အီဂျစ်ရှောက်သံပုရာတင်ပို့သူများ လာမည့်ရာသီအတွက် မျှော်လင့်ချက် မြင့်မား

အီဂျစ်ရှောက်သံပုရာတင်ပို့သူများအတွက် ရာသီအလွန်တွင် ပင်လယ်ဓါးပြများကြောင့် ကုန်စည်သယ်ဆောင်မှုလုပ်ငန်းများ ဆိုင်းငံ့ ထားရသည့် ပင်လယ်နီအကျပ်အတည်းက လွှမ်းမိုးထားဆဲ ဖြစ်ကြောင်း၊ အထူးသဖြင့် အာရှဈေးကွက် တင်ပို့သူများအနေဖြင့် Bab Al Mandab ရေလက်ကြားကိုဖြတ်၍ သင်္ဘောများ ဖြတ်သန်း သွားလာရန် စိုးရိမ်ရကြောင်း Globagro’s Export မှ မန်နေဂျာ မာမွတ် အလ်မက်ဒယ်နီက ပြောသည်။
ဆက်လက်ဖြစ်ပွားနေသော ရှောက်သံပုရာတင်ပို့မှု အကြပ်အတည်းသည် ပင်လယ်နီဒေသရှိ ပို့ဆောင်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ စိုးရိမ်မှုများကြောင့် သတိကြီးစွာထားကာ လုပ်ကိုင်ဆောင်ရွက်မှုမှ တဆင့် ကောင်းမွန်သော အခြေအနေကို ဖြစ်စေနိုင်ကြောင်း၊ ဤလမ်းကြောင်းတွင် ဖြတ်သန်းချိန်နှင့် သယ်ယူပို့ဆောင်စရိတ်များကို ထိခိုက်စေနိုင်သည့် စိန်ခေါ်မှုများကို သိရှိနားလည်ထားကြောင်း၊ သို့သော်လည်း အခက်အခဲများကြားမှ လယ်ယာထွက်ကုန်ထွက်ရှိမှုပမာဏ အလားအလာပိုကောင်းလာမှု၊ အသီးအရွယ်အစားများ ကြီးလာမှုနှင့် ပြည်ပဝယ်လိုအား မြင့်မားလာနိုင်ချေရှိမည့် လာမည့်ရာသီအတွက် ၎င်းတို့၏ မျှော်လင့်ချက်များ မြင့်မားနေကြောင်း Elmedany က ပြောကြားသည်။
လွန်ခဲ့သည့်ရာသီက ဖြစ်ပေါ်ခဲ့သည့် အရွယ်သေးငယ်သည့် ရှောက်သံပုရာသီးများ ထုတ်လုပ်မှု ယခုရာသီတွင် မရှိတော့ကြောင်း၊ ယခုနှစ်တွင် အရွယ်အစားကြီးမားသည့် ရှောက်သံပုရာသီးများ ထုတ်လုပ်ရန် မျှော်လင့်ထားကြောင်း၊ ဈေးနှုန်းများသည် မှန်းထားသည့် အတိုင်း အနည်းငယ်မျှသာ မြင့်တက်လာနိုင်ကြောင်း၊ အီဂျစ် ပေါင်နှင့် US ဒေါ်လာကြား ငွေလဲလှယ်နှုန်းသည် သီးနှံစျေးနှုန်း အတက်အကျကို ပိုမိုလွှမ်းမိုးလာသဖြင့် ထည့်သွင်းစဉ်းစားသင့်ကြောင်း Elmedany မှ ပြောကြားခဲ့သည်။
ယခုရာသီတွင် အီဂျစ်ပို့ကုန်လုပ်ငန်းရှင်များသည် ထောက်ပံ့ပို့ဆောင်ရေး အကျပ်အတည်းမရှိသည့် ခိုင်မာသော ဥရောပ ဝယ်လိုအား ကြောင့် အကျိုးအမြတ်များရရှိနေကြပြီး ကမ္ဘာ့ဝယ်လိုအားကမူ ပင်လယ်နီ၏ အခြေအနေ ဖြေရှင်းနိုင်မည့်အပေါ် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
အီဂျစ် ရှောက်သံပုရာဝယ်လိုအားသည် ၎င်း၏ထူးခြားသောအရသာနှင့် သင့်လျော်သည့် ဈေးနှုန်းများကြောင့် ခိုင်မာဆဲဖြစ်ကြောင်း၊ သစ်သီးများကိုထုပ်ပိုးခြင်းနှင့် အမျိုးအစားခွဲခြင်းဆိုင်ရာ တိုးတက်မှုနှင့်အတူ အထူးသဖြင့် ယခုနှစ်တွင် အရွယ်ကြီးမားသည်များ တောင်းဆိုလျက်ရှိနေကြောင်း၊ အသစ်တည်ထောင်ထားသော Globagro ကုမ္ပဏီသည် အရှေ့တောင်အာရှ (ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားအပါအဝင်) နှင့် ဥရောပနိုင်ငံများသည် အလားအလာရှိသော စျေးကွက်များကို ပစ်မှတ် ထားလျက်ရှိကြောင်း၊ ရာသီအလိုက် လတ်ဆတ်သောအသီးအနှံများ နှင့် ဟင်းသီးဟင်းရွက်မျိုးစုံအပြင် IQF စတော်ဘယ်ရီနှင့် ကြက်သွန်နီကွင်းများကဲ့သို့သော အေးခဲ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ ရှိနေကြောင်း၊ အာဖရိကဈေးကွက်လည်း ရှိနေကြောင်း၊ မည်သည့်ဈေးကွက်အခွင့်အလမ်း ကိုမဆို မိမိတို့က မတူကွဲပြားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း (၂၂.၁၂.၂၀၂၃) ရက်နေ့ Frashplaza သတင်းဆောင်းပါး အရ သိရှိရသည်။
ဟေမန်အောင်မင်း
https://www.freshplaza.com/asia/article/9588421/our-expectations-remain-high-for-the-season-ahead/