စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၆)

ဗာဂဲန်နီကန်တက္ကသိုလ် သည် ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးဆိုင်ရာအ ကောင်းဆုံး နံပါတ်တစ် တက္ကသိုလ် ဖြစ်ပါသည်။ လူဦးရေ သန်း ၂၀ လောက်ပဲရှိသည့် ဤနိုင်ငံသေးသေး က လေး က စိုက်ပျိုးမွေးမြူရေးကို အဆင့်မြင့်ပညာသင်ကြား၊ သုတေ သနပြုမှုမှာ ကမ္ဘာ့ နံပါတ်တစ် ဗိုလ်စွဲထားတာ အလွန်စိတ်ဝင်စားစရာကောင်းပြီး အားကျအတုယူရအောင်ပါ။
(၁) ပထမဆုံးအနေနှင့် တက္ကသိုလ်နှင့်သုတေသနဌာန ပေါင်းထားခြင်းဖြစ်ပါသည်။ စုပေါင်းညှိနှိုင်းဆောင် ရွက်မှု အကျိုးရလဒ် (Synergy Effect; Synergism) ကြောင့် အတွေးအခေါ်ကောင်းများ စုပေါင်းရရှိသဖြင့် တိုးတက်သွားခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံရေဆင်းနယ်မြေတွင် တက္ကသိုလ် (University) ၃ ခု၊ သုတေ သနဌာန (Research Institute) ၃ ခု နီးကပ်စွာတည်ရှိပါသည်။ မော် တော်ကား၊ စက်ဘီး၊ ဆိုင်ကယ်ဖြင့် သွားရုံသာမက လမ်းလျှောက်သွားလျှင်ကိုပဲ သွားလို့ရပါသည်။ ထိုကဲ့ သို့ စုပေါင်းတည်ရှိနေသော နေရာတွင်ကျွန်တော်တို့နိုင်ငံအတွက် အထူး လိုအပ်လျက်ရှိသော စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း (ငါး၊ ပုစွန်)၊ သစ်တောပညာ၊ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးတို့ကို စုပေါင်းအားဖြင့် ဗာဂဲန်နီကန်တက္ကသိုလ်ကဲ့သို့ သင်ကြားရေး၊ သုတေသန၊ တောင်သူနှင့်လူထုပညာပေးလုပ် ငန်းများ (Agricultural Extension and Community Services) ကို ပေါင်းစည်းသည့်စနစ် (Merger System) သို့မဟုတ် အစုအဝေးဖြင့် ဆောင်ရွက်သည့်စနစ် (Cluster System)ဆောင်ရွက်ပါကယခုထက် ပိုပြီး သင်ကြားရေး၊ သုတေသန များ ပိုမိုတိုးတက်လာမည်လား စိတ်ကူးယဉ်မိပါသည်။
(၂) ဒုတိယအနေဖြင့် အခြားတက္က သိုလ်များကဲ့သို့ ဘာသာရပ်ပေါင်းစုံ (Multi-Disciplinary Approach) နှစ်စဉ် သင်ကြားပေးနိုင်သော၊ သင် ယူခွင့်ရှိသော အခွင့်အလမ်းရှိနေခြင်းပါ။ အိန္နိယနိုင်ငံကဲ့သို့ နိုင်ငံများတွင် စိုက်ပျိုး၊ မွေးမြူရေး ဆိုင်ရာ တက္ကသိုလ် (Agricultural Uni-versity) ဟူ၍ နာမည်နှင့် ဘောင်ကန့်သတ်ထားပါသည်။ ဗာဂဲန်နီကန်တက္ကသိုလ်ကတော့ ဘောင်ခတ်မထားဘဲ စိုက်ပျိုးရေးနှင့် ဆက်စပ်ဘာသာရပ်များကို အကုန်ဆွဲသွင်းထားခြင်းပါ။ ၂၀၁၈-ခုနှစ် ဇွန်လတုန်းက ရေဆင်းစိုက်ပျိုးရေး တက္က သိုလ်နှင့် ဗာဂဲန်နီကန်တက္ကသိုလ်နှစ်ခု နားလည်မှု စာချွန်လွှာ ရေးထိုးပွဲ (MoU – Memorandum of Under-standing) ပြုလုပ်ရန် ကျွန်တော်တို့အဖွဲ့ ထိုတက္ကသိုလ်သို့ သွားရောက်ခဲ့ပါသည်။ တက္ကသိုလ်၏ မှန်ခြံ (Glass House) အကြောင်းကို ဆွေးနွေးရာ တာဝန်ရှိသူတစ်ဦးက ဤမှန်ခြံထဲတွင် ပါရဂူဘွဲ့သုတေသန လူ ၁၀၀၀-ဦး တပြိုင်နက် ပြုလုပ်၍ရသည်ဟု ပြောခဲ့ပါသည်။ ကြွားလှချည်လားဟု ထင်မိရာတကယ် သွားကြည့်တော့မှ တစ်မိုင်ပတ်လည်လောက်ကျယ် ဝန်းသည့် မှန်ခြံကြီး အကြီးကြီး ဖြစ်
နေတာကို တွေ့ခဲ့ရပါသည်။
တက္ကသိုလ်၌ မဟာဌာနကြီး ၅ ခုရှိရာ-
(က) သီးနှံနှင့် အပင်သိပ္ပံမဟာဌာန (Faculty of Plant Sciences)
(ခ) စိုက်ပျိုးနည်းပညာနှင့် အစားအသောက်သိပ္ပံ မဟာဌာန (Faculty of Agro-Technology and Food Sciences)
(ဂ) မွေးမြူရေးသိပ္ပံမဟာဌာန (Faculty of Animal Sciences)
(ဃ) ပတ်ဝန်းကျင်သိပ္ပံ မဟာဌာန (Faculty of Environmental Sciences) နှင့်
(င) လူမှုရေးသိပ္ပံ မဟာဌာန (Faculty of Social Sciences) စသည့် မဟာဌာနကြီးများတွင် ပါမောက္ခ ၁၇၀-ဦး က စိုက်ပျိုးမွေးမြူရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်နည်းပညာများကို သင် ကြား သုတေသနပြုလျက်ရှိပါသည်။
ကျွန်တော်တို့နိုင်ငံရှိ စိုက်ပျိုး၊ မွေးမြူရေးနှင့် သစ်တောဆိုင်ရာ တက္ကသိုလ်များမှာ ဘာသာရပ် တစ်ခုချင်း အထူးပြုဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပါမောက္ခ ၂၀-၃၀ ဦးခန့်၊ ကျောင်း သား၊ ကျောင်းသူ အရေအတွက်မှာလည်း နှစ်ထောင်၊ သုံးထောင်လောက်သာ ရှိကြသော တက္ကသိုလ်ငယ်လေးများ ဖြစ်ကြပါသည်။
ဒဂုံတက္ကသိုလ်ကဲ့သို့ ကျောင်း သားငါးသောင်းကျော်ရှိသည့် တက္ကသိုလ်များရှိသော်လည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်နေသော စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ အသုံးချဘာသာရပ်များ သင်ကြားပေးနေမှုမှာ အားနည်းနေသေးပါသည်။ ထို့အတွက် ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များ စာရင်းဝင်လိုသည်ဆိုပါကဘာသာရပ်ပေါင်းစုံ သင် ကြား ပေးသော တက္ကသိုလ်စနစ် (Comprehensive University System) ဖြစ်သင့်ပြီး ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာလည်း တစ်သောင်းအထက် ရှိသင့်ပါသည်။ သုတေသန အခြေခံ တက္ကသိုလ် ဖြစ်ရန်အတွက် စာသင်ကြားမှု အဓိကထားသည့် ပါမောက္ခများ (Teach-ing-based Professors) ရှိရမည့်အပြင် သုတေသနကို အဓိကထားသည့် ဘွဲ့လွန် (မဟာ၊ပါရဂူ ကျောင်း သား၊ ကျောင်းသူ) များနှင့် တွဲဖက်ဆောင်ရွက်နေသော ပါမောက္ခ၊ တွဲ ဖက်ပါမောက္ခများ (Research-based Professors) လည်း များစွာရှိနေရန် လိုပါသည်။ သုတေသနများစွာ ပြုလုပ်ပြီး နိုင်ငံတကာ အသိအ မှတ်ပြုဂျာနယ် (International Referee Journals) များတွင် သု တေသနတွေ့ရှိချက်များကိုပုံနှိပ်ထုတ် ဝေ(Publication) မှသာကမ္ဘာ့ တက္ကသိုလ် အချင်းချင်း အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင် (Competition)
ခြင်း ပြုလုပ်နိုင်ပါလိမ့်မည်။
မဟာဌာန၊ အုပ်စုအဖွဲ့ကြီးများ
(က) သီးနှံနှင့် အပင်သိပ္ပံ (Faculty/Chairs of Plant Sciences) မဟာဌာန/ပါမောက္ခအဖွဲ့ကြီး အောက်တွင်ဘာသာရပ်အစုအဝေး (Cluster / Group) (၆) ခုရှိပါသည်။
(က-၁) စိုက်ပျိုးသီးနှံနည်းပညာ (Agro-Technology)၊ အုပ်စုအောက်တွင် စိုက်ကွင်းဆိုင်ရာနည်းပညာ (Farm Technology) အဖွဲ့ ရှိပါသည်။
(က-၂) ဇီဝမျိုးကွဲများ (Biodiver-sity) အုပ်စု အောက်တွင် ဇီဝအမျိုးအစားခွဲခြားခြင်း (Biosystematics)၊ အပင်မျိုးမွေးမြူရေး (Plant Breeding) အဖွဲ့တို့ရှိပါသည်။
(က-၃) ဇီဝစာရင်းအင်းပညာ (Biometrics) အုပ်စုအောက်တွင် အသုံးချသင်္ချာ (Applied Mathematics)၊ အသုံးချ စာရင်းအင်းပညာ (Applied Statistics) တို့ရှိပါသည်။
(က-၄) ဇီဝသိပ္ပံပညာ (Bioscience) အုပ်စုအောက်တွင် ဇီဝဆိုင်ရာ အချက်အလက်နည်းပညာ (Bioinformatics)၊ ဆဲလ်ဇီဝဗေဒ (Cell Biology)၊ ဗီဇဗေဒ (Genetics)၊ မော်လီကျူးဆိုင်ရာဇီဝဗေဒ (Molecular Biology)၊ အပင်ဇီဝကမ္မဗေဒ (Plant Physiology) တို့ ရှိပါသည်။
(က-၅) အပင်ကာကွယ်ရေး (Crop Protection) အုပ်စုအောက်တွင် ကိမိလဗေဒ (Ento-mology)၊ နီမတုတ်ပညာ (Nematology)၊ အပင်ရောဂါဗေဒ (Phytopatho-logy) နှင့် ဗိုင်းရပ်ပညာ (Virology) တို့ရှိပါသည်။
(က-၆) အပင်စိုက်ပျိုးထုတ်လုပ်ခြင်းစနစ်များ (Plant Production System) အုပ်စုအောက်တွင် သီးနှံနှင့်ပေါင်းဂေဟဗေဒ (Crop and Weed Ecology)၊ စိုက်ပျိုးသီးနှံဇီဝကမ္မဗေဒ (Crop Physiology)၊ စိုက်ပျိုးနည်းစနစ်ဆိုင်ရာဂေဟဗေဒ (Farming Systems Ecology)၊ ဥယျာဉ်ခြံသီးနှံထုတ်လုပ်မှုဇီဝကမ္မဗေဒ (Horticulture production Physiology)၊ အပင်စိုက်ပျိုးထုတ်လုပ်ခြင်း (Plant Production) စသည်တို့ရှိပါသည်။
(ခ) စိုက်ပျိုးနည်းပညာနှင့် အစားအ သောက်သိပ္ပံ (Agro-technology and Food Sciences) အုပ်စုအောက်တွင် ဘာသာရပ် အစုအဝေး (Cluster/Group) (၄) ခုရှိပါသည်။
(ခ-၁) ဇီဝအခြေခံသိပ္ပံ (Bio-based Sciences) များအောက်တွင် ဇီဝအခြေခံဓာတုဗေဒနှင့်နည်းပညာအဖွဲ့(Bio-based Chemistry and Techno-logy) (ဂျပန်နိုင်ငံတွင်တော့ Laboratory ဟုခေါ်ပါသည်၊ နောင်ဆောင်းပါးများတွင် ဆွေးနွေး ပါမည်)၊ ဇီဝပြန်ဖြည့်မျိုးစွမ်းအင်နည်းပညာ (Biological Recovery and Re-Use Technology)၊ ပတ်ဝန်းကျင်နည်းပညာ (Environmental Technology) နှင့် ဇီဝ လုပ်ငန်းစဉ်အင်ဂျင်နီယာပညာ (Bioprocess Engineering) တို့ဖြစ်ပါသည်။
(ခ-၂) ဇီဝမော်လီကျူးသိပ္ပံ (Bio-based Sciences) များအောက်တွင် ဇီဝဓာတုဗေဒ (Biochemistry)၊ ဇီဝနာနိုနည်းပညာ (Bio-Nano Technology)၊ ဇီဝရူပဗေဒ (Biophysics)၊ အဏုဇီဝဗေဒ (Microbiology)၊ ဩဂဲနစ်ဓာတုဗေဒ (Organic Chemistry)၊ အဆိပ်ဗေဒ (Toxicology) စသည်တို့ ဖြစ်ပါသည်။
(ခ-၃) အစားအသောက်သိပ္ပံပညာ (Food Sciences) များအောက်တွင် အစားအစာ ဆိုင်ရာဓာတုဗေဒ (Food Chemistry)၊ အစားအစာဆိုင်ရာ အဏုဇီဝဗေဒ (Food Microbiology)၊ အစားအစာထုတ်လုပ်မှု အင်ဂျင်နီယာပညာ (Food Process Engineering)၊ အစားအစာ အရည်အသွေးနှင့် ဒီဇိုင်းပုံစံ (Food Quality and Design)၊ အစားအစာဆိုင်ရာ ရူပနှင့်သက်မဲ့ ဓာတုဗေဒ (Physics and Physical Chemistry of Foods) တို့ဖြစ်ပါသည်။
(ခ-၄) အာဟာရဓာတ်ဆိုင်ရာသိပ္ပံပညာ (Nutrition Sciences) များအောက်တွင် အာဟာရဓာတ်နှင့်ဖြစ်ပွားနိုင်သောရောဂါများ (Nutrition and Diseases)၊ တစ်ကမ္ဘာလုံးဆိုင်ရာ အာဟာရဓာတ်အကြောင်း (Global Nutrition)၊ အာဟာရဓာတ်၊ ဇီဝတွင်းဖြစ်ပျက်မှုနှင့် ဗီဇဆဲလ်များ (Nutrition, Metabolism and Genomics)၊ အာဟာရဆိုင်ရာ ဇီဝဗေဒနှင့် ကျန်းမာရေး (Nutritional Biology and Health) စသည်တို့ဖြစ်ပါသည်။
(ဂ) လူမှုရေးသိပ္ပံများ (Social Sciences)အုပ်စုအောက်တွင်ဘာ သာရပ်အစုအဝေး (Cluster/Group) (၅) ခုရှိပါသည်။
(ဂ-၁) ကူးသန်းရောင်းဝယ်ရေးသိပ္ပံ (Business Sciences) များအောက်တွင် ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာစီးပွားရေး ပညာ (Business Economics) အဖွဲ့၊ စီးပွားရေး ဆိုင်ရာစီမံအုပ်ချုပ်မှုနှင့် ဖွဲ့စည်းပုံများ (Business Management and Organization)၊ ပညာ ရေးနှင့်သင်ယူရေးဆိုင်ရာ သိပ္ပံများ (Education and Learning Sciences)၊ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာ (Information Technology)၊ ဈေးကွက်နှင့်စားသုံးသူ အလေ့ အထများ (Marketing and Consumer Behaviors)၊ နှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာသု တေသနနှင့် ထောက်ပံ့ပို့ ဆောင်ရေး (Operations Research and Logistics) စသည်တို့ပါဝင်ပါသည်။
(ဂ-၂) ဆက်သွယ်ရေး၊ ဒဿနိက ဗေဒနှင့် နည်းပညာ အဖွဲ့ (Communication, Philosophy and Technology) များအောက်တွင် ဗဟုသုတ၊ နည်းပညာနှင့် တီထွင်မှု (Knowledge, Technology and Innovation) အဖွဲ့၊ ဒဿနိကဗေဒ (Philosophy)၊ မဟာဗျူဟာဆိုင်ရာ ဆက်သွယ်ရေး (Strategic Communication) တို့ပါဝင်ပါသည်။
(ဂ-၃) စီးပွားရေးပညာအဖွဲ့ (Economics) များအောက်တွင် စိုက်ပျိုးစီးပွားရေး နှင့်ကျေးလက်မူဝါဒ (Agricultural Economics and Rural Policy) အဖွဲ့၊ ဖွံ့ဖြိုးမှုဆိုင်ရာ စီးပွားရေးပညာ (Development Economics)၊ ပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးနှင့် သဘာဝ အရင်းအမြစ်များ (Environmental Economics and Natural Resources)၊ ကျေးလက်နှင့် ပတ်ဝန်းကျင်ပညာ သမိုင်းကိုလေ့လာခြင်းပညာ (Rural and Environmental History) နှင့် မြို့ပြ စီးပွားရေးပညာ (Urban Economics) တို့ဖြစ်ပါသည်။
(ဂ-၄) အစုအဖွဲ့၊ နေရာ၊ အသင်းအဖွဲ့ (Space, Place and Society) များအောက်တွင် စားသုံးမှုနှင့် ကျန်းမာစွာနေထိုင်စားသောက်ပုံ (Consumptions and Healthy Lifestyles) အဖွဲ့၊ ကျန်းမာရေးနှင့် လူ့အဖွဲ့အစည်း (Health and Society) အဖွဲ့၊ ကျေးလက်ဒေသ လူမှုရေးပညာ (Rural Sociology) နှင့် လူမှုဗေဒနှင့် ဖွံ့ဖြိုးတိုးတက်မှု ပြောင်းလဲခြင်း (Sociology of Development and Changes) တို့ပါဝင်ပါသည်။
(ဂ-၅) ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာပညာ အသင်းအဖွဲ့ (Sustainability Governance) များအောက်တွင် ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ (Environmental Policy) အဖွဲ့၊ ဥပဒေ (Law)၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့်မူဝါဒ (Public Administration and Policy) တို့ပါဝင်ပါသည်။
ဒေါက်တာမျိုးကြွယ်