မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) သည် မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့ရောင်းချသူများအဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး)ကို ပုသိမ်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနတွင် သြဂုတ် ၂ ရက်က ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
(မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်း၊ ကိုင်းတန်းဈေး၊ သီရိမာလာဈေးတို့မှ ၂၆-၇-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)
မန္တလေးဈေးကွက်တွင် ရန်ကုန်ပေါ်ဆန်းမှာ မိုးစပါးစိုက်ချိန်ဖြစ်၍ တောင်သူ ထုတ်ရောင်းမှုရှိခြင်းကြောင့် ပင်ရင်းဈေးနိမ့်ခြင်း၊ နယ်ဝေးတင်ပို့ရမှုမရှိဘဲ မြို့တွင်းသုံးသာရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ရွှေဘိုပေါ်ဆန်းမှာ ရွှေဘိုဒေသတစ်ခုထဲမှ စိုက်ပျိုးခြင်းဖြစ်၍ အထွက်နည်းအဝင်နည်းခြင်းကြောင့် တစ်အိတ် ၁၅၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးအတွက် လယ်ယာမြေများအားလုံး သည် မြေဆီဩဇာထက်သန်ပြီး အာဟာရဓာတ်ကြွယ်ဝနေရမည်ဖြစ်ပါသည်။ စိုက်ပျိုးမြေဆီလွှာသည် အပင်များရှင်သန်ကြီးထွားမှုအတွက် အဓိက မရှိမဖြစ် လိုအပ်သော ရေနှင့်အပင်အာဟာရ ဓာတ်များကို ပေးဆောင်သည့် သတ္တုဓာတ်၊ မြေဆွေးဓာတ်၊ ရေ၊ လေတို့ဖြင့် ဖွဲ့စည်းထားသော ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ရှိ အပေါ်ယံဆုံးအလွှာပါးလေးဖြစ်ပါသည်။ မြေဆီလွှာသည် ရေကို ထိန်း ညှိပေးခြင်း၊ စက်ရုံ၊ အလုပ်ရုံနှင့် သတ္တုတွင်းလုပ်ငန်းများမှ ထွက်ရှိလာသော အန္တရာယ်ရှိ စေနိုင်သည့် ဓာတ်ကြွင်းများနှင့် လေထုညစ်ညမ်းမှုများကို လျှော့ချပေးနိုင်ခြင်းနှင့် စစ်ထုတ်ပေး နိုင်ခြင