တောင်အာရှနှင့်အရှေ့တောင်အာရှသို့ လွန်ကဲပြင်းထန် အပူချိန်များ သက်ရောက်ခဲ့

ပြီးခဲ့သည့် ရက်သတ္တပတ်များတွင် တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများသို့ လွန်ကဲပြင်းထန်သော အပူ ချိန် သက်ရောက်မှုကြောင့် လူသေဆုံးမှုများ၊ ပညာသင်ကြားမှုဆိုင်ရာ အနှောင့်အယှက်များ၊ စိုက်ပျိုးရေးဆိုင်ရာ ဆုံးရှုံးပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ပြီးခဲ့သည့်လမှစ၍ ကျောင်းများ ပိတ်ခဲ့ရပြီး ထိုင်းနိုင်ငံတွင် အပူဒဏ်ကြောင့် အနည်း ဆုံး လူ ၃၀ ဦး သေဆုံးခဲ့ကာ ဒူးရင်းခြံများလည်း အပူဒဏ်ကြောင့် ပျက် စီးခဲ့ရသည်ဟု ဆိုသည်။
စံချိန်သစ်တင်မြင့်တက်ခဲ့သည့် အပူဒဏ်ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် အပူဆုံးဧပြီလဖြစ်ခဲ့ပြီး အမြင့်ဆုံး နေ့အပူချိန်မှာပျမ်းမျှအပူချိန်အထက် ၈ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိခဲ့သည်။မြန်မာနိုင်ငံချောက် မြို့တွင် ဧပြီလအတွင်း အမြင့်ဆုံးအပူချိန် ၄၈ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်ထိ ရောက်ရှိခဲ့သည်။ ဗီယက်နမ်ရှိ မိုးလေဝသစခန်း ၁၀၂ ခု၏ မှတ်တမ်းအရ ယမန်နှစ်ကထက် ပိုမို၍ ၄၃ ဒီဂရီ ဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံကိုလ်ကတ္တားတွင်လည်း အလားတူ ၄၃ ဒီဂရီ ဆဲလ်စီးယပ်ရှိခဲ့ပြီး ၁၉၅၄ နောက်ပိုင်းတွင် ကြုံတွေ့ရသည့် ဧပြီလ၏ အမြင့်ဆုံးအပူချိန်ဖြစ်သည်ဟု ဆိုသည်။
အပူလှိုင်းများ၏ ကြိမ်နှုန်း၊ ပြင်းထန်မှုနှင့် ကာလတို့ တိုးမြင့်လာမှုအရ ဆိုးဝါးသည့်ဘက်သို့ ဦးတည်နေကြောင်း၊ ကျောင်းများပိတ်ထားခြင်း၊ အလုပ်သမားများ အပူဒဏ်မှ ကာကွယ်ရေးစီစဉ်ခြင်းစသည့် အစိုး ရမူဝါဒဆိုင်ရာ ချမှတ်ဆောင်ရွက်မှုများ လိုအပ်ကြောင်း ဒေါက်တာ ရောက်စ်ဆီမက်သယူးကိုးလ်က အလေးထား ပြောကြားခဲ့သည်ဟု သိရှိရသည်။
TTP
FreshPlaza.com