မြန်မာနိုင်ငံ စားသုံးဆီစက်လုပ်ငန်း ရှင်များအသင်းမှ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီကြိတ်ဖတ်ဈေးနှုန်းများ မြင့်တက်စေရန် ရည်ရွယ်၍ သိုလှောင်ခြင်းမပြုရန် တောင်းဆိုထား သည်။
စက်တင်ဘာ ၁၈ ရက်စွဲဖြင့် မြန်မာနိုင်ငံစားသုံးဆီစက်လုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက်အရ ပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပန်းနှမ်းနှင့် ပဲပုပ် တို့မှဆီထုတ်ယူပြီးနောက် ရရှိသော ကြိတ်ဖတ်များသည် မွေးမြူရေးကဏ္ဍအတွက် တိရစ္ဆာန်အစာများ ပြုလုပ်ရာတွင် အဓိက ပါဝင်ပစ္စည်းများဖြစ်သည်။
၂၀၂၅ ခုနှစ်၏ ပျားရည်ကျွဲကော ခူးဆွတ်ချိန်ကာလဖြစ်ပြီး အထွက်နှုန်းနှင့် အသီး အရည် အသွေးနှစ်မျိုးစလုံး တိုးတက်မှုရှိကြောင်း အစီရင်ခံ တင်ပြထားသည်။ စျေးနှုန်းများသည် တည်ငြိမ် လျက်ရှိပြီး ယခု ရာသီတွင် ဝယ်သူများနှင့် တင်ပို့သူများအတွက် အဆင်ပြေသော အခြေအနေ များကို ဖန်တီးပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှအသင်းဝင်များဖြစ်သော ပို့ကုန်လုပ်ငန်းရှင်များ အား ဆန်နှင့် စပါးများ ဆက်လက်ဝယ်ယူရန်နှင့် အပတ်စဉ်စာရင်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ် (MRF) သို့ ပေးပို့ ရန် တောင်းဆိုထားသည်။
ယခုနှစ်တွင် အစောပိုင်းရင့်မှည့်သည့် စပါးများစတင် ရိတ်သိမ်းထွက်ရှိ နေပြီဖြစ်သည်။ သို့သော် လည်း စပါးနှင့် စပါးဝယ်လိုအား ကျဆင်းနေသဖြင့် တောင်သူများ၏ စိုးရိမ်မှု မြင့်တက်လာသည်။ အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် လယ်ယာလုပ်ငန်း၀င်ငွေဆုံးရှုံးမှု ဖြစ်နိုင်ချေ အသီးသီးကို လေ့လာသုံးသပ် ခွဲခြမ်း စိတ်ဖြာထားသည်။