အိန္ဒိယနိုင်ငံတွင် ရာဘီ (ဆောင်းရာသီ) သီးနှံများ စိုက်ပျိုးမှု ယခင်နှစ်ကထက် ၅ ရာခိုင်နှုန်းကျဆင်း

အိန္ဒိယနိုင်ငံတွင် ရာဘီ (ဆောင်းရာသီ) သီးနှံများ စိုက်ပျိုးမှုဧရိယာသည် လွန်ခဲ့သောနှစ်က ထက် ၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဟက် တာ ၄၃၄ ဒသမ ၆၆ သိန်းရှိပြီး ပုံမှန်စိုက်ပျိုးဧရိယာ၏ ၆၇ ရာခိုင်နှုန်းသာ ရှိကြောင်းနှင့် ယမန်နှစ်က ဟက်တာ ၄၅၈ ဒသမ ၇၇ သိန်းရှိခဲ့သည့်အတွက် ၅ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂျုံစိုက်ဧရိယာမှာလည်း လွန်ခဲ့သောနှစ်က ဟက်တာ ၁၉၇ ဒသမ ၁၄ သိန်းရှိခဲ့ရာမှ ယခုနှစ်တွင် ဟက်တာ ၁၈၇ ဒသမ ၈၈ သိန်း ရှိသည့်အတွက် ၅ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း သိရသည်။ သို့သော် Uttar Pradesh ပြည်နယ်တွင် ဟက်တာ ၂ ဒသမ ၁၉ သိန်းနှင့် Madhya Pradesh ပြည်နယ်တွင် ဟက်တာ ၂ ဒသမ ၁၃ သိန်းတိုးမြင့်ခဲ့ပြီး၊ Rajasthan တွင် ဟက်တာ ၄ ဒသမ ၆ သိန်း၊ Bihar တွင် ဟက်တာ ၃ ဒသမ ၄၆ သိန်း၊ Gujarat တွင် ဟက်တာ ၁ ဒသမ ၈၁ သိန်းနှင့် Haryana တွင် ဟက်တာ သုညဒသမ ၈၁ သိန်း အသီးသီး ကျဆင်းခဲ့ကြောင်း သိရသည်။ Karnataka နှင့် Maharashtra ပြည်နယ်တို့တွင်လည်း ဂျုံစိုက်ဧကများ ကျဆင်းခဲ့ကြောင်း သိရသည်။
ဂျုံစိုက်ဧရိယာစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းတွင် အယ်နီညိုရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော ဂျုံမျိုးများကို စိုက်ပျိုးထားရှိသည့်အတွက် ၎င်းတို့အပေါ်မူတည်၍ သတ်မှတ်ထုတ်လုပ်မှု ရည်မှန်း ချက် တန်ချိန် ၁၁၄ သန်းရရှိမည်ဟု မျှော်လင့်ကြောင်း အိန္ဒိယစိုက်ပျိုးရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဆောင်းရာသီ ပဲမျိုးစုံ စိုက်ပျိုးဧရိယာကိုကြည့်လျင် ပဲနီလေးစိုက်ဧကများပြားပြီး စုစုပေါင်း ပဲစိုက်ဧရိယာမှာမူ ယမန်နှစ်က ဟက်တာ ၁၁၉ ဒသမ ၃၇ သိန်းရှိပြီး၊ ယခုနှစ်တွင် ဟက်တာ ၁၀၈ ဒသမ ၀၉ သိန်းရှိ သည့်အတွက် ၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ အဓိက ဆောင်းပဲဖြစ်သည့် ကုလားပဲ စိုက် ဧရိယာမှာ လက်ရှိတွင် ဟက်တာ ၇၅ ဒသမ ၀၉ သိန်းရှိပြီး၊ ယခင်နှစ်ကထက် ၁၂ ရာခိုင်နှုန်း ကျဆင်းကာ ပဲနီလေးမှာ ဟက်တာ ၁၄ ဒသမ ၃ သိန်းရှိပြီး၊ ယခင်နှစ်ကထက် ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။
အခြားနှံစားသီးနှံများ စိုက်ပျိုးဧရိယာမှာ ယခင်နှစ်က ဟက်တာ၄၁ ဒသမ ၆၈ သိန်းရှိခဲ့ရာမှ ယခုနှစ် တွင် ဟက်တာ ၃၉ ဒသမ ၉၃ သိန်းသာရှိသည့်အတွက် ၄ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့သည်။ လူး/ဆတ်စိုက်ဧက မှာ ယခင်က ဟက်တာ ၁၈ ဒသမ ၂၁ သိန်းရှိပြီး၊ ယခု ဟက်တာ ၁၆ ဒသမ ၇၄ သိန်းသာရှိ၍ ၈ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ပြောင်းစိုက်ဧကမှာ ယခင်က ဟက်တာ ၁၄ ဒသမ ၂၇ သိန်းရှိပြီး၊ ယခု ဟက်တာ ၁၄ ဒသမ ၅၅ သိန်းရှိသည့်အတွက် ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ဘာလီမှာ ယခင်က ဟက်တာ ၇ ဒသမ ၉၈ သိန်း ရှိပြီး၊ ယခု ဟက်တာ ၇ ဒသမ ၉၂ သိန်းရှိသည့်အတွက် ၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် မုန်ညှင်းစိုက်ပျိုးဧကများပြားခဲ့သည့်အတွက် ဆီထွက်သီးနှံစိုက်ဧက အခြေအနေ မှာ များစွာမဆိုးလှဟုဆိုသည်။ မုန်ညှင်းကို ပုံမှန်စိုက်ဧက ဟက်တာ ၇၃ ဒသမ ၀၆ သိန်း ထက်ကျော်လွန်၍ ဟက်တာ ၈၄.၂၆ သိန်းသို့ တိုးချဲ့စိုက်ပျိုးခဲ့သည့်အတွက် ယမန်နှစ်က ဟက်တာ ၈၃ ဒသမ ၇၁ သိန်းနှင့် နှိုင်း ယှဉ်လျင် အနည်းငယ်တိုးမြင့်ခဲ့ကြောင်း သိရသည်။ ဆီထွက် သီးနှံစိုက်ပျိုးဧရိယာ စုစုပေါင်းသည် ဟက်တာ ၈၉ ဒသမ ၄၉ သိန်းရှိပြီး၊ ယမန်နှစ်က ၈၉ ဒသမ ၈၈ သိန်းရှိခဲ့သည့်အတွက် ကျဆင်းခဲ့ကြောင်း သိရသည်။ ၎င်းတွင် မြေပဲစိုက်ဧက ၅၄၀၀၀ ဟက်တာပါဝင်သည်။ မြေပဲသည် နွေသီးနှံဖြစ်သော်လည်း Karnataka၊ Tamil Nadu၊ Telangana၊ Andhra Pradesh နှင့် Odisha ပြည်နယ်တို့၌ ဆောင်းရာသီ တွင် ဟက်တာပေါင်း ၇ သိန်းခန့် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။
စပါးစိုက်ဧကကို ကြည့်လျင် ယခင်နှစ်က ဟက်တာ ၁၀ ဒသမ ၇ သိန်းရှိပြီး၊ ယခုနှစ်တွင် ဟက်တာ ၉ ဒသမ ၂၈ သို့ရောက်ရှိလျက်ရှိကာ၊ Tamil Nadu ပြည်နယ်တွင် အများဆုံး စိုက်ပျိုးကြောင်း သိရသည်။ ယခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အတွင်း Rajasthan၊ Karnataka၊ Andhra Pradesh ပြည် နယ် Rayalseema ဒေသ၊ Bihar ပြည်နယ် အနောက်မြောက်ပိုင်းနှင့် Karnataka အနီးရှိ Maharashtra ပြည်နယ် ဒေသအချို့၌ မြေဆီလွှာအစိုစွတ်မှာ လွန်ခဲ့သော ၈ နှစ်အတွင်း ပျှမ်းမျှရှိရ မည့် အနေအထားထက် လျှော့နည်းခဲ့ကြောင်း သိရသည်။ သို့သော် Gujarat၊ Rajasthan၊ Madhya Pradesh နှင့် Maharashtra ပြည်နယ်များရှိ နေရာဒေသအချို့တွင် လွန်ခဲ့သော သီတင်းပတ်က မြေဆီလွှာ စိုစွတ်မှုအခြေအနေ ပိုမိုတိုးတက်ကောင်းမွန်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးမှု ဧရိယာမှာ လွန်ခဲ့သောနှစ်ကထက် ၅ ရာ ခိုင်နှုန်းခန့်ကျဆင်းခဲ့သည်။ ဂျုံကို ပြည်နယ်အချို့တွင် ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးခဲ့သော်လည်း ကျန်ပြည်နယ်အများအပြားတွင် စိုက်ပျိုးမှုကျဆင်းခဲ့သည်ကို တွေ့ရှိရသည်။ ပဲမျိုးစုံကဏ္ဍတွင် ပဲနီလေးစိုက်ဧကတိုးတက်ခဲ့ပြီး၊ ကျန်ပဲအမျိုးမျိုး၏ စိုက်ပျိုးဧရိယာများ ကျဆင်းခဲ့ကြောင်း တွေ့ရှိရ ပါသည်။ ဆီထွက်သီးနှံကဏ္ဍတွင် မုန်ညှင်းစိုက်ပျိုးဧရိယာများပြားပြီး၊ ကျန်ဆီထွက်သီးနှံများ စိုက် ပျိုးမှုကျဆင်းခဲ့သည်။ စပါးစိုက်ဧကသည် ယခင်နှစ်ကထက် အနည်းငယ်သာ ကျဆင်းခဲ့သည်ကို တွေ့ရှိရသည်။
ကောင်းထွဋ်အောင်
ရည်ညွှန်းချက်။ The Hindu Business Line သတင်းဌာန၊ “Sowing area of Rabi crops down 5% at 434.66 lakh hectares”