုများ ဆက်လက်ပြု လုပ်ရန်နှင့် နှစ်နိုင်ငံကုန် သွယ်မှုနှင့် ဆက်စပ်သောအကောက်ခွန်မဟုတ် သောကုန်သွယ်မှုဆိုင်ရာ အတား အဆီးများအား ဖယ်ရှားရေးတို့ကို သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။  

ထိပ်သီးဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်တွင် နှစ်နိုင်ငံခေါင်း ဆောင်များသည်အကောက်ခွန် နှင့် မသက်ဆိုင်သောကုန်သွယ်မှုဆိုင်ရာအတားအဆီးများကိုဖယ်ရှားရန်နှင့် EAEU-India Free Trade Area ထူထောင်နိုင်ခြေအပါအဝင် ကုန် သွယ်မှုဖြေလျှော့မှုဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားရန် ၎င်းတို့၏ရည်ရွယ်ချက်ကို ထုတ် ဖော်ပြောကြားခဲ့ပြီး အထူးရင်းနှီးမြုပ်နှံမှုစနစ်များ အားကောင်းလာစေရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုအားဟန်ချက်ညီစေရန်အတွက် အိန္ဒိယမှ ကုန်ပစ္စည်းများတိုးမြှင့်တင်ပို့နိုင်ရေးအပါအဝင် ၂၀၃၀ ခုနှစ်တွင် ကုန် သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံကျော်ရရှိရန် ကတိပြုထားကြောင်းလည်း သိရှိရသည်။ 

၂၂ ကြိမ်မြောက် အိန္ဒိယနှင့်ရုရှားနှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲကို ဇူလိုင် ၈ ရက်မှ ၉ ရက် အထိ ရုရှားနိုင်ငံမော်စကိုမြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အိန္ဒိယဝန်ကြီး ချုပ်နာရန်ဒြာမိုဒီတို့က လက်ရှိနှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ၎င်းတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်နိုင်ငံလုံး၏ ရေရှည်အကျိုးရှိသော အချက် များအပေါ်အခြေခံ၍ အပြန်အလှန်လေးစားမှု၊တန်းတူညီမျှမှုနှင့် အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

မျိုးမြင့်မောင်

India and Russia set $100 billion trade goa. By 2030, cooperation in energy, agriculture, The Economic Times, 9th July, 2024.