ဗီယက်နမ်သည် ထိုင်းနိုင်ငံကို ကျော်တက်ပြီး တရုတ်နိုင်ငံသို့ ဒူးရင်းသီးအများဆုံး တင်သွင်းရောင်းချသူဖြစ်လာ
၂၀၂၄ ခုနှစ် ပထမနှစ်လတွင် ဗီယက်နမ်သည် ယခင်ရာသီလက်ကျန် ဒူးရင်းသီးများကြောင့် တရုတ်နိုင်ငံသို့ ဒူးရင်းသီးအများဆုံး တင်သွင်းရောင်းချသူအဖြစ် ထိုင်းနိုင်ငံကို ကျော်တက်သွားခဲ့ ကြောင်း၊ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းများမှတစ်ဆင့် တရုတ်စျေးကွက် သို့ ဒူးရင်းသီးဝင်ရောက်ခွင့်ရရှိပြီးကတည်းက ဗီယက်နမ်သည် တရုတ်နိုင်ငံသို့ ဒူးရင်းသီး အဓိက တင်သွင်းသူအဖြစ် ရပ်တည်နေခဲ့ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း စုစုပေါင်းဒူးရင်းသီးတန်ချိန် (၅၃,၁၁၀) တင်သွင်းခဲ့ပြီး ယမန်နှစ် အလားတူကာလထက် (၀.၄)ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ယင်းတို့အနက် (၃၂,၇၅၀)တန်၊ (၆၁.၇%)သည် ဗီယက်နမ်မှ ဖြစ်ပြီး ကျန်(၁၉,၆၁၄) တန်၊ (၃၆.၉%) နှင့် (၇၄၅)တန်၊ (၁.၄%) တို့သည် ထိုင်းနှင့် ဖိလစ်ပိုင်တို့မှ ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါကာလအတွင်း ဗီယက်နမ်မှ တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုသည် ၂၀၂၃ ခုနှစ်ထက် (၂.၄)ဆ ပိုမိုများပြားခဲ့ပြီး ထိုင်းနိုင်ငံ၏ တင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ် ထက်ဝက်ကျဆင်းခဲ့ ကြောင်း၊ စျေးနှုန်းအရ ဗီယက်နမ်ဒူးရင်းသီးသည် တစ်တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ(၄,၉၁၆) ရှိပြီး ထိုင်းဒူးရင်းသီးသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၆,၁၃၃) ခန့်ရှိကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသို့ ဗီယက်နမ်ဒူးရင်းသီးတင်ပို့မှု တိုးလာရခြင်းမှာ တစ်နှစ်ပတ်လုံး သစ်သီးရရှိ နိုင်မှုနှင့် ဗီယက်နမ်နိုင်ငံ၏ ပထဝီဝင်အနေအထားအရ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေ ခြင်း တို့ကြောင့်ဖြစ်ပြီး ထိုအချက်(၂)ချက်စလုံးသည် ထောက်ပံ့ပို့ဆောင်ရေးကို လွယ်ကူချောမွေ့ စေပြီး ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စေကြောင်း ဗီယက်နမ်နိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အသင်းမှ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
တရုတ်ဈေးကွက်မှ ဝယ်လိုအား များပြားခြင်းကြောင့် ဗီယက်နမ်ဒူးရင်းသီးဈေးသည် မတ်လ တွင် စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ရာသီမရွေးစိုက်ပျိုးသည့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ဈေး နှုန်းများသည် နှစ်စကတည်းက မြင့်တက်ခဲ့ပြီး မတ်လတွင် လစဉ်ပျမ်းမျှထက်(၁၅)ရာခိုင်နှုန်း မြင့် တက်ခဲ့ကြောင်း၊ Grade A Monthong ဒူးရင်းသီးများကို တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် (၂၁၈,၀၀၀) မှ (၂၃၀,၀၀၀)ဖြင့် ရောင်းချခဲ့ပြီး အဆင့် B နှင့် C ဒူးရင်းသီးများကို တစ်ကီလိုလျှင် ဒေါင် (၁၉၅,၀၀၀)မှ (၂၀၀,၀၀၀) (အမေရိကန်ဒေါ်လာ ၇.၈၂–၈.၀၂)နှင့် ကီလိုဂရမ်လျှင် ဒေါင် (၁၀၀,၀၀၀) အမေရိကန်ဒေါ်လာ(၄.၀၁)ဖြင့် ရောင်းချခဲ့ကြောင်း၊ အခြားတစ်ဖက်တွင်မူ Ri6 အမျိုးအစား ဒူးရင်း သီးများသည် ရောင်းလိုအား များပြားသဖြင့် ဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသို့ အေးခဲဒူးရင်းသီးတင်ပို့မှုအခြေပြစာချုပ်ကို လက်မှတ်ရေးထိုးရန်အတွက် ကြို တင်ပြင်ဆင်မှုအနေဖြင့် ဗီယက်နမ်စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၏ အပင်ကာကွယ်ရေးဌာနသည် တရုတ်နိုင်ငံ၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန်အတွက် စိုက်ပျိုးဧရိယာများနှင့် ပြုပြင်ထုတ်လုပ်သည့် စက်ရုံများကို စစ်ဆေးရန် တောင်းဆိုခဲ့ကြောင်း၊ အေး ခဲထားသော ဒူးရင်းများကို တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ပြုပါက ၎င်း၏ ပို့ကုန်တန်ဖိုးသည် တစ်နှစ်ထက်တစ်နှစ် (၃၀)ရာခိုင်နှုန်း တိုးလာနိုင်ကြောင်းနှင့် ယခုနှစ်တွင် တရုတ်နိုင်ငံသို့ ဒူးရင်းသီး တင်ပို့မှုသည် အမေရိကန်ဒေါ်လာ (၃.၅)ဘီလီယံအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်ဟု Nguyen က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သစ်သီးအရည်အသွေးနှင့်စပ်လျဉ်း၍ ဗီယက်နမ်ဒူးရင်းသီးတင်ပို့မှုအချို့တွင် cadmium စစ်ဆေးတွေ့ရှိသဖြင့် တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့က မကြာသေးမီ က သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း၊ ဗီယက်နမ်တွင် ၎င်းဖြစ်ရပ်၏ အရင်းအမြစ်ကို စုံစမ်းရန် အတွက် ယခုအခါ ပြည်တွင်း၌စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရပါသည်။ အပင်ကာ ကွယ်ရေးဌာန၏အဆိုအရ ဖြစ်နိုင်ခြေရှိသည်မှာ အနီးနားရှိ စက်ရုံများမှ ရေဆိုးများ၊ မြေဆီလွှာ သို့မဟုတ် ဓာတ်ငွေ့ထုတ်လွှတ်မှုများအပြင် အသီးအနှံများကို ဆေးကြောရာတွင် အသုံးပြုသည့် ရေများလည်း ပါဝင်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် စိုက်ပျိုးသူများ အား ၎င်းတို့၏ သွင်းအားစုများနှင့် စိုက်ပျိုးရေးအလေ့အကျင့်များအပေါ် တင်းကြပ်သောထိန်းချုပ်မှု များကို အကောင်အထည်ဖော်ရန်နှင့် နောက်ထပ်ပြဿနာများကို ရှောင်ရှားနိုင်ရန် ပို့ဆောင်ခြင်း မပြုမီ cadmium အဆင့်ကို သေချာစွာစမ်းသပ်ရန် တာဝန်ရှိသူများက တိုက်တွန်းထားကြောင်း သိရှိရပါသည်။
ကေခိုင်ကျော်၊ စီးပွားရေးသံမှူး
နန်နင်းမြို့
Source: https://www.producereport.com/article/vietnam-overtakes-thailand-chinas-top-durian-supplier