မန္တလေးဈေးကွက်
(မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်း၊ ကိုင်းတန်းဈေး၊ သီရိမာလာဈေးတို့မှ ၁၁-၁၁-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)
ဆန်ဈေးကွက်
ရန်ကုန်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းတို့မှာ မြို့တွင်း စားသုံးမှုပုံမှန်ဖြစ်ပြီး နယ်ဝေးတင်ပို့ရမှုမရှိခြင်းကြောင့် တစ်အိတ် ၁၂၅၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမှာ စိုက်ဧကနည်း အထွက်နည်းခြင်း၊ ကထိန်ကာလမြို့တွင်းသုံးစွဲမှုအတွက် ဝယ်ယူမှုများခြင်းတို့ကြောင့် တစ်အိတ် ၁၄၅၀၀၀ ကျပ်မှ ၁၅၅၀၀၀ ကျပ်သို့ ဈေးမြင့်သွား သည်။ မနောသုခဆန်မှာ မိုးစပါးဝင်ချိန်နည်းခြင်း၊ နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် တစ်အိတ် ၇၈၀၀၀ကျပ်မှ ၇၂၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ ငစိန်ဆန်မှာ မိုးစပါးဝင်ချိန်နီးခြင်း၊ မုန့်လုပ်ငန်းသမား ကထိန်ကာလဖြစ်၍ အဝယ်နည်းခြင်းကြောင့် တစ်အိတ် ၅၉၀၀၀ကျပ်မှ ၅၂၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး ဇီယာဆန်မှာ အဝင်နည်းခြင်း၊ မြို့တွင်း စားသုံးမှု ပုံမှန်ရှိသော်လည်း အသစ်ပေါ်ချိန်ဖြစ်ခြင်းကြောင့် အဟောင်းတစ်အိတ် ၈၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။ ဧရာမင်းဆန်မှာ အဝင်ပုံမှန်၊ မြို့တွင်းစားသုံးမှုနှင့် မန္တလေးဝန်းကျင်မှ အဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဆီထွက်သီးနှံနှင့် ဆီဈေးကွက်
မြေပဲ (လုံးဆန်) ဈေးနှုန်းမှာ မိုးမြေပဲ အဝင်နည်းသွားခြင်း၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် နွားထိုးလုံးဆန် ၁၀၀ ပိဿာ အရည်အသွေး အကောင်းဆုံး ၈၃၀၀၀၀ကျပ်၊ မြင်းမူဆံ အကောင်းဆုံး ၈၅၀၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ မြေပဲ (ဆီဆန်)မှာ ဆီစက်သမားအဝယ်ပုံမှန်၊ မိုးမြေပဲအဝင်ပုံမှန်ရှိခြင်းကြောင့် ၁၀၀ ပိဿာ ၇၇၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းမျိုးစုံတို့အနက် နှမ်းဖြူ (ဂျပန်) လှောင်သမားထုတ်ရောင်းမှုရှိခြင်း၊ ဆောင်းနှမ်းစိုက်ပျိုးချိန် ဖြစ်ခြင်းကြောင့် ၄၅ပိဿာလျှင် ၃၁၅၀၀၀ကျပ်မှ ၂၉၅၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်ပြီး နှမ်းဖြူ (ရိုးရိုး) မှာ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၂၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။ နှမ်းညိုမှာမူ အသစ်အဝင်များခြင်း၊ ဆီစက်သမားဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် ၂၈၂၀၀၀ ကျပ်မှ ၂၇၅၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ ပန်းနှမ်းဈေးနှုန်းအနေဖြင့် ပစ္စည်း ရှားခြင်း၊ ဈေးမြင့်သဖြင့် ဘယဆေး သမားနှင့် ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၄၅ပိဿာ ၂၉၅၀၀၀ကျပ် ဈေးတည်ငြိမ်နေပြီး အရောင်း အဝယ်အေးနေသည်။ နေကြာဈေးနှုန်းမှာ မိုးနေကြာအဝင်နည်းခဲ့ခြင်း၊ ဆောင်းနေကြာ စိုက်ပျိုးထားဆဲဖြစ်ခြင်းကြောင့် ၂၇ပိဿာ အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၁၉၃၀၀၀ကျပ်မှ ယခုအပတ်၂၀၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
စားဖိုဆောင်ဈေးကွက်
ငရုတ်ခြောက်(ရှည်)မှာ သာစည်၊ ပျော်ဘွယ်တို့မှ ဝင်ရောက်မှုနည်းသွားခြင်း၊ မြို့တွင်းသုံး အဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၁၂၀၀၀ ကျပ်မှ ၁၃၅၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ငရုတ်ခြောက်(ပွ)မှာ ဧရာဝတီတိုင်း ဝန်းကျင်မှ Aircon သီးများ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ဖြစ်ခြင်းကြောင့် တစ်ပိဿာ ၃၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။ ကြက်သွန်နီမှာ မြစ်သားကြက်သွန်မဝင်သေးဘဲ မုံရွာ၊ မြင်းခြံ၊ ထီးဆောင်းနယ်စုံကြက်သွန်များ ဝင်ရောက်မှုရှိပြီး နယ်ဝေးတင်ပို့ရမှုမရှိခြင်း၊ ကထိန်ကာလ အရောင်းအဝယ်အေးခြင်းကြောင့် တစ်ပိဿာ ၁၈၀၀ကျပ်မှ ၁၆၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး လတ်တစ်ပိဿာ ၁၃၀၀ကျပ်၊ သေး တစ်ပိဿာ ၆၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြက်သွန်ဖြူ(တရုတ်)မှာ လမ်းပမ်းဆက်သွယ်ရေးကြောင့် အဝင်နည်းပြီး လက်ကျန်များသာ ရောင်းဝယ်မှုရှိခြင်းကြောင့် တစ်ပိဿာ ၁၂၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြက်သွန်ဖြူ(ရှမ်း) မှာ ဝင်ရောက်မှုပုံမှန်၊ မြို့တွင်းသုံးပုံမှန်ရှိခြင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် အရည် အသွေးအညံ့ဆုံး တစ်ပိဿာ ၂၅၀၀ကျပ်မှ အကောင်းဆုံး ၅၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ် နေသည်။ တရုတ်အာလူးများ ဝင်ရောက်မှုမရှိသေးဘဲ ဒေသသီး၊ အောင်ပန်းသီးများ သာ ဝင်ရောက်မှုများပြီး အိုကေတစ်ပိဿာ ၆၃၀၀ကျပ်၊ အေဝမ်းတစ်ပိဿာ ၅၅၀၀ကျပ်ဖြင့် မြို့တွင်းစားသုံးမှု အတွက် အဝယ်များနေသည်။
ပဲမျိုးစုံဈေးကွက်
မတ်ပဲ ဈေးနှုန်းမှာ ကျောက်ရစ်ပဲများ ဝင်ရောက်မှုရှိခြင်း၊ ရန်ကုန်ဝယ်လက်အနည်းငယ်သာ ရှိခြင်းကြောင့် ၃တင်း တစ်အိတ် ၂၄၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး၊ အညာပဲခြံပဲများ အရည်အသွေးပေါ်မူတည်၍ အညံ့ဆုံး ၃တင်း တစ်အိတ် ၁၈၀၀၀၀မှ အကောင်းဆုံး ၂၁၀၀၀၀ကျပ်ဖြင့် ပဲခွဲစက်များ ဝယ်ယူမှုရှိသည်။ ပဲတီစိမ်းဈေးနှုန်းမှာ မိုးပဲတီစိမ်းများ အဝင်နည်းသွားခြင်း၊ တရုတ်ဝယ်လက်နည်းပြီး ပဲခွဲစက်များ ဝယ်ယူမှုများခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၃၃၅၀၀၀ကျပ်မှ ၃၅၀၀၀၀ကျပ် သို့ ဈေးမြင့် သွားသည်။ ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ ပဲစဉ်းငုံ(နီ)အား ခွဲစက်သမား၊ ရန်ကုန်သမားအဝယ်အနည်းငယ်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ယခင်အပတ် ၂၄၆၀၀၀ ကျပ်မှ ၂၄၈၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ ပဲစဉ်းငုံ(ဖြူ) မှာလည်း အရောင်းအဝယ်အေးရာမှ ယခုအပတ်ပဲခွဲစက်များ အဝယ်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၂၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ပဲပုတ်(မြန်မာ)မှာမိုးပဲ အထွက်နည်း၊ အဝင်နည်း သော်လည်း ဆောင်းပဲစိုက်ပျိုးထားသောကာလဖြစ်ပြီး လုပ်ငန်းသမားအဝယ်နည်းခြင်း ကြောင့် ၃တင်းတစ်အိတ် ၃၅၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲပုတ်(ရှမ်း)မှာ ဆီစက်သမားအဝယ် ပုံမှန်ရှိခြင်း၊ မိုးပဲအဝင် နည်းခဲ့ခြင်းကြောင့် ပဲအရည်အသွေးပေါ်မူတည်၍ အညံ့ဆုံး ၃တင်းတစ်အိတ် ၃၀၀၀၀၀ ကျပ်မှ ၃၂၀၀၀၀ကျပ် ထိ ဈေးအမျိုးမျိုးဖြင့်ရောင်းဝယ်နေသည်။ကုလားပဲ(ကုဖြူကြီး)မှာ အဝင်ပုံမှန် ပဲခွဲစက်နှင့်လုပ်ငန်း သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၂၄၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကုလားပဲ (တရုတ်(တိုင်ပေ))မှာလည်း အဝင်ပုံမှန်၊ ပဲခွဲစက်များ အဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၂၃၀၀၀၀ကျပ်ဖြင့် ဈေးငြိမ် ပြီး လုံးဝါကြီး ဈေးတည်ငြိမ်ပြီး လက်လီသမားအဝယ် ပုံမှန်ရှိခြင်းကြောင့် ခွဲခြမ်းမှာလည်း တစ်ပိဿာ ၅၈၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။မြေတောက်ပဲမှာ မုံရွာဘက်မှ အဝင်နည်းပြီး အညာဘက်မှ ဝင်ရောက်ပြီး လုပ်ငန်းသမားအကြော် အလှော်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်း ၂၇၀၀၀၀ကျပ်မှ ၂၈၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲယင်းကြီးမှာ ခွဲစက်များ၊ ကြာဇံသမားများ အဝယ်နည်းသော်လည်း အဝင်နည်းခြင်း၊ ဆောင်းပဲ စိုက်ထားဆဲ ဖြစ်ခြင်းကြောင့် ၃တင်းတစ်အိတ် ၂၂၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။စားတော်ပဲ (ကျွန်း)မှာ စားတော်ပဲ (ကနေဒါ) အဝင်နည်းခြင်း၊ ယူကရိန်းမဝင်ခြင်း၊ စားတော်ပဲ (ကျွန်း) စိုက်ထားဆဲကာလဖြစ်ခြင်း၊ လက်လီသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ယခင် အပတ် ၈၅၀၀၀၀မှ ၉၁၀၀၀၀ ထိ ဈေးမြင့်သွားသည်။အဝင်ပုံမှန်၊ လုပ်ငန်းသမား အဝယ်နည်းခြင်း ကြောင့် ပဲကြီး (ကြီး) ၃တင်းတစ်အိတ် ၄၈၀၀၀၀ကျပ်မှ ၄၆၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး ထောပတ်ပဲ (ကြီး)မှာ ၂၇၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲကြီး (သေး)နှင့် ထောပတ်ပဲ (သေး)မှာ လက်လီသမား အဝယ်များခြင်းကြောင့် ပဲကြီး (သေး) တစ်အိတ် ၃၅၀၀၀၀ကျပ်မှ ၃၇၀၀၀၀ကျပ်၊ ထောပတ်ပဲ (သေး)မှာ ၁၈၀၀၀၀ကျပ်မှ ၂၀၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ပဲလွန်းဖြူမှာ အရောင်းအဝယ်အေးခြင်းကြောင့် ယခင်လများ ဈေးနှုန်းအတိုင်း ၂၉၀၀၀၀ကျပ်ဖြင့် တည်ငြိမ်နေပြီး ပဲလွန်းပြာမှာ လက်လီသမား အဝယ်ရှိခြင်း ကြောင့် ၃တင်းတစ်အိတ် ယခင်ပတ် ၁၈၀၀၀၀ကျပ်မှ ယခုအပတ် ၁၉၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ဟင်းသီး/ရွက် နှင့် သစ်သီးဝလံ ဈေးကွက်
ပန်းသီးများ အဝင်များပြီး ၁၂၀လုံးပါ တစ်ဖာလျှင် ၂၁၀၀၀၀ကျပ်၊ ရွာငံဘက်မှ ထောပတ်သီး ၁၂၀လုံးပါ တစ်အိတ် ၄၀၀၀၀ကျပ်၊ ရမည်းသင်းမှ မြန်မာစပျစ်သီး တစ်ပိဿာ ၁၆၀၀၀ကျပ်၊ ဖရဲသီးများ ချောင်းဦးမှ ဝင်ရောက်ခြင်း၊ အလုံးသေးမျိုးများသာ အဝင်များခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ တစ်လုံး ၁၀၀၀ မှ ၃၀၀၀ ကျပ်၊ သီပေါဘက်မှ ကဗ္ဗလာသီးများ အဝင်များပြီး ၁၀၀ပိဿာ ၂၅၀၀၀၀ကျပ်မှ ၃၀၀၀၀၀ကျပ်၊ အုန်းချောနှင့် မန္တလေးဝန်းကျင်မှ သင်္ဘောသီးတစ်လုံး ၂၅၀၀ ကျပ်ဖြင့် ပြင်ဦးလွင်၊ အောင်လံ၊ သထုံ၊ ပြည်၊ တန့်ဆည် စသောမြို့များသို့ တင်ပို့သည်။ဟင်းသီး/ရွက်ဈေးနှုန်းအနေဖြင့် တပ်ကုန်း/ သာစည် ကထိန်ကာလ၊ ခူးဆွတ်မှုနည်းပြီး ဝင်ရောက်မှုနည်းခြင်းကြောင့် ငရုတ်စို(ရှည်) တစ်ပိဿာ ၄၅၀၀ကျပ်၊ စတက်တာ တစ်ပိဿာ ၅၀၀၀ကျပ်သို့ ဈေးမြင့်နေပြီး ငရုတ်စို (လတ်) မှာ မုံရွာ၊ ချောင်းဦး တို့မှ ဝင်ရောက်ပြီး အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၇၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး ငပိထောင်း၊ လက်ဖက်သမားများ ပုံမှန်ဝယ်ယူနေသည်။ ခရမ်းချဉ် (ရှမ်း/တောင်)မှာ အဝင်များပြီး အရည်အသွေးပေါ်မူတည်၍ ၂၀ပိဿာ တစ်သေတ္တာ ၄၀၀၀၀မှ ၅၀၀၀၀ကျပ်ဖြင့် လုံးခင်း မြစ်ကြီးနားသို့ တင်ပို့မှုရှိသည်။ ရွာငံ၊ အောင်ပန်းမှ ဂေါ်ရခါးသီး ၁၀လုံး ၂၀၀၀ကျပ်၊ ပန်းမုံလာတစ်ပွင့် ၁၂၀၀ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၁၀၀၀ကျပ်၊ ဘိုစားပဲသီး တစ်ပိဿာ ၄၀၀၀ကျပ်ဖြင့် စားသောက်ဆိုင်မှ ဝယ်ယူမှုပုံမှန်ရှိနေသည်။
ဂျုံနှင့်အစေ့ထုတ်ပြောင်းဈေးကွက်အခြေအနေ
ဂျုံဈေးနှုန်းများ အနေနှင့် အထွက်နည်း အဝင်နည်းခဲ့ခြင်း၊ လက်ကျန်နည်းသော်လည်း ကထိန်ကာလ ဂျုံစက်များဝယ်ယူမှု နည်းခြင်းကြောင့် လက်ကျန်အရည်အသွေးပေါ်မူတည်၍ ငါန်းဇွန်၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆားတောင်၊ ရွှေဘို၊ မြင်းမူ၊ မြောင် ဂျုံများမှာ ၂၃၀၀၀၀ကျပ်မှ ၂၄၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်အေးနေသည်။ ကလေးဂျုံ ၆၀ပိဿာ ၂၁၀၀၀၀ကျပ်၊ ရှမ်းဂျုံ ၂၀၅၀၀၀ကျပ်၊ ကြူကုတ်ဂျုံ ၁၉၅၀၀၀ကျပ်၊ ဈေးဖြင့်ရောင်းဝယ်နေသည်။ ဩစတေးလျဂျုံမှုန့်မှာ ၁ပိဿာ ၃၈၅၀ကျပ်ဖြင့် လက်လီသမားအဝယ်ပုံမှန်ရှိနေသည်။အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ မိုးပြောင်းများ အသစ်ဝင်ရောက်ခြင်း၊ အစာစပ်သမားများ အဝယ်နည်း ခြင်းတို့ကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၈၀၀၀၀ကျပ်မှ ၇၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
ခင်မေကြည်