တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှု မြှင့်တင်ရန် ထိုင်း ကြိုးစားနေ

တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော ဒူးရင်းသီး ဈေးကွက်ဝေစုကို ထိန်း သိမ်းထားနိုင်ရန် ထိုင်းအာဏာပိုင်များသည် လယ်ယာလုပ်ငန်းခွင်ချဲ့ ထွင်ခြင်းနှင့် အဆင့်မြင့်နည်းပညာအသုံးပြု၍ သစ်သီး အရည်အသွေးမြှင့်တင်ခြင်းအပါအဝင် နည်းလမ်း များစွာကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
ထိုင်းအစိုးရသည် သစ်သီးဝလံများ အထူးသဖြင့် ဒူးရင်းသီးတင်ပို့မှုအတွက် အရည်အသွေး ထိန်းချုပ်မှု မူဝါဒများကို တိုးမြှင့်ထားကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး၏ ပြောရေးဆို ခွင့်ရှိသူ Chai Wacharonke က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဒူးရင်းသီး၏ အရည်အသွေးကို အာမခံပြီး ပိုးသတ်ဆေးဓာတ်ကြွင်းအလွန်အကျွံမဖြစ်စေရန် တင်းကြပ်သော စီမံခန့်ခွဲမှုနှင့် အရည် အသွေးထိန်းချုပ်မှု စံနှုန်းများကို ချ မှတ်ထား ကြောင်း သိရှိရပါသည်။
မရင့်မှည့်သေးသောဒူးရင်းသီးများ ခူးဆွတ်ရောင်းချခြင်းကို တား မြစ်ထားသော ဥပဒေသည် ထိုင်းဒူးရင်းသီးတင်ပို့မှုအတွက် အရည် အသွေးပိုင်းထိန်းသိမ်းခြင်းနှင့် စံချိန်စံညွှန်းသတ်မှတ်ခြင်း နှစ်ခုစလုံးကို လုပ်ဆောင်နိုင်လိမ့်မည်ဟု Chai က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အနာဂတ်၌ ဒူးရင်းသီးစားသုံးမှုသည် လက်ရှိပမာဏထက် ၁၅ ဆ တိုး လာကာ တန်ချိန် ၁၅ သန်းခန့်အထိ တိုးလာမည်ဖြစ်ကြောင်းနှင့် ဒူးရင်းသီးတင်ပို့မှုတန်ဖိုး ဘတ် ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၇ ဒသမ၂၃ ဘီလီယံ)အထိ သိသိသာ သာ တိုးမြှင့်နိုင်မည်ဟု ထိုင်းအစိုးရ က မျှော်မှန်းထားကြောင်း Chai က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ တင်သွင်းသည့် လတ်လတ်ဆတ် ဆတ် ဒူးရင်းသီးတန်ချိန် ၁ ဒသမ ၄၂ သန်းရှိပြီး ထိုင်းက ၆၅ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၃၅ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်က ၁ ရာခိုင်နှုန်းအောက်သာ တင်သွင်းခဲ့ကြောင်း တရုတ်အကောက် ခွန် အထွေထွေအုပ်ချုပ်မှုအာဏာ ပိုင်အဖွဲ့မှ သိရှိရသည်။
ထိုင်းနိုင်ငံအတွက် စိန်ခေါ်မှုများရှိနေသော်လည်း တရုတ်နိုင်ငံသို့ ထိုင်းဒူးရင်းသီး တင်ပို့မှု တန်ဖိုးသည် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံအထိ မြင့်တက်လာမည်ဖြစ်ပြီး ယခင် နှစ်ကထက် ၁၂ ရာခိုင်နှုန်း တိုးလာမည်ဟု ဘန် ကောက်အခြေစိုက် Kasikorn သု တေသနစင်တာမှ ခန့်မှန်းထား
သည်။
တရုတ်သို့ ဒူးရင်းသီးတင်ပို့မှု ထိပ် တန်းနိုင်ငံအဖြစ် ဆက်လက်ထိန်း သိမ်း ထားနိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ ဒူးရင်းသီး အဓိကစိုက်ပျိုးထုတ်လုပ်သည့် ဒေသများသည် ဒူးရင်း အရည်အသွေးမြှင့်တင်ရန် နည်းပညာအကူအညီကို ရှာဖွေလျက်ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံရှိ Commercial Association for Sustainability of Agriculture သည် ထိုင်းနိုင်ငံအနောက်ပိုင်း ချန်သဘူရီခရိုင်တွင် ဒူးရင်းခြံများ တည် ဆောက်ရန်အတွက် ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံ ခြားစီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဗဟိုဌာန (Foreign Economic Cooperation Center-FECC) နှင့် ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။
တရုတ်သိပ္ပံပညာရှင်များသည် အဆိုပါပြည်နယ်ရှိ ရှေ့ပြေးဥယျာဉ်ခြံအများအပြားတွင် မိုးလေဝသ၊ ရေမျက်နှာပြင်နှင့် မြေဆီလွှာအစိုဓာတ်ကို စောင့်ကြည့်ရန်အတွက် စက်ကိရိယာများ တပ်ဆင်ရန် ကူညီပေးခဲ့ကြောင်း၊ ယင်းစက်ကိရိယာများသည် ဒူးရင်းသီးကို သိပ္ပံနည်းကျ စိုက်ပျိုးခြင်းနှင့် အသီးအရည်အသွေး မြှင့်တင်ခြင်းအတွက်အချက်အလက်များ ပံ့ပိုးပေးနိုင်ကြောင်း သိ ရှိရသည်။
ထို့အပြင် တရုတ်ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်စေရန်အတွက် FECC သည် အွန်လိုင်း ရောင်းချမှုများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုက် ရိုက်ထုတ်လွှင့်ခြင်းများ လုပ်ဆောင်ရန် တရုတ်နိုင်ငံ၏ e-commerce ပလက်ဖောင်းများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း Chumphon ပြည်နယ်ကဲ့သို့ အခြားသော ဒူးရင်း သီး အဓိကစိုက်ပျိုး ထုတ်လုပ်သည့် ဒေသများမှဒေသဆိုင်ရာအာဏာပိုင် များသည် ၎င်းတို့၏အမှတ်တံဆိပ်ကို မြှင့်တင်ရန်ပွဲတော်များ ကျင်းပခြင်းဖြင့် သစ်သီးကုန်သွယ်မှုကို မြှင့်တင်လျက်ရှိရာ ပြီးခဲ့သည့် သီတင်း ပတ်က Chumphon တွင် ဒူးရင်းပွဲတော်ကို ကျင်းပခဲ့ပြီး တရုတ်ကုန်စည် ပို့ဆောင်ရေးကုမ္ပဏီများနှင့် သစ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်များကို ဖိတ်ကြားခဲ့ကြောင်း၊ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အုပ် ချုပ်ရေးမှူး Wisah Poolsirirat က ယခုနှစ်တွင် ဒူးရင်းသီးတန်ချိန် ၂၅၀,၀၀၀ ထွက်ရှိမည်ဖြစ်ပြီး ဒေသ ခံပြည်သူများအတွက် ဘတ် ၃၃ ဘီလီယံကျော် ဝင်ငွေရရှိစေမည်ဖြစ် ကြောင်း၊ ဒူးရင်းသီး စိုက်ပျိုးသည့်ဧရိယာ တိုးချဲ့ခြင်းသည် အဓိကအားဖြင့် ကုန်သွယ်ဖက်နိုင်ငံများမှ လိုအပ်ချက်များ တိုးပွားလာနေခြင်းကြောင့်ဖြစ်ပြီး ၎င်းတို့အနက်မှ ၇၀ ရာခိုင်နှုန်းသည် တရုတ် နိုင်ငံမှဖြစ်ကြောင်း Wisah က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ဒူးရင်းသီးအရည်အသွေးကို ပိုမိုတိုးတက်စေပြီး တရုတ်ဖောက်သည်များအကြားတွင် ထိပ်တန်းအမှတ်တံဆိပ်တစ်ခုဖြစ်လာစေရန် လုပ် ဆောင်သွားမည်ဟု ၎င်းကထပ်မံပြောကြားခဲ့ကြောင်း သိရှိရသည်။
ကေခိုင်ကျော်
https://www.chinadaily.com.cn/a/202406/20/WS66740d48a31095c51c509fdf.html