အာဖရိကဖွံ့ဖြိုးမှုအနည်းဆုံးနိုင်၆ နိုင်ငံအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ကို တရုတ်စတင်

အာဖရိကဖွံ့ဖြိုးမှုအနည်းဆုံးနိုင်၆ နိုင်ငံအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ကို တရုတ်စတင်

တရုတ်နိုင်ငံမှ အာဖရိကရှိ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၆ နိုင်ငံအတွက် အကောက်ခွန် ကင်း လွတ်ခွင့်ပြုခြင်းသည်  ၂၅-၁၂-၂၀၂၃ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ကြောင်းနှင့် အဆိုပါ လုပ် ဆောင်ချက်သည် တရုတ်နှင့် အာဖရိကတို့အကြား ကုန်သွယ်မှုကို ပိုမိုအားကောင်းစေမည်ဟု ကျွမ်း ကျင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက မှတ်ချက်ပြုထားကြောင်း ecns.cn သတင်း၌ ဖော်ပြ ထားသည်။

Angola၊ Gambia၊ Congo ၊ Madagascar၊ Mali နှင့် Mauritania တို့မှ ကုန်ပစ္စည်း (၉၈) % ကို ၂၅-၁၂-၂၀၂၃ ရက်နေ့မှစတင်၍ သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေးမည်ဟု နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ကော်မရှင်က ဒီဇင်ဘာ ၂၆ တွင် ကြေညာခဲ့ကြောင်း သိရှိရသည်။

ယခုဆောင်ရွက်မှုသည် အဆိုပါအာဖရိကနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှု အတွက် ကြီးမားသော အကျိုးသက်ရောက် မှုရှိလိမ့်မည်ဟု အာဖရိကမှ ကုန်ပစ္စည်းမျိုးစုံကို တင် သွင်းရောင်းချနေသည့် Beijing Wise Century Trading Co ၏ အမှုဆောင်ဒါရိုက်တာ Sarah Wang က Global Times သို့ ပြောကြားခဲ့သည်။

အကောက်ခွန်ကင်းလွတ်ခွင့်ကြောင့် အဆိုပါနိုင်ငံများသည် ၎င်းတို့၏ပြည်တွင်းထွက်ကုန် များအတွက် ကုန်ပစ္စည်းရောင်းချမှုကို တိုးချဲ့နိုင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားငွေများရရှိရန်နှင့် အလုပ်အကိုင်များဖန်တီးရန် နည်းလမ်းသစ်များကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း Wang က ဆက်လက် ပြောကြားခဲ့သည်။

အခွန်လျှော့ချမှုကို အကောင်အထည်ဖော်ခြင်းသည် တရုတ်-အာဖရိက ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးကို ဖြည့်ဆည်းပေးရန်နှင့် WTO ၏ ကုန်သွယ် မှု အကူအညီပေးရေးအစီအစဉ် (Aid for Trade Initiative) အရ ၎င်း၏တာဝန်ကို လက်တွေ့ဖြစ် လာစေရန် သိသာထင်ရှားသည့်လုပ်ဆောင်ချက်ဖြစ်ကြောင်း ပေကျင်းနိုင်ငံခြားလေ့လာရေး တက္ကသိုလ်မှ ပါမောက္ခ Song Wei က Global Times သို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုမြှင့်တင်ခြင်းသည် အာဖရိက၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ ရေးကွင်းဆက်များတွင် ပိုမိုပေါင်းစည်းနိုင်မှုကို မြှင့်တင်ပေးမည့် အဓိကအချက်တစ်ခုဖြစ်သည်ဟု Song က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

လွန်ခဲ့သည့် ၂ နှစ်အတွင်း အာဖရိက ၂၁ နိုင်ငံသည် ၎င်းတို့၏ ကုန်ပစ္စည်း ၉၈ ရာခိုင်နှုန်းအပေါ် တရုတ်၏ အခွန်စည်းကြပ်မှု ဖယ်ရှားခြင်းမှ အကျိုးအမြတ်များ ရရှိခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရှိရသည်။

အဆိုပါလုပ်ဆောင်မှုသည် တရုတ်-အာဖရိက ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို ပုံဖော်ရန်နှင့် မျှဝေသည့် အနာဂတ်နှင့်အတူ အရည်အသွေးမြင့် တရုတ်-အာဖရိက အသိုက်အဝန်းကို အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကော်မရှင်က ပြောကြားခဲ့ ကြောင်း၊ နောက်တစ်ဆင့်တွင် တရုတ်နိုင်ငံသည် ၎င်းနှင့်သံတမန်ဆက်ဆံရေးထူထောင်ထားသည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအားလုံးကို အကောက်ခွန်ကင်းလွတ်ခွင့်ပြုခြင်းအား ဆက်လက်တိုးချဲ့သွား မည်ဖြစ်ကြောင်း ကော်မရှင်က ပြောကြားခဲ့သည်ဟု သိရှိရသည်။

နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ပေးသည့်အပြင် အကောက်ခွန်ကင်းလွတ်ခွင့်ပြုခြင်းသည် ကပ်ရောဂါဖြစ်ပွားပြီးနောက် စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန် အာဖရိကနိုင်ငံများအား ကူညီပေးမည်ဖြစ်ကြောင်း တရုတ်လူမှုသိပ္ပံအကယ်ဒမီအောက်ရှိ အာဖရိကလေ့လာရေးကဏ္ဍ အကြီးတန်းသုတေသနအဖွဲ့ He Wenping က Global Times သို့ ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိသည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် အကောက် ခွန်ကင်းလွတ်ခွင့်ပြုသည့် ကုန်ပစ္စည်းစာရင်းကို တိုးချဲ့ခြင်းအပါအဝင် သွင်းကုန်ခွန်ကင်းလွတ်ခွင့် ပြုခြင်းသည် ၂၀၂၁ တွင် ကျင်းပသည့် ၈ ကြိမ်မြောက် တရုတ်-အာဖရိက ပူးပေါင်းဆောင် ရွက်ရေးဖိုရမ်တွင် ပြုလုပ်ခဲ့သော တရုတ်၏ ကတိကဝတ်များကို အဓိကထား အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု Zhejiang Normal University မှ သုတေသနအရာရှိ Shiwei က Global Times ကို ပြောကြားခဲ့သည်။

သွင်းကုန်ခွန်ကင်းလွတ်ခွင့်သည် အထူးသဖြင့် တိုးတက်လာလျက်ရှိသော စိုက်ပျိုးရေးကဏ္ဍ အတွက် ကုန်သွယ်မှုကို ပိုမိုအားကောင်းစေပြီး အရည်အသွေးမြင့် အာဖရိကထုတ်ကုန်များကို တရုတ်ဈေးကွက်သို့ ပိုမိုယှဉ်ပြိုင်နိုင်သော ဈေးနှုန်းဖြင့် ဝင်ရောက်နိုင်စေမည်ဖြစ်ကြောင်း လေ့လာ သူများက ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည် အာဖရိကမှ လယ်ယာထွက်ကုန် တင်သွင်းမှု သိသိသာသာ မြင့်တက်လာခဲ့ပြီး နှစ်စဉ်ပျမ်းမျှ တိုးတက်မှုနှုန်းသည် (၁၁.၄)ရာခိုင်နှုန်းရှိကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ China Academy of International Trade and Economic Cooperation မှ ထုတ်ပြန်သော China-Africa Economic and Trade Relationship Report 2023 ၌ ဖော်ပြထားသည်။  

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသည် အာဖရိက၏ လယ်ယာထွက်ကုန်များအတွက် ဒုတိယ အကြီးဆုံး ပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး စုစုပေါင်း တင်သွင်းမှုမှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံဖိုးရှိကြောင်း သိရှိရသည်။

Madagascar၊ Mali နှင့် Mauritania တို့မှ တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ တင်ပို့မှု ပမာဏမှာ အတန်အသင့် ကောင်းမွန်နေသောကြောင့် အခွန်ကင်းလွတ်ခွင့်မူဝါဒသည် အဆိုပါနိုင်ငံ များအတွက် ပိုမိုအကျိုးရှိစေမည်ဟု တရုတ်စိုက်ပျိုးရေး တက္ကသိုလ်မှ ပါမောက္ခ Tang Lixia က Global Times သို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် တင်သွင်းသည့်နိုင်ငံသစ်များ များပြားလာခြင်းသည် စားနပ်ရိက္ခာဖူလုံမှုကို အားကောင်းစေပြီး ၎င်း၏ သွင်းကုန်အရင်းအမြစ်များကို ကွဲပြားစေကာ နိုင်ငံ တကာ၌ ယွမ်အသုံးပြုမှုကိုလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာစေမည်ဖြစ်သည်။

သွင်းကုန်ခွန်ကင်းလွတ်ခွင့်ပြုသည့် ကုန်ပစ္စည်း(၉၈)ရာခိုင်နှုန်းသည် စားသောက်ကုန်များ ဖြစ်သည့် ကော်ဖီ၊ စားအုန်းဆီ၊ ပင်လယ်စာနှင့် ဟင်းခတ်အမွှေးအကြိုင်များမှသည် အစားအစာ မဟုတ်သော သီးနှံများဖြစ်သည့် sisal နှင့် ရော်ဘာအထိ ပါဝင်ကြောင်း သိရှိရသည်။

ထို့အပြင် အဆိုပါ ၆ နိုင်ငံသည် သဘာဝသယံဇာတကြွယ်ဝကြောင်း၊ ဥပမာအားဖြင့် ကွန်ဂို သည် ဓာတုဒြပ်စင်တစ်မျိုးဖြစ်သည့် cobalt အဓိကထုတ်လုပ်သူဖြစ်ပြီး အန်ဂိုလာသည်  ရေနံစိမ်း နှင့် စိန်များကို အဓိကတင်ပို့လျက်ရှိကြောင်း အစီရင်ခံစာများတွင် သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ပထမ ၁၁ လတွင် တရုတ်-အာဖရိက ကုန်သွယ်မှုစုစုပေါင်း ယွမ် ၁ ဒသမ ၈၁ ထရီလီယံ (ဒေါ်လာ ၂၅၃ ဒသမ ၆၅ ဘီလီယံ)ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၇ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ သိရှိရသည်။

အာဖရိကနိုင်ငံများမှ ကုန်ပစ္စည်းများအပေါ် တရုတ်နိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ခွင့် ပြုခြင်းသည် ကမ္ဘာတောင်ဘက်ခြမ်းရှိ နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများနှင့် မူဝါဒ ချိတ်ဆက်မှုနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကောင်းမွန်သောအချက် ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ကုန်သွယ်မှုသည် အခြေခံထုတ်ကုန်များ တင်ပို့/တင်သွင်းခြင်းဖြစ်၍ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အဆိုပါနိုင်ငံများ၏ ထုတ် ကုန်ထောက်ပံ့မှုစွမ်းရည်ကို ပိုမိုကောင်းမွန်စေပြီး ကမ္ဘာ့စက်မှုလုပ်ငန်းကွင်းဆက်များထဲသို့ ပိုမို ပေါင်းစပ်နိုင်စေရန် ကူညီပေးမည်ဖြစ်ကြောင်း သိရှိရသည်။ 

ကေခိုင်ကျော်