ငါးပုစွန်မွေးမြူရေးကဏ္ဍတွင် အီးအမ်၏ အကျိုးသက်ရောက်မှုများ

စိုက်ပျိုးရေးတွင် တစ်ဧကအထွက်တိုးနှုန်းနှင့် အရည်အသွေးကောင်း သော သီးနှံများ ထွက်နှုန်းမြင့်မားလာစေရန်လည်းကောင်း၊မွေးမြူ ရေးတွင်လည်း ကြီးထွားနှုန်း၊ရှင်သန်နှုန်း၊ဥနှုန်း၊မျိုးပွားနှုန်းများ မြင့်မားလာစေရန်လည်းကောင်း ခေတ်မီသိပ္ပံနည်းကျ နည်းပညာများကို တီထွင်အသုံးပြုလာကြပါသည်။
ပညာရှင်များမှ စိုက်ပျိုးမွေးမြူ ရေးနည်းစနစ်သစ်အမျိုးမျိုးကို ဖော်ထုတ် အသုံးပြုလာကြသည့်အနက် ၁၉၈၀ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံ၊ အိုကီနာဝါတက္ကသိုလ်မှ ပညာရှင်ဒေါက်တာ Higo ရှာဖွေတွေ့ရှိခဲ့သောစိုက်ပျိုးရေးနှင့်မွေးမြူရေးတွင် အရေးပါအရာရောက်သော E.M (Effective Microorganisms) ခေါ် အကျိုးပြုအဏုဇီဝဘက်တီးရီး ယားများအား အသုံးပြုနည်းစနစ်ကို ဖော် ထုတ်ဖြန့်ဖြူးခဲ့ကြပါသည်။ယခုအခါ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်းတော် တော်များများ၌ စိုက်ပျိုးမွေးမြူရေးနည်းလုပ်ငန်းများတွင် E.M နည်းပညာကို အသုံးပြုနေကြပြီ ဖြစ်ပါ သည်။ မွေးမြူရေးကဏ္ဍ၌ E.M ၏ အကျိုးသက်ရောက်မှုများကို တင်ပြသွားပါမည်။
အီးအမ်(E.M)ကို တိရစ္ဆာန် မွေးမြူရေး၌
- အစာထဲ၌ အီးအမ်ဘိုကာရှီကို ဖြည့်စွက်အစာအဖြစ် ထည့်သွင်းပေးခြင်း
- အီးအမ်အရည်ကို သောက်ရေထဲ၌ ထည့်သွင်းပေးခြင်း
- အီးအမ်အရည်ကို မွေးမြူရေးခြံအဆောက်အဦ၌ ပက်ဖျန်းပေးခြင်း
- အီးအမ်ဘိုကာရှီ(E.M Bokashi)အား အောက်ကြမ်းခင်းပြင်၌ ဖြူးပေးခြင်း
- စွန့်ထုတ်အညစ်အကြေးများ၌ အနံ့ဆိုးနှင့်ယင်ကောင်များ ဖယ်ရှားရန်အတွက် ထည့်သွင်းခြင်းတို့တွင် အသုံးပြု၍ရပါသည်။
တိရစ္ဆာန်မွေးမြူရေး၌အီးအမ်၏အကျိုးသက်ရောက်မှု
- အမိုင်နိုအက်ဆစ်၊ဗီတာမင်နှင့် အင်ဇိုင်းများထုတ်ပေးသဖြင့် အစာချေဖျက်မှုနှင့် စုပ်ယူ မှု ကောင်းမွန်ကာ ကြီးထွားနှုန်းကောင်းမွန်ခြင်း
- ခုခံစွမ်းရည်(Immunity) မြင့်မားစေသဖြင့် ကျန်းမာရေးကောင်းမွန်စေခြင်း
- ခြံအဆောက်အဦများ၌ ယင်၊မှက်၊အင်းဆက်များကို ဖယ်ရှားလျော့နည်းစေခြင်း
- အညစ်အကြေးများ၏ အနံ့ဆိုးများကို ပပျောက်လျော့နည်းစေခြင်း
- နို့၊ကြက်ဥ၊အသားထုတ်လုပ်မှုနှုန်း မြင့်မားလာစေခြင်းနှင့် မျိုးပွားနှုန်းကောင်းမွန်စေခြင်း
- ပဋိဇီဝဆေးဝါးနှင့် ပိုးသတ်ဆေးလိုအပ်ချက်များကို လျော့နည်းစေခြင်း စသော အကျိုးကျေးဇူးများကို ရရှိစေပါသည်။
ငါးပုစွန်မွေးမြူရေး၌လည်း အဏုဇီဝဘက်တီးရီးယား၏ အခန်းကဏ္ဍမှာအလွန်အရေးပါအရာရောက်ကြောင်း တွေ့ရှိရပါသည်။အဏုဇီဝ ဘက်တီးရီးယားများသည် ငါးပုစွန်မွေးမြူရေးကန်များထဲရှိ နုန်းထုထဲ ၌လည်းကောင်း၊ ရေအောက်အပင် နှင့် ကျောက်တုံး၊အရာဝတ္ထုစသည်များ၌ တွယ်ကပ်၍လည်းကောင်း သဘာဝအလျောက်တွေ့ရှိရပါ သည်။ သို့သော် ငါးမွေးမြူရေး၌ ငါးထည့်သွင်းနှုန်း မြင့်မားလာပြီး အစာ ကျွေးမွေးမြူလာကြသဖြင့် ငါးများ၏ နေ့စဥ်စွန့်ထုတ်အညစ်အကြေးများ နှင့် အစာကျန်များသည် ကန်ရေထု ညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါသည်။
ထို့ပြင် ယင်းကန်အောက်ခြေ၌ အညစ်အကြေးနှင့် နုန်းများ စုပုံလာပြီး သဘာဝအလျောက်ရှိနေသော အကျိုးပြုဘက်တီးရီးယားများ၏ အရေအတွက်ပမာဏဖြင့် ထိန်းသိမ်းနိုင်စွမ်း လျော့နည်းလာခြင်းကြောင့် ဖြစ်ပေါ်လာသော အမိုးနီးယား၊ H2S ကဲ့သို့သော အဆိပ်အတောက်များ နှင့် D.O အောက်စီဂျင်ကျဆင်းမှုတို့သည် ငါးများ၌ ကြီးထွားနှုန်းကျဆင်းခြင်း၊ F.C.R မြင့်တက်ခြင်း၊ မျိုးပွားနှုန်းညံ့ဖျင်းခြင်း၊အသားအရောင် အရည်အသွေးညံ့ခြင်း၊ရာသီဥတု အပြောင်းအလဲ၌ ဖိစီးမှုဒဏ်ကြောင့် ငါးများသေဆုံးခြင်း စသည့်ပြဿနာများကို ဖြစ်စေပါသည်။
ထို့ကြောင့် ပညာရှင်များမှ စီးပွား ဖြစ်ငါးပုစွန်မွေးမြူရေးကန်များ၌ အီးအမ်အကျိုးပြုဘက်တီးရီးယားများကို နည်းစနစ်အမျိုးမျိုးဖြင့်ထည့် သွင်းပေးခြင်းဖြင့် အထက်ပါပြဿ နာများကို ထိန်းသိမ်းကာကွယ်နိုင်ကြောင်းကို လက်တွေ့စမ်းသပ် တင်ပြကြရာ ယခုအခါ တိရစ္ဆာန်မွေးမြူ ရေးတွင်သာမက ငါးပုစွန်ကန်တွင်း မွေးမြူ ရေး၌ပါ အကျိုးရှိစွာ သုံးစွဲနေ
ကြပြီး ဖြစ်ပါသည်။
အီးအမ်(E.M)အကျိုးပြု ဘက်တီးရီးယားအုပ်စုများမှာ
- Lactic acid Bacteria
- Photosynthetic Bacteria
- Actinomycetes
- Yeast
- Aspergillusနှင့်Penicillium Spp:
- Nitrobacter စသည်တို့ ပါဝင်ကြပြီးငါးပုစွန်မွေးမြူရေးကန်များ၌
- E.M Bokashi ဘိုကာရှိ ဖြည့်စွက်အစာကို အစာနှင့်အတူ ထည့်သွင်းကျွေးခြင်း။
- E.M Inoculant အီးအမ်အားဖြည့်ရည်ကို ကန်ရေထဲသို့ ထည့်သွင်းပေးခြင်း။
- E.M Disinfectant အီးအမ် ကန်သန့်ဆေးရည်ကို ကန်ရေထဲသို့ ထည့်သွင်းပေးခြင်းဖြင့် ငါးမွေးမြူ ရေး၌ အောက်ပါအကျိုးသက် ရောက်မှုများကို ရရှိစေပါသည်။
E.M အကျိုးပြု ဘက်တီးရီးယားများသည် အစာမှတဆင့် အစာအိမ်အူလမ်းကြောင်း သို့ ရောက်ရှိလာပြီး ၄င်းတို့မှထုတ်လုပ်သော Lactic Acid, Acetic acid, Citric acid နှင့် Propionic acid များကြောင့် မကောင်းသောဘက်တီးရီးယားများ ၏ ရှင်သန်မှုကို ထိန်းချုပ်ဖယ်ရှားပေးသည်။
- အစာခြေ အင်ဇိုင်းများ၊အမိုင်နိုအက်ဆစ်နှင့် ဗိုက်တာမင်များ ထုတ် လုပ်ပေးသဖြင့် အစာချေဖျက်မှု၊စုပ်ယူမှုနှင့် မကြေညက်နိုင်သော အစာများကို ပြိုကွဲချေဖျက်ပေးမှု စွမ်းရည်ကောင်းလာပြီး အာဟာရဓာတ်များ ပိုမိုရရှိစေကာ ကြီးထွားနှုန်းကို အထောက်အကူပြုပါသည်။
- E.M ဘက်တီးရီးယားများမှ Antioxidant များ ထုတ်ပေးခြင်းကြောင့် ငါးများ၏ ရောဂါခုခံမှုစွမ်းအားတိုးမြင့်စေခြင်းနှင့် စွန့်ထုတ်အညစ်အကြေးများ၌ အမိုးနီးယား ပါဝင်နှုန်း လျော့နည်းစေသဖြင့် ရေ ထုညစ်ညမ်းမှုကို လျော့နည်းစေပါသည်။
- ကန်ရေထဲသို့ အရည်ပုံစံ E.M အားဖြည့်ရည်နှင့် E.M ကန်သန့်ဆေး ရည်များကို ပုံမှန် ထည့်သွင်းပေးသောအခါ E.M ဘက်တီးရီးယားများသည် ကန်ရေနှင့် ကန်အောက် ခြေရှိ နုန်းနှင့် အော်ဂဲနစ်အညစ် အကြေးများကို decomposition ပြုလုပ်ပြိုကွဲစေကာ ယင်းထဲမှ နိုက်တြိုဂျင်၊ဖော့စဖောရပ်နှင့် အာဟာရဓာတ်များကို ထုတ်ပေးသဖြင့် ကန်ရေရှိသဘာဝအစာမျှောလှေး (Plankton) များ ပွားများလာပြီး ရေသြဇာတက်လာစေပါသည်။
- ကန်ရေအညစ်အကြေးများနှင့် ငါးများ၏ ကိုယ်ပေါ်ရှိ ရောဂါဖြစ်စေနိုင်သော ဘက်တီးရီးယား၊ပရိုတိုဇွ နှင့် မှိုများကို ဖယ်ရှားရှင်းလင်းစေပါသည်။
- အမိုးနီးယားနှင့် ဟိုက်ဒြိုဂျင်ဆာလာဖိုဒ်အဆိပ်အတောက်များကို ဖယ်ရှားပေးပါသည်။
- ကန်ရေ၏ ဓာတု၊ရူပ အရည် အသွေးကို ကောင်းမွန်စေပြီး ကန်ရေ၏ ကြည်လင်မှုကို ဖြစ်ပေါ်စေသည်။
- နုန်းနှင့် အော်ဂဲနစ် အညစ်အ ကြေးများကို ပြိုကွဲချေပျက်ပြီး ငါးများစားနိုင်သောအစာတစ်ရပ် ဖြစ် လာစေသဖြင့်နုန်းထုလျော့နည်းလာပြီး အစာလိုအပ်ချက်ကို လျော့နည်းစေပါသည်။
- ငါးအသားလွှာ၌ မကောင်းသောအနံ့(Off-Flavour)ဖြစ်ပေါ်မှုကို လျော့နည်းစေပါသည်။
Photosynthetic ဘက်တီးရီးယားများ၏လုပ်ဆောင်ချက်မှ (Molecular Oxygen) မော်လီကျူလာအောက်စီဂျင်ကို ထုတ်ပေးသဖြင့် D.O အောက်စီဂျင်ကို ထုတ်ပေးသဖြင့် D.O အောက်စီဂျင်ရရှိမှု မြင့်မားလာပါသည်။
ငါးမှုံပြုစုကန်များ၌ E.M Disinfectant ကန်သန့်ဆေးရည်ကို ငါးမှုံမထည့်သွင်းမီ ၂ရက် ကြိုတင်ထည့်သွင်းပေးခြင်းဖြင့် ကန်ရေထဲရှိ အင်းဆက်ပိုးမွှားများကို ဖယ်ရှားရှင်းလင်းပေးပြီး ရှင်သန်နှုန်း မြင့်မားစေပါသည်။
ငါးပုစွန်ကန်တွင်း စီးပွားဖြစ်မွေးမြူရေး၌ E.M အဏုဇီဝ အကျိုး ပြုဘက်တီးရီးယားများ၏ အခန်းကဏ္ဍသည် အလွန်အကျိုးသက် ရောက်မှု ရှိစေကြောင်းကို ပညာရှင်များမှ လေ့လာတွေ့ရှိကြသဖြင့် စိုက် ပျိုးမွေးမြူရေး လုပ်ငန်းအသီးသီး၌ သာမက ငါးပုစွန်မွေးမြူရေးလုပ်ငန်းများတွင် သိပ္ပံနည်းကျ မွေးမြူရေးစနစ်အဖြစ် အိန္ဒိယ၊ ဂျပန်၊ တရုတ် တိုင်ပေ၊ကိုရီးယား၊ထိုင်း၊ဗီယက်နမ်၊ မလေးရှား စသော နိုင်ငံများအပြင် ကမ္ဘာတစ်ဝှမ်းအသုံးပြုလာကြပြီဖြစ် ပါကြောင်း မြန်မာနိုင်ငံငါးပုစွန်မွေး မြူရေးလုပ်ငန်း ရှင်များသို့ လေ့လာတင်ပြအပ်ပါသည်။
ဇော်ကြီး(ငါးဦးစီး)