အိန္ဒိယနိုင်ငံတွင် အစိုးရသစ်၏ ရက် ၁၀၀ အစီအစဉ်အတွက် အဓိက ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ သောကြာနေ့တွင် တွေ့ဆုံမည်။

အိန္ဒိယနိုင်ငံတွင် အစိုးရသစ်၏ ရက် ၁၀၀ အစီအစဉ်အတွက် အဓိက ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ သောကြာနေ့တွင် တွေ့ဆုံမည်။

အိန္ဒိယနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲအပြီး တာဝန်ယူမည့် အစိုးရသစ်၏ ပထမရက် ၁၀၀ စီးပွားရေးဆိုင်ရာအစီအစဉ်ကိုဆွေးနွေးရန်အတွက် အစိုးရအဖွဲ့အတွင်းရေးမှုးသည် အရေးကြီး သောစီးပွားရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရန် သောကြာနေ့တွင် စီစဉ်ထားကြောင်း သိရသည်။ 

ယင်းတွေ့ဆုံပွဲသို့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလက်မှုဝန်ကြီး ဌာန၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဆိုင်ရာ ဝန်ကြီးဌာနများ အပါ အဝင် တာဝန်ရှိသူများတက်ရောက်ကြမည်ဖြစ်ကြောင်း၊ တွေ့ဆုံပွဲတွင်  ကုန်စည်နှင့်ဝန် ဆောင်မှု အခွန် (GST) ကောက်ခံမှုနှုန်းထားများ၊  လူမွဲခံယူမှုဆိုင်ရာဥပဒေ ပြင်ဆင်ရေးများနှင့်  လက်ရှိစိန် ခေါ်မှုအခက်အခဲများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ 

ဖေဖော်ဝါရီ ၂၉ ရက်က ထုတ်ပြန်ခဲ့သော ပထမကြိုတင်ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံ၏ စီး ပွားရေးသည် ၂၀၂၃-၂၄ ခုနှစ်တွင် ၇.၆ ရာခိုင်နှုန်း တိုးတက်မည်ဟု မျှော်မှန်းထားကြောင်းနှင့် နိုင်ငံ သည် ရေနံစိမ်းစျေးနှုန်းမတည်ငြိမ်မှုများ၊ ကမ္ဘာ့ဝယ်လိုအားကျဆင်းမှုနှင့် ပထဝီဝင်နိုင်ငံရေး ယိုယွင်း နေသည့်အန္တရာယ်များနှင့်ရင်ဆိုင်နေရကြောင်းနှင့်  အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ဌာနဆိုင်ရာများမှ  အသေးစိတ်ရှင်းလင်းတင်ပြကြမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေး ပထမအပိုင်းတွင် ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဝန်ကြီးဌာနများ၏ အားသာချက်၊ အားနည်းချက်များ၊ ဒုတိယပိုင်းတွင်  အစိုးရသစ်၏ ပထမရက် (၁၀၀) အတွက် လက်ရှိစိန်ခေါ်မှု များ၊  မူဝါဒများနှင့်  ဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေးသွားမည်ဟု အမည်မဖော်လိုသူ အရာရှိ တစ်ဦးက ပြောကြားထားသည်။ အဆိုပါ အစည်းအဝေးတွင် Covid-19 နှင့် ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် အစိုးရအနေဖြင့် ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ခြင်းမရှိသော စီမံ ကိန်းများနှင့်  ဆိုင်းငံ့ထားသော အရေးကြီးသည့်စီမံကိန်းများကိုလည်း ပြန်လည်သုံးသပ်မည်ဖြစ် ကြောင်း သိရသည်။ 

ဝန်ကြီးဌာနများသည် လာမည့် ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၁၀၀ အတွက် အစီအစဉ် တစ်ခုအပြင် နိုင်ငံအား ၂၀၄၇ ခုနှစ်တွင် Viksit Bharat (ဖွံ့ဖြိုးပြီးနိုင်ငံ) အဖြစ်သို့ ပြောင်းလဲရန် အတွက်မျှော်မှန်းချက်စာတမ်းကို ရေးဆွဲနေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် ရွေးကောက်ပွဲကို  ဧပြီလ ၁၉ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး မဲရေတွက်ခြင်းကို ဇွန်လ ၄ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်သည်။ သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် လာမည့်အစိုးရသစ်၏ ပထမ ရက် ၁၀၀ အတွက် စီးပွားရေး မူဝါဒများအား ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေမှုအခြေအနေကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး 
နယူးဒေလီမြို့          

Source: Rising prices: Traders may be asked to declare stocks of yellow peas, tur and urad dal regularly, The Economic Times