လတ်ဆတ်သည့် ဟင်းသီးဟင်းရွက် တန်ချိန် ၆ သိန်းကျော် ဂျပန်တင်သွင်း

၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံအနေ ဖြင့် ကြက်သွန်နီ၊ ငရုတ်ကောင်း၊ ဖရုံအစရှိသော လတ်ဆတ်သည့် ဟင်း သီးဟင်းရွက်တန်ချိန် ၆၂၁,၆၉၆ တန် တင်သွင်းခဲ့သည်။ ဂျပန်နိုင်ငံသို့ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ အများဆုံးတင်ပို့ခဲ့သည့် နိုင်ငံများမှာ တရုတ်၊ တောင်ကိုရီးယား၊ မက္ကဆီကိုနှင့် အမေရိကန်တို့ ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်ဈေးကွက်မှာ တန်ချိန် ၁၃ ဒသမ ၆ သန်းရှိခဲ့ပြီး၊ ၅ ရာခိုင်နှုန်းမှာ ပြည်ပမှ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံအနေဖြင့် ဟင်း သီးဟင်းရွက်တန်ချိန် ၁၂ ဒသမ ၉ တန် စိုက်ပျိုးထုတ်လုပ်ခဲ့ကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ သိရှိရသည်။ ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ အများဆုံးထုတ်လုပ်ခဲ့သော လတ် ဆတ်သည့် ဟင်းသီးဟင်းရွက်များမှာ အာလူး ၁၇ ဒသမ ၇ ရာခိုင်နှုန်း၊ ဂေါ်ဖီ ၁၁ ဒသမ ၃ ရာခိုင်နှုန်း၊ ကြက်သွန်နီ ၉ ဒသမ ၄ ရာခိုင်နှုန်း နှင့် မုန်လာဥဖြူ ၉ ဒသမ ၁ ရာခိုင် နှုန်းဖြစ်သည်။
ဂျပန်နိုင်ငံ၌ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ ထုတ်လုပ်မှုမှာ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခု နှစ်တို့တွင် တန်ချိန် ၁၃ သန်းအောက်ကျဆင်းခဲ့ပါသည်။ထိုသို့ဖြစ်ရခြင်း၏ အဓိကအကြောင်း အရင်း မှာ သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူအရေအတွက်မှာ ၂၀၁၅ ခုနှစ်တွင် ၃၇၀,၀၀၀ ဦးရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၂၇ ရာခိုင်နှုန်းကျဆင်းကာ ၂၇၀,၀၀၀ သာ ကျန်ရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်းနှင့် သီးနှံစိုက်ပျိုးထုတ် လုပ်သူ တောင်သူအရေအတွက်မှာ ဆက်လက်ကျဆင်းနိုင်ကြောင်း ခန့်မှန်းထား ကြသည်။
၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၆၅၂ ဒသမ ၁ သန်းတန်ဖိုးရှိ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ တင်သွင်းခဲ့ပြီး၊ အများဆုံးတင်သွင်းခဲ့သည့် တရုတ် ၅၀ ရာခိုင်နှုန်း၊ တောင်ကိုရီးယား ၁၂ ရာခိုင်နှုန်း၊ မက္ကဆီကို ၁၁ ဒသမ ၄ ရာခိုင်နှုန်းနှင့် အမေရိကန် ၈ ရာခိုင်နှုန်းတို့ ဖြစ် သည်။ ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံအနေဖြင့်ပြည်ပနိုင်ငံများမှအများဆုံး တင်သွင်းခဲ့သည့် ဟင်းသီးဟင်း ရွက်များမှာကြက်သွန်နီ ၂၄၂,၀၁၅ တန်(၃၈ ဒသမ ၉ ရာခိုင်နှုန်း)၊ မုန် လာဥနီ ၈၉,၁၂၁ တန်(၁၄ ဒသမ ၃ ရာခိုင်နှုန်း)၊ကြက်သွန်မြိတ် ၅၉,၅၄၉ တန် (၉ ဒသမ ၆ ရာခိုင် နှုန်း)နှင့် ဖရုံသီး ၅၄,၉၃၉ တန် (၈ ဒသမ ၈ ရာခိုင်နှုန်း) တို့ ဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင် လူဦးရေကျဆင်းလျက်ရှိခြင်းကြောင့် လတ် ဆတ်သည့် ဟင်း သီးဟင်းရွက်များ စားသုံးမှုမှာလည်း ၂၀၂၂ ခုနှစ် နှင့်နှိုင်းယှဉ် ပါက ၂၀၂၃ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။
သူဇာဖြိုး