မြန်မာ့ပြောင်းကို အကောက်ခွန်လွတ်ဖြင့် အိန္ဒိယ စတင်တင်သွင်း

မြန်မာ့ပြောင်းကို အကောက်ခွန်လွတ်ဖြင့် အိန္ဒိယ စတင်တင်သွင်း

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ပြောင်းကို အကောက်ခွန် ကင်းလွတ် ခွင့် အစီအစဉ်ဖြင့် စတင်တင်သွင်းလျက်ရှိကြောင်း သိရသည်။ Tamil Nadu ပြည်နယ် Thoothukudi မြို့ ဆိပ်ကမ်းသို့ အနည်းဆုံး ပြောင်းသင်္ဘော ၃ စီး ဆိုက်ကပ်ခဲ့ပြီးဖြစ်ကာ ဇူလိုင် လကုန်ပိုင်းတွင် နောက် ထပ် သင်္ဘောအနည်းငယ် ထပ်မံဆိုက်ရောက်လာဖို့ရှိကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၇ ရက်နေ့က ဖော်ပြ သည်။

မြန်မာနိုင်ငံမှ ပြောင်းများ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း၊ အရောင်းအဝယ် သဘော တူညီချက်တစ်ချို့ကို ညှိနှိုင်းလျက်ရှိစဉ်  လတ် တလောတွင် ပြောင်းသင်္ဘော ၃ စီးသာ ဆိုက်ရောက် ခဲ့ပြီးဖြစ်ကာ ယခုအချိန်အထိ သဘောတူညီချက်ရပြီးဖြစ်သည့် အခြေအနေအရ နောက် ထပ် ပြောင်း သင်္ဘော ၁၀ စီးခန့် ထပ်မံဆိုက်ရောက်ဖို့ရှိနေကြောင်း တမီနာဒူပြည်နယ် ဥစားကြက် မွေး မြူရေးသမားများဈေးကွက်ရှာဖွေ ရေးအသင်း (Tamil Nadu Egg Poultry Farmers Marketing Society-PFMS) ဥက္ကဌ Vangili Subramanian က ပြောကြားသည်။

ဦးစွာပထမ ပြောင်း ၁ တန်လျင် ကန်ဒေါ်လာ ၂၆၈ နှင့် တင်သွင်းခဲ့ခြင်းဖြစ်ကာ ယခုအခါ ဈေးနှုန်းအနည်းငယ် မြင့်တက်သွားပြီ ဖြစ် ကြောင်းသိရသည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံကနေ ပြောင်းကို ပထမဦးဆုံးတစ်သုတ် တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ ပြောင်းဈေးက ကန်ဒေါ်လာ ၂၆၈ က နေ၊ ယခုမြင့်တက်သွားပြီဖြစ်ပါတယ်။”ဟု Olam Agro India Ltd မှ တာဝန်ရှိသူ Sanjay Sancheti ကပြောကြားခဲ့သည်။

 “ပြောင်း ၁၀၀၀၀ တန်ကို ၁ တန်လျင် ကန်ဒေါ်လာ ၂၈၆ နှင့် ဇူလိုင်လအတွင်း အရောက် တင်ပို့ ရောင်းချပေးဖို့ ကမ်းလှမ်းချက်တစ်ခု လက်ခံရရှိခဲ့ပါတယ်။” ဒါပေမယ့် ၎င်းတို့အနေဖြင့် အဆိုပါ ကမ်းလှမ်းချက်ကို လက်မခံဖြစ်ဖြစ်ခဲ့ကြောင်း စိုက်ပျိုး ရေးကုန်စည်များ ပို့ကုန်လုပ်ငန်းရှင် များအသင်း (Agri Commodities Exporters Association) ဥက္ကဌ M Madan Prakash က ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပြောင်းကို နိုင်ငံ၏ ဖွံ့ဖြိုးမှုအနေအထားအရ သွင်းကုန်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနိုင်သည့်အခွင့်အလမ်းရှိကြောင်း အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ အကယ်၍ အဆိုပါကုန်စည်ကို အခြားနိုင်ငံများမှ တင်သွင်းမည် ဆိုပါ က ပြည်တွင်းခွန်(IGST) ၅ ရာခိုင်နှုန်း၊ လူမှုဖူလုံ ရေးအတွက် ၁၀ ရာခိုင်နှုန်းအပြင် သွင်းကုန် ခွန် ၆၀ ရာခိုင်နှုန်းပေးဆောင်ရန် လိုအပ်ကြောင်း၊ သို့သော် အကောက်ခွန်ဌာနအနေဖြင့် အရေ အတွက်အရ စည်းကြပ်သော သွင်း ကုန်ခွန် (Tariff rate quota -TRQ) ၁၅ ရာခိုင်နှုန်းဖြင့် တင်သွင်းခွင့်ပြုထား ကြောင်း၊ ၂၀၂၀ ပြည့် နှစ်က အဆိုပါ TRQ နှုန်းဖြင့် ပြောင်းတန်ချိန် ၅ သိန်းကို တင်သွင်းခွင့်ပြုခဲ့ ကြောင်း သိရသည်။

အရောင်းအဝယ်သဘောတူညီချက်အရ ပြောင်းတန်ချိန် ၃ သိန်းနီးပါးကို သွင်းကုန်ခွန်လွတ် တင်သွင်းမည်ဖြစ်ကာ ကော်မှုန့် (starch) ထုတ်လုပ်ပြီး ပြန်လည်တင်ပို့ရောင်း ချသွားမည်ဖြစ်ကြောင်း၊ ပထမဦး ဆုံး ကုန်တစ်သုတ်ကို ကော်မှုန့် (starch) ထုတ်လုပ်ရေးအတွက် အသုံးပြုမည် ဖြစ်ကာ ဒုတိယ ကုန်တစ်သုတ်ကို အီသနောရောစပ်ရန် အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။ အထူးသဖြင့် တမီနာဒူပြည်နယ် ကြက်မွေးမြူရေးလုပ်ငန်းများမှ ဝယ် လိုအားရှိပြီး၊ ပြည်နယ်ရှိ မွေးမြူရေး လုပ်ငန်းတစ်ချို့က တင်သွင်းပြောင်းကို ဝယ်ယူကြကြောင်း၊ ၎င်းအနေ ဖြင့် ပြောင်းကို ဘီဟာပြည် နယ်မှ အဓိကဝယ်ယူကြောင်း Subra-manian က ပြောကြားခဲ့သည်။

အိန္ဒိယစိုက်ပျိုးရေးနှင့် တောင်သူ လယ်သမားများဖူလုံရေးဝန်ကြီးဌာန (The Ministry of Agriculture and Farmers Welfare) ၏ တတိယ အကြိမ် သီးနှံအထွက်နှုန်း ကြိုတင်ခန့်မှန်းချက်အရ ယခုနှစ်အတွက် ပြောင်းတန်ချိန် ၃၅ ဒသမ ၆၇ သန်းထွက်ရှိမည်ဖြစ်ကာ ယခင်နှစ်ကာလတူက ၃၈ ဒသမ ၀၈ သန်းထွက်ရှိခဲ့သည့်အတွက် အထွက်နှုန်းလျှော့ကျ မည်ဖြစ်ကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံ မွေးမြူရေးကဏ္ဍတစ်ခုတည်း၏ ပြောင်းလိုအပ်ချက်မှာ တစ်နှစ်လျင် တန်ချိန် ၁ သန်း တိုးမြင့်လာလျက်ရှိကြောင်း၊ ၎င်းကဏ္ဍ၏ လက်ရှိပြောင်းဝယ်လိုအားမှာ တန်ချိန် ၁၆ သန်းခန့် ရှိကြောင်း သိရသည်။ အဆိုပါကဏ္ဍအပြင် ကော်မှုန့်ထုတ်လုပ်ရေးနှင့်အီသနော ထုတ်လုပ်ရေးလုပ်ငန်းများမှလည်းဝယ်ယူကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က အီသနောကဏ္ဍ၏ ပြောင်းလိုအပ်ချက်မှာ တန်ချိန် ၀ ဒသမ ၈ သန်း ရှိကာ ယခုဘဏ္ဍာနှစ်တွင် တန်ချိန် ၃ ဒသမ ၄ သန်းအထိတိုးမြင့်လာဖွယ်ရှိကြောင်း၊ အဆိုပါနှုန်းအရ ၂၀၂၇-၂၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၀ သန်းအထိ မြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။ အိန္ဒိယ အစိုးရအနေဖြင့် ပြည်တွင်း၌ ပြောင်းဝယ်လိုအား မြင့်တက်လာမှုကို ဖြည့်ဆည်း ဆောင် ရွက်နိုင်ရန် ပိုမိုဈေးသက်သာသော မျိုးဗီဇပြုပြင်ထားသည့်ပြောင်းအမျိုးအစား (Genetically modi-fied -GM corn) ကို တင်သွင်းခွင့်ပြုရန် စဉ်းစားနေကြောင်းလည်း သိရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် ပြောင်းလိုအားမြင့်တက်ကာ ပြည်တွင်းဈေး နှုန်းများ မြင့်တက်လာလျက်ရှိပြီး၊ ပြည်ပမှဝယ်ယူမှုတိုးမြင့် လာလျက်ရှိကြောင်း တွေ့ရှိရသည်။ အထူးသ ဖြင့် မြန်မာနိုင်ငံမှ ပြောင်းကို တမီနာဒူပြည်နယ်မှ စတင်ဝယ်ယူတင်သွင်းလျက်ရှိပြီး၊ နောက်ထပ် ဝယ်ယူတင်သွင်းမည့် အလား အလာများရှိနေသည့်အတွက်ပြောင်းစိုက်ပျိုး ထုတ် လုပ်တင်ပို့သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်သင့်ကြောင်းလေ့လာတင်ပြအပ်ပါ 
သည်။             

ကောင်းထွဋ်အောင်

The Hindu Businessline, India