ကော်ဖီစေ့အစိမ်းများဝယ်ယူရန်အမှာစာများ မြန်မာနိုင်ငံကော်ဖီအသင်း ရရှိ

ကော်ဖီစေ့အစိမ်းများကို ဝယ်ယူရန်အတွက် နိုင်ငံတကာမှ ဝယ်လက်များက မြန်မာနိုင်ငံ ကော်ဖီအသင်း (MCA) သို့ ဆက်သွယ်ခဲ့ပြီး မြန်မာနိုင်ငံကော်ဖီအသင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှတဆင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနှင့် ရောင်းချသူစာရင်းများအား တောင်းခံလျက် ရှိကြောင်း သိရှိရသည်။

ကျောရိုးမဲ့ရေသတ္တဝါ သံပခြုပ်၏ ထူးခြားသောသဘာဝနှင့်အသုံးဝင်ပုံ

Image
သံပခြုပ်

သံပခြုပ်များသည်ရေအောက်ကြမ်းပြင်တွင်နေထိုင်ကြသော ဆူးချွန်များပါသော ကျောရိုးမဲ့ရေနေသတ္တဝါ(Spiny Marine Invertebrate) အုပ်စုဝင်များ ဖြစ်ကြပါသည်။ သံပခြုပ်ကို အစိမ်းရောင်ကျောက်သွေးဟုလည်း ခေါ်ကြပါသည်။ အမည်းရောင်လည်း ရှိပြီး ထန်းသီးအသေးအရွယ်နီးပါးရှိကြသည်။

အချို့သံပခြုပ်လေးများမှာ ကြက်မောက်သီးနှင့် ပုံစံရော၊ အရွယ်ပါဆင်တူကြပြီး ကျောက် တန်းများပေါ်နှင့်အဆင်ပြေရာကျောက်ခေါင်းများထဲတွင်လည်း ခိုအောင်းနေတတ်လေ့ ရှိကြပါသည်။ရေကျချိန်တွင် သံပခြုပ်ကောင်လေးများသည်ပင်လယ်အောက်ကကျောက်တုံးများတွင် ကပ်နေပြီး ကျောက်သွေးများကို စုပ်ယူကာ အသက်ရှင်နေထိုင်လေ့ရှိကြပါသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ၂၀၂၄ ပထမနှစ်ဝက်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ယခုနှစ် ပထမနှစ်ဝက်တွင် အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး စီးပွားရေးပြန်ဦးမော့လာစေရန် အထောက်အပံ့ဖြစ်စေခဲ့ကြောင်း တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်ဟု သိရှိရသည်။

ဇန်နဝါရီလမှ ဇွန်လအထိ ကုန်စည်ကုန်သွယ်မှုပမာဏသည် ၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာ ကာ ပို့ကုန် ၆ ဒသမ ၉ ရာခိုင်နှုန်းနှင့် သွင်းကုန် ၅ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့(GACC)၏ အချက်အလက်များအရ သိရှိရသည်။

အိန္ဒိယ-ရုရှားကုန်သွယ်မှု ၂၀၃၀ တွင် ဒေါ်လာ ၁၀၀ ဘီလီယံ ကျော်ထိတိုးမြှင့်ရေး သဘောတူညီချက်ထုတ်ပြန်

အိန္ဒိယနှင့်ရုရှားနိုင်ငံတို့သည် ရင်း နှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတွင် နှစ်နိုင်ငံငွေကြေးနှင့်ပေးချေမှု၊ စွမ်းအင်၊ စိုက် ပျိုးရေးနှင့် အခြေခံအဆောက်အအုံစသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု တို့ကို ၂၀၃၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်အထိ တိုးမြှင့်သွားရန် သဘော တူညီခဲ့ကြကြောင်း၊ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အိန္ဒိယ၀န်ကြီးချုပ်နာရင်ဒြာမိုဒီတို့က ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပသည့် ၂၂ ကြိမ်မြောက်နှစ်ပတ်လည်ထိပ်သီးအစည်းအဝေးတွင် ယင်းသဘော တူညီချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်းနှင့်  မဟာဗျူဟာမြောက်မိတ် ဖက်ဆက် ဆံရေး (Special and privileged strategic partnership) တစ်ရပ်ဖြစ်သည်ဟ

ရုရှားမှ တရုတ်သို့ ငါးနှင့် ရေထွက်ကုန် တင်ပို့မှု အမြင့်ဆုံးသို့ ရောက်ရှိ

၂၀၂၃ နှစ်ကုန်တွင် ရုရှားမှ တရုတ်နိုင်ငံသို့ ငါးနှင့် ရေထွက်ကုန်များ တင်ပို့မှုသည် သမိုင်း ဝင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး တန်ချိန် ၁ ဒသမ ၂၉ သန်းရှိကြောင်း ရုရှားငါးလုပ်ငန်းဆိုင်ရာ ဖက်ဒရယ် အေဂျင်စီ(Russia’s Federal 
Agency for Fishery - Rosrybolovstvo)က ဖော်ပြခဲ့သည်။

ပထမသုံးလပတ်တွင် မြန်မာ့ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၃ သန်းကျော်ရရှိ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မှတ် ပုံတင်ထားပြီးဖြစ်သော မြန်မာ့ရေ လုပ်ငန်းကဏ္ဍမှ အမေရိကန်ဒေါ် လာ ၁၁၁ ဒသမ ၉၈၄ သန်းတန်ဖိုးတင်ပို့နိုင်ခဲ့ရာမှ လက်ရှိဘဏ္ဍာရေး နှစ် ၂၀၂၄-၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်နေ့မှ စတင်၍ အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၂၄၄ သန်းတန်ဖိုး တင်ပို့ နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းဇယားများအရ သိရှိရပါသည်။

ကိန်းဂဏန်းများအရ လွန်ခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါကအမေရိကန် ဒေါ်လာ ၃၁ ဒသမ ၂၆ သန်း တိုးလာကြောင်း သိရှိရသည်။

ပထမသုံးလပတ်အတွင်း မြန်မာ့ဆန်တန်ချိန် ၉၁,၀၀၀ တရုတ်နိုင်ငံသို့တင်ပို့

လက်ရှိဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ် (ဧပြီ-ဇွန်)တွင် ဆန် တန်ချိန် ၉၁,၅၀၀ ကျော်တင်သွင်းသည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ဆန်တင်သွင်းသည့် နိုင်ငံဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံက တန်ချိန် ၈၄,၃၀၀ ကျော် တင်သွင်းကြောင်းနှင့် ဘယ်လ်ဂျီယံ နိုင်ငံက တန်ချိန် ၅၃,၂၀၀ ကျော် တင်သွင်းကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်း ဇယားများအရ သိရှိရသည်။

ထူးချွန်ကျောင်းသား မွေးထုတ်ဖို့ မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်းစို့

Image
edu

ကိုအောင်ရေ ငါ့ညီဆီဖုန်းဆက်ရတာလည်း မလွယ်ပါလားကွာ။ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေတောင် ဖုန်းဆက်ဖို့မလွယ်ဘူး။ ပြီးခဲ့တဲ့အပတ်က မင်း မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ သုံးဆယ်၊ သာယာဝတီ၊ ပြည်၊ မကွေး၊ မိတ္ထီလာတွေ သွားထားတော့ ဒီတစ်ပတ်အဝေးခရီး မသွားဘဲ နားမယ်ဆိုလို့ ငါဖုန်းဆက်လိုက်တာ။  ၉ နာရီခွဲ၊ ၁၀ နာရီခွဲ၊ ၁၁ နာရီခွဲ၊ တစ်နာရီစီ ခြားပြီး သုံးခါဆက်တာမရတော့ နားလိုက်တာ။ ရုံးပိတ်ရက်ကြီး မင်းကဘာများလုပ်နေလို့ ငါ့ဖုန်းကို မကိုင်ရ
တာလဲ။”