မော်ရိုကိုထောပတ်သီးကဏ္ဍ လှုပ်ရှားဆောင်ရွက်မှု အခြေအနေသည် မျှော်မှန်းထား သည်ထက် ပိုမို၍ ငြိမ်သက်နေသော်လည်း ပို့ကုန်ပမာဏမှာ စံချိန်ချိုးနိုင်လောက်သည်အထိ ရလဒ်ကောင်းများ ရရှိနေသဖြင့် အောင်မြင်မည့်လမ်းကြောင်းပေါ်တွင်ရှိနေကြောင်း မော်ရိုကို ထောပတ်သီးအသင်း၏ ဥက္ကဌဖြစ်သူ Abdellah Elyamlahi က ပြောကြားခဲ့သည်။
ပတဲကောပင်သည် ချင်းနှင့် နနွင်းတက် တို့ကဲ့သို့ အာယုဗေဒဆေးပညာရပ် အရရော တရုတ်တိုင်းရင်းဆေး ပညာရပ်အရ ပါ ဆေးဖက်ဝင် ပရဆေးပင်အဖြစ် အဓိ ကအသုံးပြုကြသည့် ဟင်းခတ်အမွှေး အကြိုင်တစ်မျိုးဖြစ်၏။ ပတဲကောတွင် ပတဲကောကြီးနှင့် ပတဲကောလေး ဟူပြီး နှစ်မျိုးရှိရာ ယခုအမျိုးအစားမှာ မြန်မာ နိုင်ငံတွင် ပတဲကောကြီးဟုလည်း လူသိ များကြပြီး ဟင်းခတ်အမွှေးအကြိုင် အဖြစ် အဓိက အသုံးပြုလေ့ရှိကြ၏။ ယင်း၏ အင်္ဂလိပ်အမည်မှာ Galangal : blue ginger, lengkuas greater galanga
ချဉ်ပေါင်ကို ရှေးနှစ်ပေါင်းများစွာကတည်းက ကျန်းမာရေး အတွက် ဆေးဖက်ဝင်သော အပင်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပြီး အရွက်မှစ၍ အဖူး၊ အပွင့်၊ အစေ့နှင့် အမြစ် တစ်ပင်လုံး နီးပါး အကျိုးရှိရှိ အသုံး ပြုပါက ဆေးဖက်ဝင်ပါသည်။ အရ သာ ချဉ်ပြုံးပြုံးရှိခြင်းကြောင့် ချဉ် ပေါင်ဟင်းကို ထမင်းမြိန် ဟင်းလျာ အဖြစ် မြန်မာထမင်းဝိုင်း ဟင်းလျာများတွင် တွဲဖက် စားသုံးကြသည်။ ချဉ်ပေါင်ကို ချဉ်ပေါင်ကြော်၊ ဟင်း ချို၊ ချဉ်ရည်ဟင်း၊ မျှစ်၊ ငရုပ်သီးတို့နှင့် ရော၍ကြော်ခြင်း၊ ငါးနှင့်ရော၍ ချက်ခြင်းစသဖြင့် ဟင်းလျာအမျိုးမျိုး ပြုလုပ်ကြသည်။ ထို့ပြင် ချဉ်ပေါင်ဖူးနှင့် ချဉ်ပေါင်ပွင့်တို့ကို ထန်းလျက်နှင့်ရော၍ ချဉ်ပေါင်ယိုပြုလုပ်၍လည်းကောင်း ချဉ
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ပြီးခဲ့သည့် ၉ လတာကာလအတွင်း မြန်မာ့သစ်သီးဝလံတင်ပို့မှု တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၀၆၉ သန်းရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ သိရှိရသည်။
ဧပြီမှ ဒီဇင်ဘာ အတွင်း မြန်မာနိုင်ငံမှ ဖရဲ၊ သခွားမွှေး၊ ထောပတ်၊ သရက် နှင့် အခြား သစ်သီးဝလံများကို ပြည်ပကုန်သွယ်မှု မိတ်ဖက်များထံသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် ပေးပို့ခဲ့သည်။