ကမ္ဘောဒီးယားနိုင်ငံသည် အစား အသောက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စံချိန် စံညွှန်း (SPS) ကို အတူတကွ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နာနတ်သီး၊ ပိန္နဲသီးနှင့် သရက်သီးများကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဟု စီစဉ်ထားကြောင်း သိရသည်။ ဤလုပ်ဆောင် ချက် သည် နိုင်ငံနှစ်ခုအကြား ကိုက်ညီမှုဖြင့် စိုက်ပျိုးရေး ထုတ်ကုန်များ ရောင်းဝယ်ဖောက်ကားမှု ကျယ်ပြန့် တည်ငြိမ်စေရေးနှင့် တင်ပို့ရေးလုပ် ငန်းစဉ်များ ချောမွေ့စေရေးအား ထုတ်မှုများ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ် သည်။
စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ နှစ်ရှည်သီးနှံဌာနခွဲ (ရုံးချုပ်)မှ စက်မှုကုန်ကြမ်းသီးနှံ တစ်ခုဖြစ်သော ရော်ဘာထုတ်လုပ်မှုအထွက်နှုန်းကို တစ်ဧကလျှင် ပေါင် ၁,၀၀၀ ကျော် အထိမြှင့်တင်ရန် ပန်းတိုင်အထွက်နှုန်းအဖြစ် စီမံချက်များရေးဆွဲ အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိသည်။
တစ်ဧကလျှင် ပေါင် ၁,၀၀၀ ကျော် ထွက်ရှိရေး ပန်းတိုင်သို့ရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ စုစုပေါင်းရော်ဘာထုတ်လုပ်မှုနှင့် တင်ပို့မှုကို မြှင့်တင်နိုင်မည်ဖြစ်ပြီး နိုင်ငံ၏ ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာတစ်ဘီလီယံခန့် ရရှိလာနိုင်ကြောင်း သိရသည်။
မြန်မာနှင့် အိန္ဒိယနိုင်ငံအကြား ထောပတ်သီးတန်ဖိုးမြှင့် ထုတ်လုပ်မှု ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် MyanTrade အစည်းအဝေးခန်းမ၌ hybrid system ဖြင့် ကျင်းပခဲ့ပြီး Myan Trade မှ ညွှန်ကြားရေးမှူးချုပ်နှင့် ကုန်သွယ်ရေးဦးစီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ သက်ဆိုင် ရာအရာရှိများ၊ ကိုးလ်ကတ္တားနှင့် နယူး ဒေလီမြို့ရှိ မြန်မာ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့သူများအသင်း၊ မြန်မာနိုင်ငံ ထ