မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး

မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး

meat
အသားဓာတ်အတွက် မွေးမြူရေး

"အသားစားကြမလား” ဟုမေးလျှင် လူအများစုက စားကြမည်ဟုဖြေကြမည်မှာ ဧကန်မလွဲဖြစ်ပါသည်။ လူတို့သည် အသက်ရှင်သန်နိုင်ရေး၊ ခွန်အားဗလကြီးထွားရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးရေး၊ ကျန်းမာရေးအတွက်လို အပ်သည့် ပရိုတိန်း(ခေါ်)အသား ဓာတ်ရရှိရန် အသားအမျိုးမျိုးကို စားသုံးကြရပါသည်။ ထို့ပြင် သွားရည်စာအနေဖြင့်လည်းကောင်း၊ အပန်းဖြေစားသောက်ရာတွင်လည်းကောင်း အသားတစ်မျိုးမျိုးမပါမဖြစ် ထည့်သွင်းစားသုံးကြသကဲ့သို့ ဘာ သာရေးအလှူအတန်းပွဲများ၏ အကျွေးအမွေးကဏ္ဍတွင်လည်း အသားဟင်းအမျိုးမျိုးဖြင့် စေတနာ သဒ္ဒါထက်သန်စွာ ကျွေးမွေးဧည့်ခံလေ့ ရှိကြပါသည်။ 

ဤသို့ဖြင့် လူတိုင်းလိုလိုအသားကို ခုံမင်နှစ်သက်စွာစားသုံးကြသော်လည်း လူတိုင်း မွေးမြူရေးပြုလုပ်ကြသည်တော့မဟုတ်ပေ။ လူတိုင်းလူတိုင်း မွေးမြူရေးလုပ်သင့်သည်၊ လုပ်ရမည်ဟုလည်း မဆိုလိုပါ။ သို့သော် အသားစားသုံးမှုနှင့် မကင်းနိုင်သောလူထု၊ နေ့စဉ်နှင့်အမျှ တိုးပွားလျက်ရှိသော လူဦးရေတို့အတွက် အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားလာစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဆိုသောအချက်ကို လျစ်လျူရှု့၍ မဖြစ်ပါ။ ရေတိုရေရှည်မျှော်တွေး၍ စီမံချက် ချပြီး ဆောင်ရွက်ကြမှသာ တိုးပွားလာသော လူဦးရေနှင့်အညီ စားရေ ရိက္ခာဖူလုံ၍ ပိုလျှံသည်တို့ကို ရောင်း ဝယ်ဖောက်ကားခြင်းဖြင့် ပြည်သူ လူထု၏ လူမှုစီးပွားဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ် ပါသည်။

အရေးကြီးသောမွေးမြူရေးကဏ္ဍ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ အပိုဒ်-၂ တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက် ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူ လူထု တစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ပါဝင်သကဲ့ သို့ ဦးတည်ချက် ၉ ရပ်အနက် စီးပွားရေးကဏ္ဍ၏အပိုဒ်(က)တွင် တိုင်းပြည်သာယာဝပြောရေးနှင့်စားရေ ရိက္ခာဖူလုံရေးတို့အတွက် တိုင်း ရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေး မြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည် ဆောက်ရေးဟုထည့်သွင်းဖော်ပြထားရာ သားငါးကဏ္ဍ ဖြစ်သည့် မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍ မည်မျှအလေးအနက်ထားရှိကြောင်း သိသာထင်ရှားလျက် ရှိပါသည်။

တိရစ္ဆာန်မွေးမြူမှုအခြေအနေ

မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံနှင့်အဝန်းမွေးမြူထားရှိအခြေ အနေမှန်ကို သိရှိနိုင်ရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမှုပြုလုပ်ခဲ့ပါသည်။ ထို့နောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှ ဒီဇင်ဘာ အထိထပ်မံ၍ တိရစ္ဆာန် ကောင်ရေစာရင်းကောက်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လတွင် စာရင်းများအတည်ပြု ထုတ်ပြန်ခဲ့ရာ  ဇယားပါအတိုင်းတွေ့ရှိနိုင်ပါသည်။    

ကောက်ယူခဲ့သောတိရစ္ဆာန်ကောင်ရေစာရင်းများအရ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သည် အသားထုတ်လုပ်မှုအတွက် လိုအပ်သည့်တိရစ္ဆာန်အရင်းအမြစ်များဖြစ်သော ကျွဲ၊ နွား၊ သိုး၊    ဆိတ်၊ ဝက်၊ ကြက် တို့ကို အများဆုံးမွေးမြူထားရှိပြီး မွေးမြူရေးတိုးချဲ့ဆောင်ရွက်ရန် အလားအလာကောင်းများရှိသည့် ဦးစားပေးတိုင်းဒေသကြီးနှင့်ပြည်နယ်များ ဖြစ်ကြောင်းတွေ့ရှိရပါသည်။ 

တိရစ္ဆာန်ကောင်ရေစာရင်းများကို လေ့လာကြည့်ရာတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၅)နှစ်အတွင်းကောင်ရေတိုးတက်မှုများ တွေ့ရှိနိုင်မည်ဖြစ်ပါသည်။ တိုးတက်မွေးမြူထုတ်လုပ်မှုများနှင့်အတူ တစ်ဖက်တွင်လည်း တိုးပွားလာသောလူဦး ရေနှင့်အညီစားသုံးမှုများပြားလာခြင်း၊ နိုင်ငံခြားသို့ တင်ပို့ရောင်းချမှု ခွင့်ပြုပေးခဲ့ခြင်းတို့လည်းရှိခဲ့ပေရာ တဟုန်ထိုးကောင်ရေ တိုးပွားများ ပြားလာသည့် အခြေအနေမျိုးကိုဖြင့် မတွေ့ရှိရပါ။ ရောင်းကုန်နှင့်ဈေး ကွက်သဘောတရားအရ လိုအပ်မှု(demand)နှင့်ထုတ်လုပ်မှု (Supply)တို့ကြားတွင် ထိန်းညှိနေသည့် အခြေအနေမျိုးလည်း ရှိနိုင် သည်ဟု စာရေးသူအနေဖြင့် သုံး သပ်မိပါသည်။ မြန်မာနိုင်ငံ၏ လက် ရှိ အသားစားသုံးမှုသည် အိမ်နီးချင်းနိုင်ငံများထက်များစွာနိမ့်ကျနေခြင်း၊ ဈေးကွက်ခိုင်မာမှုမရှိခြင်းသည် စိန် ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။  ကောင်း မွန်သော မွေးမြူရေးကျင့်စဉ်လိုက် နာမှု၊ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ပြောင်းလဲမှုနှင့် ဆွဲဆောင်မှုရှိသော ထုပ်ပိုး ပြင်ဆင်မှုတို့သည်လည်း အားနည်းချက်ရှိနေသာ အချက်များဖြစ်ပါသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကအခြေခံသော နိုင်ငံတစ်ခုလည်းဖြစ်ပါသည်။ အရှေ့ တောင်အာရှတွင် လူဦးရေသိပ် သည်းမှုအနည်းဆုံးနိုင်ငံဖြစ်ပြီး လူဦး ရေ၏ သုံးပုံနှစ်ပုံခန့်မှာ ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ကြပါသည်။ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများသည်လည်း ကျေးလက်ဒေသများတွင် အများစုလုပ်ကိုင်ကြပါသည်။ ရှေးအစဉ်အလာကတည်း က မိရိုးဖလာနည်း စနစ်များနှင့်တစ်ပိုင်တစ်နိုင်မွေးမြူမှုဓလေ့များ ယနေ့ထက်တိုင်ရှိနေဆဲဖြစ်ပါသည်။ အသိ အမြင်ကျယ်၍လုပ်ငန်းချဲ့ထွင်လုပ် ကိုင်လာကြသည့်တောင်သူများ သည်ခေတ်မီသိပ္ပံနည်းကျ နည်းစ နစ်များဖြင့် တစ်ပိုင်တစ်နိုင်မှသည် တစ်အုပ်တစ်မစီးပွားဖြစ် အထိလုပ် ကိုင်ဆောင်ရွက်လာကြသည်များလည်း ရှိကြပါသည်။ ခေတ်မီအအေးပေးစနစ်များဖြင့် မွေးမြူလာကြသည်အထိ တိုးတက်မှုများလည်း တွေ့ရှိနိုင် ပါသည်။

တစ်ခုတည်းသော မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

ဤသို့ တောရောမြို့ပါ တစ်ပိုင် တစ်နိုင်မှသည် စီးပွားဖြစ်လုပ်ငန်းကြီးများအထိလုပ်ကိုင်နေကြ သည့်မွေးမြူရေးကဏ္ဍကို ထိန်းကျောင်းကူညီပံ့ပိုးမှုပြုရသည့် အစိုးရဌာနကြီးဟူ၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တစ်ခုတည်းသာရှိပါသည်။ ယခင်က မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း ဟူ၍ ညီ နောင်ဌာနတစ်ခုရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၃ ခုနှစ်က ဖျက်သိမ်းပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအောက်သို့ ပူးပေါင်းသွတ်သွင်းလိုက်ပါသည်။ ယင်းနောက် အသားကဏ္ဍဘေးကင်းလုံခြုံရေး၊ အသားကဏ္ဍဖူလုံစေရေးဟူသော ဦးတည်ချက်နှစ်ရပ်ဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါသည်။

မွေးမြူရေးနှင့်ကုသရေးဦစီးဌာနသည် ကူးစက်ရောဂါကာကွယ်ဆေးအမျိုးမျိုး ထုတ်လုပ်ခြင်း နှင့် ကာကွယ်ကုသပေးခြင်း၊ နွားမေထုန်မဲ့သားစပ်ရန် မျိုးကောင်းမျိုးသန့် မျိုးရည်ခဲချောင်းများ ထုတ်လုပ်ခြင်းနှင့် မေထုန်မဲ့သားစပ်ပေးခြင်း၊ မွေးမြူ ရေးနည်းပညာပေးသင်တန်းနှင့်ဟောပြောပွဲ များပြုလုပ်ပေးခြင်း၊ တိရစ္ဆာန်မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးခြင်း၊ အရင်းအနှီးငွေကြေးလိုအပ်သူများ အား အတိုးနှုန်းအနည်းဆုံးဖြင့် ချေးငွေရရှိရေး ဆောင်ရွက်ပေးခြင်း၊မြစိမ်းရောင်မွေးမြူရေးကျေး ရွာ စီမံကိန်းများကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မွေးမြူရေးဘဏ်စနစ်နှင့် မွေးဘက်စနစ်များဖော် ဆောင်၍ အရင်းအနှီးရရှိစေရန် ကူ ညီဆောင်ရွက်ခြင်း၊ နိုင်ငံခြားပို့ကုန်ဈေးကွက်များ ဖန်တီးဖော် ဆောင်ပေးခြင်းနှင့် ကောင်ရေအလွန်အကျွံလျော့ပါးမှုမဖြစ်စေရန် ပြန်လည်ဖြည့်တင်းမှု လုပ်ငန်းများ ဆောင် ရွက်ခြင်း၊ လိုအပ်သောအမိန့်ညွှန် ကြားချက်များ ထုတ်ပြန်၍ ခရိုင်ကျော်/ တိုင်းဒေသကြီး ပြည်နယ်ကျော် သယ်ဆောင်မှုများ ထိန်းသိမ်းပေးခြင်း၊ ခိုင်မာသောမွေးမြူရေးဆိုင် ရာဥပဒေပြဌာန်းချက်များ ပေါ်ပေါက်လာစေရေးဆောင်ရွက်ခြင်း၊ တိရစ္ဆာန်အစာဆိုင်၊ တိရစ္ဆာန်ဆေးဝါးဆိုင်၊သားသတ်ရုံတည် ဆောက်မှုတို့နှင့်ပတ်သက်သော အမိန့်ညွန်ကြားချက်များထုတ်ပြန်ခြင်း၊အာဟာရပြည့်ဝသော တိရစ္ဆာန် အစာပင်မြက်မျိုးမားဖြန့်ဖြူးပေးခြင်း၊ မွေးမြူရေးတိရစ္ဆာန် အမျိုးမျိုးအတွက် ကောင်းမွန်သောမွေးမြူ ရေးကျင့်စဉ်များ(GAHP)ရေးဆွဲထုတ်ပြန်ခြင်း၊မွေးမြူရေးဇုန်များ ဖော်ထုတ်နိုင်ရေးကူညီဆောင်ရွက်ခြင်း စသည့်ကြီးမား ကျယ်ပြန့်သောလုပ်ငန်းများကိုရှိသမျှဝန်ထမ်းအင်အားဖြင့် ဆောင်ရွက်ချီတက်လျက်ရှိပါသည်။

ဌာန၏ကြိုးပမ်းဆောင်ရွက်မှုများနှင့်အတူ မွေးမြူရေးလုပ်ငန်းရှင် ကြီး၊ လတ်၊ ငယ် အမျိုးမျိုး တို့သည်လည်း ဝိုင်းဝန်းပူးပေါင်း၍ တိုးချဲ့မွေးမြူရေးလုပ်ငန်းများကို ဟန်ချက်ညီညီ အကောင်အထည် ဖော်ဆောင်ရွက်ကြမည်ဆိုလျှင် မြန်မာနိုင်ငံ၏ အသားကဏ္ဍအနေ ဖြင့် စားရေရိက္ခာဖူလုံရုံမျှမက နိုင်ငံရပ်ခြားသို့ တင်ပို့ရောင်းချနိုင်ပြီး နိုင်ငံအတွက် အခွန်ဘဏ္ဍာများ တိုး ပွား ရရှိကာ မွေးမြူသူတို့၏ လူမှုစီးပွားဘဝ များလည်းတိုးတက်လာမည်ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး