မြန်မာ့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များလေ့လာခြင်း - အပိုင်း ၁၊ မြန်မာ့မွေးမြူရေးကဏ္ဍ ထုတ်လုပ်နိုင်စွမ်းမြှင့်တင်ရန်နှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း တိုးမြှင့်တည်ဆောက်ရန် အချိန်ရောက်ပြီ
နယ်စပ်ဖြတ်ကျော်ရောဂါများ (ခွာနာလျှာနာ-FMD၊ အရေပြားအကြိတ်နာ-LSD၊ ကြက်ငှက်တုပ်ကွေး-AI၊ အာဖရိကဝက်အပြင်းဖျား -ASF) ဆိုင်ရာ ကြီးကြပ်ကွပ်ကဲခြင်းထိုင်းနိုင်ငံအတွင်း ကျယ်ပြန့်စွာစူးစမ်းထောက်လှမ်းခြင်း၊ စနစ် တကျ အစီရင်ခံခြင်းနှင့် ကာကွယ်မှု အစီအမံများ အားကောင်းစွာ ဆောင်ရွက်နိုင်ပါသည်။ မြန်မာ နိုင်ငံတွင် ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ အစီရင်ခံခြင်း၊ ကာကွယ်မှုအစီအမံများ ဆောင်ရွက်သော်လည်း ပူးပေါင်းဆောင်ရွက်မှုနှင့် ကျယ် ပြန့်စွာ ဆောင်ရွက်နိုင်မှု အားနည်းပါသည်။
မြန်မာနိုင်ငံတွင်ရောဂါထောက်လှမ်းခြင်းနှင့် ဖြစ်ပွားမှုအပေါ် လျင်မြန်စွာတုန့်ပြန် ဆောင်ရွက်ခြင်း - နယ်စပ် ဖြတ်ကျော် ရောဂါကာကွယ်ထိန်းချုပ်ခြင်း တိုးတက်ကောင်းမွန်ရန်၊ တိရစ္ဆာန်အချက်အလက် မှတ်တမ်းအတွက် မွေးမြူထုတ်လုပ်မှုမှတ်တမ်းစုစည်းရာ “ဗဟိုဌာန” national livestock database center ထူထောင်ရန် လိုအပ်ပါသည်။
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ဈေးကွက် ဝင်ရောက်နိုင်မှုပို့ကုန် ခွင့်ပြုချက်
ထိုင်းနိုင်ငံတွင် မွေးမြူရေးဆိုင်ရာ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာန-DLD မှ ကျန်းမာရေးခွင့်ပြုချက်၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း တင်သွင်း/တင်ပို့ခြင်း၊ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုစနစ် အကောင်အထည် ဖော်ဆောင်ရွက်ပါသည်။ မြန်မာနိုင်ငံတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန-LBVD မှ ကျန်းမာရေး ခွင့်ပြုချက် ထုတ်ပေးပါသည်။ ပြည်ပတင်ပို့ နိုင်မှု အနည်း ငယ်သာရှိပါသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ သတ်မှတ်ချက်နှင့်အညီ ပြည်ပတင်ပို့သည့်လုပ်ငန်းစဉ် software စနစ်ကို လက်တွေ့ကျကျ လျင်မြန်-မှန်ကန်-ထိရောက်စွာ အသုံးပြုရန်လိုအပ်ပါသည်။
ဈေးကွက်ယှဉ်ပြိုင်မှု
ထိုင်းနိုင်ငံတွင် ခိုင်မာသော မွေးမြူရေးထုတ်လုပ်ရေး အခြေခံတည်ဆောက်မှုများ ရှိပါသည်။ ခြေရာခံစနစ်ကိုလည်းထိရောက်စွာဆောင် ရွက်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် တစ်ပိုင်တစ်နိုင်မွေးမြူရေးများ အများစုဖြစ်သဖြင့် ထုတ်လုပ်မှုအားနည်းပါသည်။ ပြည်ပတင်ပို့ခြင်းအတွက် ကန့်သတ် ချက်များ ရှိပါသည်။
မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအား - ကုန် ကြမ်းမှ ကုန်ချောအထိ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နိုင်ရန်၊ ခြေရာခံစနစ်နှင့်သယ်ယူပို့ဆောင်မှုဆိုင်ရာ အခြေခံလိုအပ်ချက်များ စနစ်တကျ ဖြည့် ဆည်းဆောင်ရွက်ရန် လိုအပ်ပါသည်။
အဖွဲ့အစည်းနှင့်မူဝါဒဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း
ထိုင်းနိုင်ငံတွင် မွေးမြူရေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန-DLD မှ ဆောင်ရွက်ပါသည်။ DLD သည် လူအရင်းအမြစ်နှင့်နည်းပညာ ပြည့်စုံပြီး၊ တိကျသောလုပ်ငန်းသတ်မှတ်ချက်များဖြင့် ဆောင်ရွက်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် မွေး မြူရေးနှင့်ကုသရေးဦးစီးဌာန-LBVD မှ ဆောင်ရွက်ပါသည်။ LBVD သည် လူအရင်းအမြစ်နှင့် နည်းပညာဖြည့်တင်း ဆောင်ရွက်ဆဲ ဖြစ်ပါသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအား ဝန်ထမ်းအင်အား၊ နည်းပညာနှင့် အုပ်ချုပ်မှုဆိုင်ရာသင်တန်း၊ ဘဏ္ဍာငွေ၊ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းစစ်ဆေးခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းစဉ် များ ခိုင်မာအားကောင်းအောင် ဆောင်ရွက်ရန်လိုအပ်ပါသည်။
မူဝါဒဆိုင်ရာလုပ်ငန်းစဉ်
ထိုင်းနိုင်ငံသည် နှစ်များစွာ ပြိုင်ဆိုင်ခြင်း မူဝါဒ (multi-year strategies for competitiveness) ချမှတ် ဆောင်ရွက် ခဲ့ပါသည်။ မြန်မာနိုင်ငံသည် မိမိဒေသအခြေခံ မူဝါဒချမှတ်ခြင်း ၊ သတ်မှတ်လုပ်ငန်းစဉ် အတွင်း ဆောင်ရွက် ခဲ့ပါသည်။
မြန်မာနိုင်ငံတွင်ရေရှည်မွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာတွင် အဓိကဆောင်ရွက်ရမည့် လုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ ပြီးမြောက်အောင် ဆောင်ရွက်ရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းစဉ်နှင့် ပေါင်းစပ် ဆောင်ရွက်ရန် လိုအပ်ပါသည်။
မှတ်တမ်းအချက်အလက် စနစ် နှင့် စ-လယ်-ဆုံး စီစစ်သုံးသပ်နိုင်မှု
တိရစ္ဆာန် မှတ်ပုံတင်စနစ်
တိရစ္ဆာန်များအမှတ်အသားတပ်ဆင်ခြင်း (နားရွက်အမှတ်အသားတပ်ဆင်ခြင်း) လုပ်ငန်းကို အောင်မြင် အောင် ဆောင်ရွက်ပြီး မှတ်တမ်းများ စီစစ်သုံးသပ်သော လုပ်ငန်းစဉ် ဆောင်ရွက်ရပါမည်။
မှတ်ပုံတင်တိရစ္ဆာန်များ၏ အချက်အလက်များကို စုစည်းသိမ်း ဆည်းသည့် မွေးမြူ ထုတ်လုပ်မှုမှတ်တမ်း စုစည်းရာ “ဗဟိုဌာန” ဖွဲ့စည်း သတ်မှတ် ဆောင်ရွက်ရပါမည်။
တိရစ္ဆာန်ဆိုင်ရာ အချက်အလက်များအား ကွန်ပျူတာဖြင့် မှတ်တမ်း တင်သောစနစ် ဆောင်ရွက်ရပါမည်။
မွေးမြူရေးခြံ မြေပုံညွှန်း
မွေးမြူရေးခြံ တည်နေရာနှင့်နယ်နမိတ်များကို သက်ဆိုင်ရာကွန်ပျူတာစနစ်ဖြင့် မြေအနေအထား လေ့လာ ခြင်း- GIS စနစ် အတွင်း ထည့်သွင်းလေ့လာဆောင်ရွက်ရမည်ဖြစ်ပါသည်။
မွေးမြူရေးခြံတည်ရှိမှု၊ တိရစ္ဆာန်ရွေ့လျားသွားလာနှင့်ရောဂါပျံ့နှံ့မှု လေ့လာဆန်းစစ်ခြင်း အချက်အလက်များအပေါ် အခြေခံသောခြေရာခံစနစ်ကို ဖော်ဆောင်ရမည်ဖြစ်ပါသည်။
တိရစ္ဆာန်ရွေ့လျားမှုလမ်းကြောင်း
တိရစ္ဆာန်များလှုပ်ရှား သွားလာမှု ကို အသံလှိုင်းတို/ရှည်စနစ် နှင့် ပုံရိပ်ဖမ်း စနစ်ဖြင့် လက်ရှိရောက်ရှိ တည်ရှိမှုကိုစိစစ်နိုင်မည်ဖြစ်ပါသည်။
မှတ်တမ်းတင်မှုနှင့် တိရစ္ဆာန်တည်ရှိမှု အပေါ်အခြေခံ၍ ဈေးကွက်၊ ထုတ်ကုန်ထုတ်လုပ်မှု အခြေအနေ စိစစ်ပြီး အချက်အလက်များပေါင်းစပ်စုစည်းခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
တိရစ္ဆာန်များရွေ့လျားသောလမ်းကြောင်း- ကုန်ကြမ်းမှ ကုန်ချော/စားသုံးသူ၊ မွေးမြူရေးခြံမှ စားသုံးရာနေရာ ရောက်ရှိသည်အထိ ခြေရာခံ စိစစ်နိုင်မည်ဖြစ်ပါသည်။
အကျိုးကျေးဇူးများ
ရောဂါဖြစ်ပွားပါက လျင်မြန်စွာစိစစ်ဖော်ထုတ်ခြင်း၊ ရောဂါဖြစ်ပွားတိရစ္ဆာန်များ တည်ရှိ/သွားလာနေမှု ကန့်သတ်ခြင်း၊ ရောဂါထိန်းချုပ်ခြင်းဖြင့်ရောဂါဖြစ်ပွားချိန်စီမံကွပ်ကဲမှုကို လျင်မြန်စွာဆောင်ရွက်နိုင်မည်။
ကုန်ကြမ်းမှ ကုန်ချောနှင့် စားသုံးသူ လမ်းကြောင်းတစ်လျောက် အစားအစာဘေးကင်းမှု ကို စနစ်တကျ စိစစ်နိုင်မည် ဖြစ်ပါသည်။
သတင်းအချက်အလက်နှင့် ဆုံးဖြတ်ချက်များအပေါ် မွေးမြူရေးသမားများချင့်ချိန်စဉ်းစားနိုင်ခြင်း၊ ကုန်ကြမ်း မှ ကုန်ချော/စားသုံသူသွားရာ လမ်းကြောင်းဝန်ဆောင်မှုများအပေါ် ကုန်ကျမှု (အချိန်/ငွေ) အပေါ်စီစစ် နိုင် ခြင်းဖြင့် စီးပွားရေးအကျိုးသက်ရောက်မှု အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ပါမည်။
စားသုံးသူလိုအပ်ချက်ပေါ်အခြေခံပြီး ထုတ်လုပ်မှုဆောင်ရွက်ကာ ပြည်ပဈေးကွက်များ ကုန်သွယ်နိုင်ရေး ကြိုးပမ်းနိုင်မည် ဖြစ်သဖြင့် ဈေးကွက်ရရှိမှုကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။
မွေးမြူထုတ်လုပ်မှု ကဏ္ဍအပေါ် လေ့လာသုံးသပ်နိုင်ခြင်း၊ ဆုံးဖြတ်ဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာ လုပ်ငန်းစဉ် ဆောင်ရွက်နိုင်မည်
ဖြစ်ပါသည်။
ဆောင်ရွက်ရန် လိုအပ်ချက် (အကျဉ်းချုပ်)
တိရစ္ဆာန်များအား ကာကွယ်စောင့်ရှောက်ရေးရေးမူဝါဒဆိုင်ရာ ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊ လိုက်နာဆောင်ရွက်ရန် ပညာပေးခြင်း၊ ဆောင်ရွက်နိုင်ရန်လေ့ကျင့်ခြင်းနှင့် အရေးယူမှုများ ဆောင်ရွက်ရန် လိုအပ်ပါသည်။
တိရစ္ဆာန်ဆေးဝါးနှင့် တိရစ္ဆာန်အစာ ဆိုင်ရာညွှန်ကြား ချက်များ လိုက်နာဆောင်ရွက်ရေး အတွက် ပညာပေးခြင်း၊ ဆောင်ရွက်နိုင်ရန် လေ့ကျင့်ခြင်း၊ အရေးယူမှုများ ဆောင်ရွက်ရန်နှင့် ကောင်း မွန်သော ထုတ်လုပ်မှု ကျင့်စဉ်၊ အမှတ်တံဆိပ် တပ်ဆင်ခြင်းတို့အပေါ် ကြီးကြပ်ဆောင်ရွက်မှုများ လိုအပ်ပါသည်။
ရောဂါကာကွယ်ထိန်းချုပ်မှုနှင်ဇီဝလုံခြုံမှုမြှင့်တင်ရေး - နိုင်ငံလုံးဆိုင်ရာစံမူဝါဒ၊ ဓာတ်ခွဲခန်းများချိတ်ဆက် ဆောင်ရွက်မှုစနစ်၊ ကာကွယ်ဆေးထိုးအစီအမံ (ရည်မှန်းချက်ထား ကာကွယ်ဆေးထိုးစီမံချက်)နှင့် လျင်မြန်စွာ တုန့်ပြန်လှုပ်ရှားမှုများ ဆောင်ရွက်ရန် လိုအပ်ပါသည်။
ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် ဈေးကွက်ရရှိရေး အတွက် ထိရောက်သော အစီအမံ၊ တိကျသောခြေရာခံစနစ်၊ နိုင်ငံတကာသတ်မှတ်စံများနှင့်ညီညွတ်ရေး ဆောင်ရွက်ရန် လိုအပ်ပါသည်။
အဖွဲ့အစည်းစွမ်းရည်ထက်မြက်ခိုင်မာစေရေး အတွက်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအား စွမ်းရည်မြှင့်တင်ခြင်း၊ ကျွမ်းကျင် ဝန်ထမ်းများလေ့ကျင့်ဖြည့်ဆည်းခြင်း၊ ဘဏ္ဍာငွေပြည့်စုံလုံလောက်ရေးနှင့် အကျိုးအရှိဆုံးထိရောက်စွာ စနစ်တကျ သုံးစွဲနိုင်ရေး၊ ရေရှည်မူဝါဒ လမ်းကြောင်းမြေပုံ ချမှတ်ပြီး တိကျစွာ ဆောင်ရွက်နိုင်ရန် လိုအပ်ပါ သည်။
မှတ်တမ်းအချက်အလက်စနစ် (စ-လယ်-ဆုံး) စိစစ်သုံးသပ်နိုင်ရန်အတွက် တိရစ္ဆာန် မှတ်တမ်းတင်မှုစနစ်၊ မွေးမြူရေးခြံများ တည်ရှိမှု မြေပုံညွှန်း၊ တိရစ္ဆာန်ရွေ့လျားမှုလမ်းကြောင်းများ တိကျစွာ ဖေါ်ထုတ်ဆောင်ရွက် ရန် လိုအပ်ပါ သည်။
IT ဌာနစု ဖွဲ့စည်းပြီး လုပ်ငန်းများကို Hardware နှင့် Software စနစ် တည်ဆောက်ပြီး လုံခြုံစိတ်ချသော လုပ်ငန်းစဉ် ဖော်ဆောင်ရန် လိုအပ်ပါသည်။ ဗဟိုစုစည်းမှုအခြေခံ တည်ထောင်ပြီး ကွန်ပျူတာ စနစ်ကို ထိရောက်စွာအသုံးပြုခြင်း၊ လုပ်ငန်းဆိုင်ရာ ပရိုဂရမ်များအသုံးပြုခြင်း၊ နည်းပညာရယူသုံးစွဲခြင်း၊ ဝန်ထမ်းများ စနစ်တကျ လေ့ကျင့်ပေးခြင်းများ ဆောင် ရွက်ရန်လိုအပ်ပါသည်။ သို့မှသာ အချက်အလက် မှန်ကန်ရေး၊ နည်းပညာအသစ်များသုံးစွဲနိုင်ရေး၊ အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် တိရစ္ဆာန်အရင်းအမြစ်၊ ရာသီဥတု၊ နေရာအကျယ်အဝန်းနှင့် ၊ အစာကုန်ကြမ်းထုတ်လုပ်နိုင်မှု စသည့် အခြေခံအားသာချက်များ အပြည့်ရှိနေပြီး ထိုအားသာချက်များကို ယှဉ်ပြိုင်နိုင်သောထုတ်လုပ်မှု၊ စံချိန်မီ အရည်အသွေး၊ ပြည်ပဈေးကွက်ဝင်ရောက်မှုသို့ပြောင်းလဲနိုင်ရေးမှာ ယနေ့အရေးအကြီးဆုံးအချိန်အခါသို့ ရောက်ရှိပြီ ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ရဲထွန်းဝင်း