သုတေသနပြုလုပ်ကြစို့

သုတေသနပြုလုပ်ကြစို့

research

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် အရည်အချင်း ပြည့်ဝသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရန် လိုအပ်ပါသည်။ သုတေသနသည် တက္ကသိုလ်၏ ပင်မအသက်သွေးကြော တစ်ခုပင် ဖြစ်ပါသည်။ သုတေသနပြုလုပ်ခြင်းကို ကျောင်းသား၊ ကျောင်းသူတိုင်းက စိတ်ဝင်စားမှု ရှိလာပါက လူငယ်တို့၏ အနာဂတ်မှာ အောင်မြင်မှုများကို ရရှိလာမည်ဖြစ်သည်။ အထူးသဖြင့် တက္ကသိုလ်နယ်မြေများတွင် စဉ်ဆက်မပြတ် သုတေသနပြုလုပ်မှုများ ရှိလာစေရန် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သက်ဆိုင်သူများနှင့် စိတ်ဝင်စားသူများက ဝိုင်းဝန်း ကူညီ အားပေးရန် လိုအပ်လှပါသည်။ 

ဘာသာရပ်စာပေသင်ကြားရေးနှင့်အတူ သုတေသနပြုလုပ်ခြင်းကိုလည်း ဆောင်ရွက် ကြရမည်ဖြစ်ပါသည်။ တက္ကသိုလ်တွင် ဘာသာရပ်ဆိုင်ရာ သုတေသနများကို ပြုလုပ်ခြင်းဖြင့် ဆရာ၊ ဆရာမများ၏ သင်ကြားရေး အရည်အသွေးကို ပိုမိုတိုးတက်လာစေပါသည်။ ဆရာ၊ ဆရာမများအတွက် သုတေသနလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာနိုင်ရေးအတွက် စာ တမ်းဖတ်ပွဲများကို အဆက်မပြတ် ကျင်းပနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ သုတေသန ဆောင် ရွက်ရန်အတွက် သုတေသနအသုံးစ ရိတ်များ၊ သုတေသနဓာတ်ခွဲ ခန်းသုံးပစ္စည်းများကို နှစ်စဉ်တိုးမြှင့် ခွင့်ပြုပေးခဲ့သည့်အတွက် သုတေသနစင်တာကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပြီး ပိုမိုကောင်းမွန်သည့် သုတေသန ရလဒ်များကို ရရှိလာခဲ့ပါသည်။

ဆရာ၊ ဆရာမများအနေ ဖြင့် မှန်ကန်တိကျသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စွမ်းရည်မြှင့်သင်တန်းများကိုလည်း စီစဉ်ဆောင်ရွက် ပေးလျှက် ရှိပါသည်။ သုတေသနပြုလုပ်ခြင်းဆိုင်ရာ ဗဟုသုတစွမ်းရည်များကို ရရှိကြမည်ဟု မျှော်လင့်ပါကြောင်းနှင့် သင်တန်းတက်ရောက်ပြီးသွားသည့် ဆရာ၊ ဆရာမများကလည်း မိမိတို့ ဌာနများတွင် ဆင့်ပွားသင်တန်းများပြုလုပ်ပြီး ဆရာ၊ ဆရာမများ သုတေသနဆိုင်ရာ ဗဟုသုတများ၊ သုတေသနစွမ်းရည်များ တိုးမြင့်စေရန် ဆောင်ရွက်ပေးမည် ဆိုပါက……“သင်ကြားရေးအရည်အသွေး”ကို ပိုမိုကောင်းမွန် စေသလို စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်ကြသော တောင်သူများအတွက်လည်း အထောက်အကူ ဖြစ်စေမည် ဖြစ်ပါသည်။ 

သုတေသနသည် သိပ္ပံပညာတိုးတက်မှုသာမက တက္ကသိုလ်တစ်ခု၏ အရေးပါသော ကဏ္ဍတစ်ခုလည်းဖြစ်ပါသည်။ အောင်မြင်သော သုတေ သန ရလဒ်ကောင်းတစ်ခုသည် လူ့အဖွဲ့အစည်းတွင် သက်ရောက်မှုများ ရရှိနိုင်သောကြောင့် လိုအပ်ချက်မြင့်မားသည့် သုတေသနနယ်ပယ်များစွာလို အပ် လျက်ရှိပါသည်။ သုတေသနလုပ်ငန်း၏ စစ်မှန်မှုကို အတည်ပြုခြင်းဖြင့် တက္ကသိုလ်သည် အမြင့်ဆုံးသော ပညာသင်စံနှုန်းများကို ဆက်လက် ထိန်း သိမ်းထားနိုင်မည် ဖြစ်ပါသည်။ ပညာရေးဆိုင်ရာ ရိုးသားမှုကို မြှင့်တင်ရန် အထောက်အကူဖြစ်စေမည်ဟုမျှော်လင့်ပါသည်။ စာတမ်းတင်သွင်းခြင်းများ သည် ပညာရေး ဆိုင်ရာခိုင်မာမှုနှင့် မူရင်းသုတေသနအတွက် အဖွဲ့အစည်း၏ အာမခံမှု၊ ထောက်ခံမှုကို အလေးပေးဖော်ပြခြင်းလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တစ်ခုတည်းရှိသော မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သည် နိုင်ငံတော်၏ မွေး မြူရေးကဏ္ဍအတွက် တိရစ္ဆာန်ဆေး ကုသခြင်း၊ စီးပွားဖြစ် မွေးမြူ ထုတ် လုပ်ခြင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး တို့တွင် အရည်အချင်း ပြည့်ဝသည့် တိရစ္ဆာန်ဆေးကု ဆရာဝန်၊ မွေးမြူရေးပညာရှင်များ ထွက်ပေါ် လာစေရန် လေ့ကျင့်သင်ကြားပေးခြင်း၊လက်တွေ့အသုံးချနိုင်တဲ့ အကျိုးပြုသုတေသနများ ဆောင် ရွက်ခြင်း၊ ပြည်သူလူထုအတွက် ခေတ်မီမွေး မြူရေးနည်းပညာများနှင့်ရောဂါထိန်းချုပ်ခြင်းဆိုင်ရာ ဗဟု သုတများ ဖြန့်ဝေခြင်း တို့ကို ဆောင် ရွက်လျက်ရှိပါသည်။

သုတေသနဆောင်ရွက်ခြင်းဖြင့် ရရှိလာသော အကျိုးကျေး ဇူးများဖြင့် တိရစ္ဆာန် ဆေးကုသရေး၊ မွေးမြူရေးလုပ်ငန်းနှင့် ပြည်သူများအတွက် အထောက်အပံ့ကောင်း တစ်ခုဖြစ်လာစေမည်ဟု မျှော်လင့်ပါသည်။ 

ဖြူ (စာ/သု)