မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်မဲ့ ပြောင်းတင်ပို့မှု စတင်

မြန်မာနိုင်ငံသည် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှု စတင်နေပြီဟု ပြောင်းကုန်သည်များက ပြောကြား သည်။ ထိုင်းနိုင်ငံသည် ဖေဖော်ဝါရီ ၁ ရက်နေ့မှ သြဂုတ် ၃၁ ရက်နေ့အထိ အကောက်ခွန်မဲ့ (Form D)ဖြင့် ပြောင်းတင်သွင်းမှုအတွက် ခွင့်ပြုထားသည်။

သို့သော် ထိုင်းနိုင်ငံ၏ ပြောင်းစိုက်ရာသီတွင် တင်သွင်းပါက ပြောင်းစိုက်ပျိုးသူများ၏ အခွင့်အရေးကို ကာကွယ်ရန်အတွက် ပြောင်းတင်သွင်းမှုအပေါ် အမြင့်ဆုံးအခွန်နှုန်း ၇၃ ရာခိုင်နှုန်း ချမှတ်ထားကြောင်း သိရှိရသည်။