မန္တလေးဈေးကွက်တွင် ပန်းနှမ်းစေ့များ ဈေးကောင်းရရှိပြီး အရောင်း အဝယ် အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရှိရသည်။ အိန္ဒိယနိုင်ငံသည် ပန်းနှမ်းစေ့ အများဆုံး ဝယ်ယူသူဖြစ်ပြီး တရုတ်နိုင်ငံသည် ဒုတိယအများဆုံး ဝယ်ယူသူဖြစ်သည်။ လက်ရှိတွင် ၄၅ ပိဿာ (သုံးတင်းဝင်အိတ်တစ်အိတ်) စျေးနှုန်းမှာ ၂၂၀,၀၀၀ ကျပ်ဖြစ်ပြီး ရာသီဥတု ကောင်းမွန် နေချိန်ဖြစ်၍ထုတ်လုပ်မှုနှုန်း ကောင်း မွန်လျက်ရှိသည်။
အယ်နီညိုရာသီဥတုဒဏ်ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အပူချိန်များမြင့်တက်လျက်ရှိပြီး ခြောက်သွေ့မှုများကို ကြုံတွေ့ရလျက်ရှိသည်။ ယင်း မိုးခေါင်မှုအခြေအနေကို Nueva Ecija ပြည်နယ်အပါအဝင် ဖိလစ်ပိုင်ရှိ ပြည်နယ် ထက်ဝက်ကျော်၌ ရင်ဆိုင်ရလျက် ရှိသည်။
ဖိလစ်ပိုင်ရှိ ပျမ်းမျှ နေ့အပူချိန်မှာ ၄၀ ဒီဂရီဆဲလ်စီးယပ်ရှိပြီး အချို့ဒေသများတွင် ၅၃ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိကြောင်း သိရှိရသည်။ ယင်းအခြေအနေအရ ဖိလစ်ပိုင်တွင်လာမည့် သီးနှံရိတ်သိမ်းချိန် ထွက်ရှိမည့် ပမာဏသည် ပျမ်းမျှအောက် လျော့နည်းထွက်ရှိမည်ဖြစ်ကြောင်း ကုလ သမဂ္ဂက ခန့်မှန်းထားသည်။
ပြောင်းဈေးသည် မတ်လနောက်ဆုံးပတ်၌ တစ်ပိဿာလျှင် ၁၀၆၀ ကျပ်ဖြင့် မပြောင်းလဲဘဲ ရှိခဲ့ရာမှ ပြည်ပဝယ်လိုအား အနည်းငယ်တက်လာပြီးနောက် ပြောင်းဈေးသည် မေ ၃ ရက် နေ့တွင် တစ် ပိဿာလျှင် ၁၀၉၀ ကျပ်သို့ အနည်းငယ် မြင့်တက်လာခဲ့သည်။
ရုရှားနှင့် တရုတ်တို့သည် စီးပွားရေးလုပ်ဆောင်ရာတွင် အမေရိကန်ဒေါ်လာကို လုံးဝနီးပါး ရှောင်ရှားခဲ့ကြပြီး အပြန်အလှန်ငွေပေးချေမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို အမျိုးသားငွေကြေးများဖြင့်ပြုလုပ်ခဲ့ကြကြောင်း၊ ရုရှား-တရုတ် ကုန်သွယ် ရေးနှင့် စီးပွားရေးပူးပေါင်းဆောင် ရွက်မှုသည် တက်ကြွစွာဖွံ့ဖြိုးတိုး တက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sergey Viktorovich Lavrov က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံအနေ ဖြင့် ကြက်သွန်နီ၊ ငရုတ်ကောင်း၊ ဖရုံအစရှိသော လတ်ဆတ်သည့် ဟင်း သီးဟင်းရွက်တန်ချိန် ၆၂၁,၆၉၆ တန် တင်သွင်းခဲ့သည်။ ဂျပန်နိုင်ငံသို့ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ အများဆုံးတင်ပို့ခဲ့သည့် နိုင်ငံများမှာ တရုတ်၊ တောင်ကိုရီးယား၊ မက္ကဆီကိုနှင့် အမေရိကန်တို့ ဖြစ်သည်။