ဝါးအခြေခံစက်မှုလုပ်ငန်းနှင့် စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး

Image
bamboo

သက်ရှိသတ္တဝါအားလုံးအတွက် ကမ္ဘာမြေကြီး၏ လက်ဆောင် ဝါးတောများသည်     လူသားအားလုံး၏ လူမှုဘဝအတွက် အရေးပါသော သဘာဝသယံဇာတဖြစ်ပါသည်။ သဘာဝ၏ လက်ဆောင် ရွှေဝါးကို လူသားတို့၏ နေ့စဉ်ဘဝတွင် အမျိုးမျိုးအသုံးပြုလျက် ရှိပါသည်။ 

သဘာဝကပေး အစာနှင့်ဆေး၊ ရှဉ့်မတက်

Image
ရှဉ့်မတက်ပင်

ပရဆေးပင်များ၏ဘုရင်မ" ဟု တင်စားခေါ်ဝေါ်ကြသော ရှဉ့်မတက်ပင်ကို ကုန်းကညွတ်၊ ကညွတ်ရိုင်းပင် ဟုလည်း လူသိများကြပြီး အင်္ဂလိပ်အမည်မှာ Asparagus ဟုခေါ်ဆိုသကဲ့သို့ Asparagus Root ဟုလည်း လူသိများ၏။ အိန္ဒိယနိုင်ငံတွင်မူ ယင်းကို shatavari ဟု ခေါ်ဆိုကြ၏။ ယင်း၏ ရုက္ခဗေဒ အမည်မှာ Asparagus racemosus ဖြစ်ကာ   မျိုးရင်း Liliaceae တွင် ပါဝင်၏။ 

စိတ်ပျော်ရွှင်လန်းကျန်းမာဖို့ အိမ်တွင်းဥယျာဉ်စိုက်ကြစို့

Image
home garden

မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သည်နှင့်အတူ ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝပြီး ရိုးရာဓလေ့ထုံးတမ်းများကို နေ့စဉ်လူနေမှုဘဝနှင့် ယှဉ်တွဲလက်ကိုင်ထားသောနိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အလျောက် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းသည်လည်း အ‌ရေးပါသောကဏ္ဍမှပါဝင်ပြီး အဓိကအစားအစာ အရင်းအမြစ်အဖြစ်သာမက နိုင်ငံ၏ ယဉ်ကျေးမှုများနှင့် အလေ့အထများကို သိသာထင်ရှားစေပါသည်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းသည် ဝါသနာအရသာမက လူမှုဘဝနေထိုင်မှုမြှင့်တင်‌ရေး၊ ကျန်းမာရေး ကောင်းမွန်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံနိုင်ရန် ပြီးပြည့်စုံသောနည်းလမ်းတစ်ခုပင်ဖြစ်သည်

အိန္ဒိယနိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့နှင့် ပူးပေါင်း၍ ခံနိုင်ရည်ရှိသော ဝါမျိုးများ သင့်တော်သော ဈေးနှုန်းဖြင့် ရရှိရေး ကြိုးပမ်း

မြန်မာနိုင်ငံ ဝါနှင့် ဝါထွက်ပစ္စည်း ကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်း သည် ရာသီဥတု ပြောင်းလဲမှုဒဏ်ခံနိုင်သော၊ မြင့်မား သောအပူချိန်နှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်သော၊ အထွက်နှုန်း မြင့်မားသော ဝါမျိုးများကို သင့်တင့်သောဈေးနှုန်းဖြင့် ရရှိရန် အိန္ဒိယနိုင်ငံ၊ ဥဇဘက် ကစ္စတန်နိုင်ငံတို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့မှုများသောကြောင့် အိန္ဒိယတွင် ဆန်ဈေး နှစ်ရက်အတွင်း ၁၄ ရာခိုင်နှုန်း မြင့်တက်

ဘင်္ဂလားဒေ့ရှ်သို့ ဆန်အမြောက် အမြား တင်ပို့နေသည့် ကုန်သည်ကြီးများ၏ လှုပ်ရှားမှုကြောင့် အိန္ဒိယပြည်တွင်းဆန်ဈေးနှုန်းများ ၂ ရက်အတွင်း ၁၄ ရာခိုင်နှုန်းအထိ ရုတ်တရက် မြင့်တက်သွားခဲ့ ကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန်တန်ချိန် ငါးသိန်းကို အကောက် ခွန်ကင်းလွတ်ခွင့် ပေးထားသော ကြောင့် ယင်းသို့ပြည်တွင်းဈေးကွက် ကမောက်ကမဖြစ်မှု ပေါ်ပေါက်လာခြင်းဖြစ် သည်။