စားသုံးမှု တိုးလာသည်နှင့်အမျှ ဆေးဖက်ဝင်ယာကွန်ဥရောင်းအားသည် ကောင်းမွန်လာကြောင်း သိရသည်။ ယာကွန်ဥသည် ယခုနှစ်တွင် အင်တာနက်ပေါ်၌ ရေပန်းစားလာခဲ့ပြီး ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပိုမိုမြင့်မားခဲ့သည်။ ယခုအခါ ယာကွန်ဥ စားသုံးမှုသည် တိုးတက်လာသည်။ “ယာကွန်ဥဟာ ဒီနှစ်မှာ Facebookနှင့် TikTok မှာ ရေပန်းစားလာသည့်အတွက် စားသုံးမှု တိုးတက်လာခဲ့ပါတယ်၊ ဒီနှစ်တွင် ယာကွန်ဥရောင်းသူအရေအတွက်က ပိုများလာပြီး ဝယ်သူအရေအတွက်လည်း များလာသောကြောင့် ဈေးကလည်းတက်လာပါတယ်’’ ဟု နောင်တရားမြို့နယ်ရှိ ဇော်လွင်ဦး သစ်သီးဝလံလက်ကားရောင်းဝယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည် နယ် ၁၅ ခုရှိပြီး မြို့နယ် ၃၃၀ တို့၏ တည်ရှိမှုအရ နေရာဒေသတစ်ခုနှင့်တစ်ခု ရေမြေသဘာဝအနေအထား တူညီမှုမရှိခြင်း၊ ရာသီဥတုအခြေနေများအပေါ်တွင်မူတည်ပြီးမြေယာဖော်ထုတ်မှုနည်းလမ်းများ ပြောင်းလဲမှု ရှိခြင်းတို့ကြောင့်လည်းကောင်း၊ ဒေသအလိုက်နေထိုင်သူတို့၏ ပြုပြင်ပြောင်းလဲ အသုံးချမှုကြောင့် လည်းကောင်း၊ မြေအသုံးချမှုအခြေအနေများ နှစ်စဉ်ပြောင်းလဲလျက်ရှိပါသည်။