ယခုနှစ်အတွင်း မြန်မာ့ကွမ်းသီး ဝယ်ယူမှု အိန္ဒိယ ပြန်လည်စတင်
“ယခုနှစ်အတွင်း အိန္ဒိယမှ ၀ယ်ယူမှုရှိသောကြောင့် ပြည်တွင်းဈေးကွက်တွင် ကွမ်းသီးရောင်းလိုအား နည်းသွားကြောင်း၊ မြန်မာ့ကွမ်းသီးကို တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူပါကြောင်း၊ အိန္ဒိယ၏ ဝယ်လိုအားမှာ ယမန်နှစ်က နည်းပါးခဲ့သော်လည်း ယခုနှစ်တွင် ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိခဲ့သောကြောင့် ပြည်တွင်းဈေးကွက်တွင် ကွမ်းသီ းရောင်းလိုအားနည်းနေကြောင်း” မန္တလေးမြို့ရှိ ကွမ်းသီးဒိုင်မှ မသီရိအောင်က ပြောကြားသည်။
ယခင်နှစ်များက တရုတ်နိုင်ငံမှ ကွမ်းသီးနုများ မှာယူမှု များပြားလာခြင်းကြောင့် ကွမ်းသီးခြောက် ရှားပါးလာပြီး ဈေးနှုန်းများလည်း မြင့်တက်လာသည်။