အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် လမ်းမတော်မြို့နယ် ဝါးတန်း ဆန်လက်ကားစင်တာတွင် သင့်တင့်မျှတသော ဆန်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်နှင့်စပါးကုန်သည်များအသင်း (MRPTA) မှ စားသုံးသူများအားအသိပေးထားသည်။
ဓာတ်မြေသြဇာရည်ညွှန်းဈေးနှုန်းများ ဇွန်လတွင် မှတ်ပုံတင်ထားသည့် နှုန်းထားများနှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ် ဇူလိုင်တွင် အနည်းငယ် မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ဓာတ်မြေသြဇာ၊ မျိုးစေ့နှင့် ပိုး သတ်ဆေး လုပ်ငန်းရှင်များအသင်း (MFSPEA) မှ ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ် ဇွန်အတွက် ရည်ညွှန်းစျေးနှုန်းများမှာ ယူရီးယားဓာတ်မြေသြဇာ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၉၅,၀၀၀ ကျပ်၊ Rock Phosphate ၅၀ ကီလိုဂရမ်တစ်အိတ်လျှင် ၁၂၄,၀၀၀ ကျပ်နှင့် Di Ammo-nium Phosphate ၅၀ ကီလိုဂရမ်တစ်အိတ်လျှင် ၁၃၅,၀၀၀ ကျပ် ဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်း ရပ်ဝန်းဒေသသည် မြန်မာ နိုင်ငံစုစုပေါင်းဧရိယာ၏ ၁၀ ရာခိုင်နှုန်းခန့် ကြီးမားကျယ်ပြန့် ၍ နေထိုင်သူအများစုသည် စိုက်ပျိုး ရေးလုပ်ငန်းများအားအဓိကအားထားမှီခို အသက်မွေးကြသူများဖြစ်ပါသည်။ သို့ရာတွင် မိုးရွာသွန်းမှုလျော့နည်းခြင်းနှင့် အောက်ခံသဲဆန်သော မြေသားများ၏ ရေစုပ်ယူမှုများပြားခြင်းများကြောင့် သောက်သုံးရေရရှိမှု၊ စိုက်ပျိုးရေရရှိမှုတို့တွင် အခက်အခဲများ ရင်ဆိုင်ရလေ့ရှိပါ သည်။ ထိုအခက်အခဲများအား တစ်ဖက် တစ်လမ်းမှ ဖြေရှင်း ထောက်ပံ့ပေးရန်အတွက် မြေအောက်တမံများတည်ဆောက်ပေးခြင်းသည် အရေး ကြီးသော ရေအရင်းအမြစ် ထိန်းသိမ်း ခြင်း လုပ်ငန်းတစ်ခု ဖြစ်ပါသည်။
စာရေးသူ အခြေခံပညာကျောင်းသူဘဝတုန်းက ခေတ်စားခဲ့သည့် အသီးခိုင်လေး။ အသီးဆိုပေသည့် ပန်းခိုင်လေးလို စည်းနှောင်ပြီး တမြတ်တနိုးပေးကြတာ။ ကျောင်းသားကျောင်း သူများက ဆရာမများကို ပေးတတ်ကြသလို မိန်းကလေးသူငယ်ချင်းတွေကိုလည်း ပေးကြလေ့ရှိ၏။ အသီးခိုင်လေးထဲတွင် အဖြူရောင်၊ ခရင်မ်ရောင်၊ ပန်းရောင်၊ အနီရောင်မှသည် ခရမ်းရင့်ရောင်လေးအထိ ရောင်စုံလေးမို့ ပန်းလေးများသဖွယ် လှပနေကြ၏။ ထိုအသီးခိုင် လေးများကို ထိုစဥ်အချိန်က အင်္ဂလိပ် မရမ်းသီးဟုသာ သိခဲ့ရပြီး ဆရာမများရော ကျောင်းသူများတို့၏ ဆံကေသာထက်တွင် ပန်းခိုင်လေးအဖြစ် ပန်ဆင်ခဲ့ကြသလို ရင်ထိုးလေးအဖြစ်လည်း အလှဆင်ခဲ့ကြ၏။ ညနေ အိမ်ပြန်ရောက်လျှင် ထိုအသီး