ရုရှား-တရုတ် ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာကို လုံးဝစွန့်လွှတ်ခဲ့

ရုရှား-တရုတ် ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာကို လုံးဝစွန့်လွှတ်ခဲ့

123

ရုရှားနှင့် တရုတ်တို့သည် စီးပွားရေးလုပ်ဆောင်ရာတွင် အမေရိကန်ဒေါ်လာကို လုံးဝနီးပါး ရှောင်ရှားခဲ့ကြပြီး အပြန်အလှန်ငွေပေးချေမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို အမျိုးသားငွေကြေးများဖြင့်ပြုလုပ်ခဲ့ကြကြောင်း၊ ရုရှား-တရုတ် ကုန်သွယ် ရေးနှင့် စီးပွားရေးပူးပေါင်းဆောင် ရွက်မှုသည် တက်ကြွစွာဖွံ့ဖြိုးတိုး တက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sergey Viktorovich  Lavrov က ပြောကြားခဲ့သည်။

စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိကြောင်း၊ တရုတ်ဈေးကွက်သို့ ရုရှားစိုက်ပျိုးရေးထုတ် ကုန်များ တင်ပို့မှုတိုးလာကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလုပ်ငန်းနယ်ပယ်များတွင် ပူးတွဲစီမံကိန်းများအကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယင်းသို့ ပူးပေါင်းဆောင် ရွက်မှုကြောင့် ရုရှား-တရုတ်နယ်စပ် နှစ်ဘက်စလုံးအတွက် အပြန်အလှန် အကျိုး ကျေးဇူးများခံစားရကြောင်း နိုင်ငံခြားရေးဝန်ကြီးက အလေးပေးပြောကြားသည်။

ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားနှင့်တရုတ်ကြား ကုန်သွယ်မှု ပမာဏသည် ၂၀၂၂ ခုနှစ်မှ စတင်၍ အရှိန်အဟုန်ဖြင့် ကြီးထွားလာလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် ရုရှားနှင့် တရုတ် ကုန်သွယ်မှု ပမာဏသည် ဒေါ်လာ ၂၄၀ ဘီလီယံရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင် နှုန်း ပိုများခဲ့ သည်။ 

ထို့အပြင် တရုတ်နိုင်ငံသည် ရုရှားရေနံကို အဓိကတင်သွင်းသူ ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မတ်အတွင်း ရုရှားနိုင်ငံမှ ရေနံတန်ချိန် ၂၈ ဒသမ ၅၂၈ မီလီယံ တင် သွင်းခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၂ ဒသမ 
၈၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ရုရှားသည် အာရှတွင် ကုန်သွယ်မှုလမ်းကြောင်းသစ်များ ဖွံ့ဖြိုးတိုး တက်စေရန် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အီရန်နှင့်လည်း ပူး ပေါင်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံများသည် ၎င်းတို့၏ ငွေပေးချေမှုတိုက်ရိုက်ဆောင်ရွက်နိုင်ရန် ရုရှား၏ ဘဏ္ဍာရေးစာတိုပေးပို့မှု စနစ်များနှင့် ချိတ်ဆက်ခဲ့ကြသည်။ ရုရှားနှင့် BRICS နိုင်ငံများကြား နိုင်ငံသုံးငွေကြေးများဖြင့် ငွေပေးချေမှုဝေစုသည် ပြီးခဲ့ သော ၂ နှစ်အတွင်း ၃ ဆတိုးလာပြီး ၈၅ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။

ခွန်မျိုးသူ

https://www.gazeta.ru/business/news/2024/04/22/ 22844588.shtml