အာဖရိကဝက် အပြင်းဖျားရောဂါအပြီး ပြန်လည်တည်ဆောက်ရမည့် အရှေ့တောင်အာရှ ဝက်သားမွေးမြူထုတ်လုပ်မှုလုပ်ငန်း

ဝက်သားသည် အရှေ့တောင်အာရှတွင် အများဆုံးစားသုံးသောအသားဖြစ်ပြီး၊ ဗီယက်နမ်၊ ထိုင်းနှင့် ဖိလစ်ပိုင်ကဲ့သို့သောနိုင်ငံများတွင် နေ့စဉ်အစားအစာ၊ လူနေမှုဘဝနှင့် အမျိုး သားအစားအစာလုံခြုံရေးအတွက် အရေးပါသောအရာတစ်ခုဖြစ်သည်။ သို့သော် ဒေသတွင်း ဝက်မွေးမြူရေးလုပ်ငန်းသည် အာဖရိကဝက်အပြင်းဖျားရောဂါ African Swine Fever (ASF)၊ အစာကျွေးစရိတ်အတက်အ ကျနှင့် ဖွဲ့စည်းပြုပြင်ပြောင်းလဲမှုများ မညီညွတ်မှုတို့ကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။ ယင်းအခြေ အနေများအရ အသားထုတ် လုပ်မှုလုပ်ငန်းသည် စက်မှုလုပ်ငန်းအဖြစ်သို့ပြောင်းလဲခြင်း၊ ဇီဝလုံခြုံ ရေးမြှင့်တင်ခြင်းနှင့် ဥပဒေစည်းမျဉ်းများကို ပိုမိုတိကျစွာစီမံခန့်ခွဲခြင်းတို့ဖြင့် ပြန်လည်ဖန်တီးရန် ဖိအားများ ဖြစ်ပေါ်လျက်ရှိနေသည်။

ဗီယက်နမ်သည် ASF ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သောနိုင်ငံဖြစ်သည်။ ၂၀၂၅ ခုနှစ်အလယ်ပိုင်းတွင် ၃၃ ပြည်နယ်အတွင်း ရောဂါဖြစ်ပွားမှု ၁,၀၀၀ ခန့်နှင့် ဝက် အကောင် တစ်သိန်းကျော်ဆုံးရှုံးမှုရှိခဲ့သည်။ ရောဂါပြန်လည်ဖြစ်ပွားမှု သည် အသေးစားမွေးမြူရေးလုပ်ငန်း ရှင်များကို စီးပွားပျက်စေခဲ့ပြီး၊ ဇီဝလုံခြုံရေးကောင်းမွန်သော စုပေါင်းစိုက်ပျိုးရေးလုပ်ငန်းကြီးများအဖြစ်သို့ ပြောင်းလဲမှုကို မြန်ဆန်စွာဖြစ်ပေါ်စေခဲ့သည်။
တစ်ပြိုင်နက်တွင် ဗီယက်နမ်အစိုးရသည် စည်းမျဉ်းစည်းကမ်းများကို တင်းကြပ်စွာအကောင်အ ထည်ဖော်လာသည်။ Livestock Law အသစ်အရ နေထိုင်ရာနေရာများတွင် ဝက်မွေးမြူခြင်းကို တား မြစ်ပြီး၊ သားသတ်ရုံများအတွက် စံနှုန်းများကို တင်းကျပ်စွာလိုက်နာရန်လိုအပ်မည်ဖြစ်သည်။ ဤအရေး ယူမှုများသည် ရောဂါထိန်းချုပ်ရန်နှင့် စက်မှုလုပ်ငန်းသို့ပြောင်းလဲရန် ရည်ရွယ်ထားသော်လည်း၊ အသေးစားမွေးမြူရေးလုပ်ငန်းရှင်များအတွက် စိန်ခေါ်မှုဖြစ်စေလျက်ရှိသည်။
ဗီယက်နမ်တွင် ဝယ်ယူရရှိနိုင်သော ASF ကာကွယ်ဆေးများသည် ပြုပြင်ပြောင်းလဲမှုအတွက် အရေး ကြီးသောအရာဖြစ်သည်။ သို့သော် အသုံးပြုမှုမှာ နှေးကွေးနေပြီး ထိရောက်မှုအပေါ်သံသယနှင့် အသေးစားမွေးမြူရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်ဖိအားရှိနေသည်။ ကျယ်ပြန့်စွာ အသုံးပြုမှု မရှိလျှင်၊ ရောဂါဖြစ်ပွားမှု ဆက်လက်ဖြစ်ပေါ်ကာ ထုတ်လုပ်မှု၊ အစာဝယ်လိုအားနှင့် စားသုံးသူဈေးနှုန်းများကို ဆက် လက်ထိခိုက်စေနိုင်သည်။
ဖိလစ်ပိုင်၏ ရပ်ရွာအခြေပြုဇီဝလုံခြုံရေး
ဖိလစ်ပိုင်သည် ၂၀၁၉ ခုနှစ်မှစ၍ ASF ရောဂါဖြစ်ပွားမှုများကြောင့် ထိခိုက်မှုများရှိသော်လည်း ယခုအခါ ပြောင်းလဲမှုအခြေအနေသို့ ရောက်ရှိလာသည်။ FAO နှင့် ဒေသခံအာဏာပိုင်များက ထောက်ပံ့သော “biosecurity champions” အစီ အစဉ်များကို လယ်သမားများက လက်ခံလာကြသည်။ ဤအစီအစဉ်များသည် အသေးစားမွေးမြူရေးလုပ်ငန်းများကို စရိတ်နည်းပြီး ထိရောက်သောနည်းလမ်းများ ဥပမာ—ခြံတွင်းသို့ဝင်ရောက်မှုထိန်းချုပ်ခြင်း၊ သန့်ရှင်းရေးစနစ်များ၊ စွန့်ပစ်စနစ် စီမံခန့်ခွဲမှုကောင်းမွန်ခြင်းစသည်တို့ ရရှိစေရန် လေ့ကျင့်ပေး သည်။

ဤကြိုးပမ်းမှုသည် အကျိုးရှိလာသည်။ Batangas နှင့် Bulacan ကဲ့သို့သော ASF ထိခိုက်ခဲ့သောပြည်နယ်များတွင် ဝက်မွေးမြူမှု ပြန်လည်စတင်လာခဲ့သည်။ သို့သော် ပြန်လည်ထူထောင်မှုမှာ တည်ငြိမ်မှု မရှိသေးပေ။ ဝက်ကောင်ရေ စာရင်းများသည် ASF ဖြစ်ပွားမှုမတိုင်မီအခြေအနေသို့ ပြန်လည်မရောက်ရှိသေးဘဲ ဝက်သားဈေးနှုန်းများသည် စားသုံးသူများအတွက် မြင့်မားနေဆဲဖြစ်သည်။ ထို့ကြောင့် သွင်းကုန်ပေါ်မှီခိုမှု တိုးလာပြီး ဘရာဇီးဝက်သားသည် ဈေးကွက်တွင် အရေးပါလာကြောင်း တွေ့ရှိရသည်။
ဖိလစ်ပိုင်အတွက် စိန်ခေါ်မှုမှာ လယ်သမားယုံကြည်မှုကို ထိန်းသိမ်းနိုင်ခြင်းဖြစ်သည်။ အများစုသည် အစိုးရ၏လျော်ကြေးစနစ်များနှင့် ကာကွယ်ဆေးရရှိနိုင်မှုအာမခံချက်များမရှိလျှင် ပြန်လည်မွေးမြူရန် မသေချာကြချေ။ ဤအချက်များကို မဖြေရှင်းနိုင်လျှင် ဖိလစ်ပိုင်ဝက်မွေး မြူရေးလုပ်ငန်း၏ အခြေခံ အင်အားဖြစ်သော အသေးစားမွေးမြူရေးလုပ်ငန်းများသည် နောက်တစ်ကြိမ် ASF ရောဂါဖြစ်ပွားပါက ထိခိုက်ဆုံးရှုံး ကြဦးမည်ဖြစ်သည်။
ထိုင်းက တင်ပို့ရေးအလေးပေး
အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်၊ ထိုင်းသည် ပိုမိုကောင်းမွန် သောအခြေအနေတွင် ရှိနေပြီး ၎င်း ၏ တင်ပို့အခြေပြု စက်မှုလုပ်ငန်းအခြေခံ ဝက်မွေးမြူရေးလုပ်ငန်းကြောင့် ဖြစ်သည်။ ထုတ်လုပ်သူ လုပ်ငန်းရှင်ကြီးများသည် ဇီဝလုံခြုံ ရေးနှင့် ခွဲခြားမှုစောင့်ကြည့်မှုစနစ်များအတွက် စောစီးစွာ ရင်းနှီးမြှုပ်နှံခဲ့ကြသဖြင့် ထုတ်လုပ်မှုကို တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။
သို့သော် ထိုင်းသည် ASF ရောဂါမှ လုံးဝကင်းရှင်းသည်တော့ မဟုတ်ချေ။ ရောဂါဖြစ်ပွားမှုများသည် အချိန်အခါမရွေး ဖြစ်ပွားပြီး အသေးစားထုတ်လုပ်သူများကို အထူးသဖြင့် ထိခိုက်စေသည်။ အစိုးရက မွေးမြူ ရေးခြံမှတ်ပုံတင်မှုကို တင်းကျပ်စွာကိုင်တွယ်ပြီး သန့်ရှင်းရေးစံနှုန်းများကို မြှင့်တင်ရန် တွန်းအားပေးခဲ့သည်။ ဤလိုအပ်ချက်များသည် အသေးစားမွေးမြူရေးလုပ်ငန်းများအပေါ် ကုန်ကျစရိတ်ဖိအားဖြစ်စေကာ လုပ်ငန်းများကို ပိုမိုကြီးမား သောထုတ်လုပ်သူများအဖြစ်သို့ ပေါင်းစည်းစေသည်။
ထိုင်း၏ မဟာဗျူဟာအားသာချက်မှာ ဒေသတွင်းထုတ်လုပ်မှုအခြေခံအားကောင်းမှုနှင့် ဒေသတွင်းကုန်ပစ္စည်းပြတ်လပ်မှုဖြစ်ပွားသောအခါ တင်ပို့နိုင်မှုဖြစ်သည်။
သို့သော် ဤအားသာချက်သည် လုပ်ငန်းတွင်း မညီညာမှုကို ပိုမိုဖြစ်စေနိုင်ပြီး၊ အသေးစားထုတ်လုပ်သူများနှင့် ထုတ်လုပ်သူကြီးများအကြား ကွာဟမှုကို တိုးစေနိုင်သည်။ ထို့ ကြောင့် လုပ်ငန်း၏အနာဂတ်တွင် ပါဝင်နိုင်မှုအပေါ် မေးခွန်းများ ထွက်ပေါ်လာသည်။
စက်မှုလုပ်ငန်းမြှင့်တင်မှုမြန်ဆန်လာခြင်း
ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ထိုင်းတို့တွင် ASF ရောဂါကြောင့် စက်မှုလုပ်ငန်းသို့ ပြောင်းရွှေ့မှု မြန်ဆန်လာသည်။ စုပေါင်းလုပ်ငန်းကြီးများ အားကောင်းလာပြီး အသေးစားမွေးမြူရေးလုပ်ငန်းများ ရုန်းကန်နေရသည်။ ဝက်မွေးမြူမှုမြန်မြန်ဆန်ဆန် တိုးတက်လာချိန်တွင် အစာဝယ်လိုအားသည် မတည်ငြိမ်တော့ဘဲ အတက်အကျဖြစ်လာသည်။ ဝက်သားဈေးနှုန်းသည် ရောဂါဖြစ် ပွားမှုနှင့် ရွေးချယ်ဆောင်ရွက်သည့် အစီအစဉ်များအပေါ် အထိအခိုက်မခံနိုင်ဖြစ်နေကြောင်း တွေ့ရသည်။
အဓိက သင်ခန်းစာမှာ အာဖရိက ဝက်အပြင်းဖျားရောဂါသည် တစ်ခုတည်းသော ဖျက်ဆီးသူမဟုတ်ပါ။ မူဝါဒနှင့် ဖွဲ့စည်းပြုပြင်ပြောင်းလဲမှုများကလည်း များစွာ အရေးကြီးကြောင်း တွေ့ရပါသည်။
ဗီယက်နမ်၏ တင်းကျပ်သော ဥပဒေများ၊ ဖိလစ်ပိုင်၏ ရပ်ရွာအခြေပြု ဘိုင်အိုလုံခြုံရေးလေ့ကျင့်ရေး၊ ထိုင်း၏ စက်မှုလုပ်ငန်းစည်းကမ်းများသည် ကွဲပြားသော ဗျူဟာများကို ဖော်ပြလျက်ရှိသည်။ ထိုသုံးနိုင်ငံက ဖော်ပြနေသည်မှာ အာဖရိကဝက်အပြင်းဖျားရောဂါအား အပြီးတိုင် ဖယ်ရှားခြင်းဖြင့် အရှေ့တောင်အာရှ ဝက်သားလုပ် ငန်း၏ အနာဂတ်ကို သတ်မှတ်နိုင်မည်မဟုတ်ဘဲ ရင်ဆိုင်တုံ့ပြန် ကြံ့ကြံ့ခံနိုင်မှုဖြင့်သာ အနာဂတ်ကို ဖော်ဆောင်နိုင်မည်ဟူ၍ ဖြစ်ပေသည်။
ပြန်လည်တည်ဆောက်ခြင်း
အရှေ့တောင်အာရှသည် ယခုအခါ အသေးစားမွေးမြူရေး လုပ်ငန်းများကို ထိခိုက်ပျက်စီးစေနိုင်သော အပိုင်းလိုက်တုံ့ပြန်မှုကို ဆက်လက်လုပ်ဆောင်မည်လော သို့မဟုတ် ကာကွယ်ဆေး၊ ဇီဝလုံခြုံရေးနှင့် မျှတသောဈေးကွက်မူဝါဒ တို့ကို ပေါင်းစပ်ထားသော စည်းစနစ်တကျ မဟာဗျူဟာများအပေါ် ရင်းနှီးမြှုပ်နှံမည်လော ဟူသည့် လမ်းနှစ်သွယ်အနက်မှ တစ်ခုရွေးချယ်ရန် ရင်ဆိုင်နေရပေသည်။
ဗီယက်နမ်သည် ကာကွယ်ဆေးအသုံးပြုမှုတွင် ကွာဟချက်များ မရှိအောင် ဖြေရှင်းရမည်။ ဖိလစ်ပိုင်သည် ရပ်ရွာအခြေပြု ရောဂါကာကွယ်ရေးနှင့် လျော်ကြေးစနစ်များကို ပိုမိုအာရုံစိုက်ရမည်။ ထိုင်း သည် အသေးစားထုတ်လုပ်သူများကို နောက်ကျန်မနေစေရန် ထောက် ပံ့ပေးရမည်။ စားသုံးသူများသည် ဝက်သားဈေးနှုန်းပေါ်သာမက အစား အစာလုံခြုံရေးနှင့် ထုတ်လုပ်မှုကွင်းဆက်အပေါ် ယုံကြည်မှု ရှိရမည်ဖြစ်သည်။
အစိုးရများသည် ကျေးလက်ဒေသလူမှုဘဝများကို တည်တံ့စေခြင်းနှင့် စိုက်ပျိုးရေးကို ခေတ်မီအောင်ပြုပြင်ခြင်း ဆောင်ရွက်ရမည် ဖြစ်သည်။ ဝက်သားထုတ်လုပ်ငန်းအနေဖြင့် အရှေ့တောင်အာရှ ဝက်မွေးမြူရေးလုပ်ငန်းသည် တုံ့ပြန်နိုင်မှုရှိပြီး၊ ပါဝင်နိုင်မှုရှိကြောင်း သက်သေပြရန် ဖြစ်သည်။
ယခုအခါ အရှေ့တောင်အာရှ၏ ဝက်သားထုတ်လုပ်မှုလုပ်ငန်းသည် လမ်းဆုံတွင် ရှိနေသည်။ ရွေးချယ်လိုက်သည့်လမ်းကြောင်းက ဤဒေသသည် ကမ္ဘာ့ဝက်သားထုတ် လုပ်မှုဗဟိုအဖြစ် ဆက်လက်တည်ရှိနိုင်မည်လား ဒါမှမဟုတ် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် အနာဂတ်ပြောင်းလဲသွားရသည့် သတိထားရမည့် ပုံပြင်တစ်ခု ဖြစ် လာမည်လား ဆိုသည်ကို ဆုံးဖြတ်ပေးသွားမည်ဖြစ်ပေသည်။
(AsianAgribiz Team ၏ သုံးသပ်ချက်ဆောင်းပါးကို ပြန်ဆိုထားခြင်း ဖြစ်ပါသည်။)
ထွန်းသက်ပိုင်
Asianagribiz.com(6 October), How are Vietnam, Thailand, and the Philippines rebuilding after ASF