ရန်ကုန်ပေါ်ဆန်းမှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမှာ မိုးစပါးစိုက်ပျိုးချိန်ဖြစ်၍ တောင်သူထုတ်ရောင်းမှုရှိ ခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် တစ်အိတ် ယခင်အပတ် ၁၆၀၀၀၀ကျပ်မှ ယခုအပတ် ၁၅၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ မနောသုခဆန်မှာ နွေစပါးအသစ်များ အဝင်များလာခြင်း၊ အဟောင်းလက်ကျန်များလည်း ဈေးကွက်အတွင်းရှိခြင်းကြောင့် အသစ်တစ်အိတ် ၇၂၀၀၀ကျပ်၊ အဟောင်းတစ်အိတ် ၉၅၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ငစိန်ဆန်မှာ နွေစပါးဝင်ရောက်မှုရှိခြင်း၊ လုပ်ငန်းသမားဝယ်ယူမှု ပုံမှန်သာရှိခြင်း ကြောင့် တစ်အိတ် ၇၈၀၀၀ကျပ်မှ ၇၅၀၀၀
ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်နှုန်းနှင့် အောက် စ တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်နှုန်းဖြင့်လည်း ကောင်း၊ ဧည့်မထဆန်ဟောင်း အ လတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၇၀၀၀ ကျပ် နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၇၅၀၀၀ကျပ်နှုန်းဖြင့် လည်းကောင်းအသီးသီး ရ
ဝါစေ့နှင့် ဝါစေ့ကြိတ်ဖတ်သည် တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သည့် ဝါလုပ်ငန်း ၏ ဘေးထွက်ပစ္စည်းများ ဖြစ်ပါ သည်။ ဝါစေ့ကြိတ်ဖတ်တွင် အာဟာ ရတန်ဖိုးကြွယ်ဝပြီး အထူးသဖြင့် အသားဓာတ်မြင့်မားစွာ ပါဝင်သည်။ သို့သော်လည်း ဝါစေ့တွင် ဂေါ်စီပေါဒြပ်ပေါင်းပါဝင်နေခြင်းကြောင့် တိရစ္ဆာန်အစာအဖြစ် အသုံးဝင်မှုကို အနှောင့်အယှက်ဖြစ်စေပါသည်။ ဂေါ်စီပေါသည် ပေါ်လီဖီနောလစ်ဒြပ်ပေါင်းဖြစ်ပြီး ဝါပင်၏ အစိတ်အ ပိုင်းများ၊ အထူးသဖြင့် အစေ့တွင် အများဆုံး တွေ့ရှိရပါသည်။ ဝါအမျိုးအစားကိုလိုက်၍ ဂေါ်စီပေါ ပါဝင်မှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၁မှ ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနိုင်ပါသည်။
ကျွန်မတို့ငယ်စဥ်မူလတန်းကျောင်းသားဘဝ မြန်မာဘာသာရပ်တွင် သင်ယူခဲ့ရသည့်ရိုးတစ်လျှောက်ကဗျာ ထဲတွင် ပါဝင်သည့် မှိုနားတို ငွေရောင်ဖျော့ငယ်နှင့်ဟု တင်စားခေါ်ဝေါ်ထားသည့် မှိုနားတိုပင်၏ ထူးခြားသောအစိတ်အပိုင်းမှာ သေးသွယ်ပျော့ပျောင်းသော ငွေရောင်ဖျော့ဖျော့ ရိုးတံပေါ်တွင် နူးညံ့သောအမြစ်မွှားလေးများစွာရှိပြီး ယင်းရိုးတံမျှင်တွင် ထိပ်တွင် အရွက်လေးရွက်ဆိုင်ထွက်သည့် အပင်လေးဖြစ်၏။ မှိုနားတိုပင်သည် ရွှံ့နွံမြေကို နှစ်သက်ပြီး ရေရှိပြီး စိုစွတ်သောနေရာတွင် ပေါက်ပွားကြီးပြင်းသည့်အပင်မျိုးဖြစ်၏။ မိုးတွင်းချိန်ခါ လယ်ကွင်းထဲတွင် သန်စွမ်း လှပစွာ ဖြစ်ထွန်းပေါက်ရောက်ပြီး နွေရာသီတွင် စိမ့်စမ်းနှင့် ရေမပြတ်တမ်းရှိသည့်ချ
(ဂ-၅) ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာပညာ အသင်းအဖွဲ့ (Sustainability Governance) များအောက်တွင် ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ (Environmental Policy) အဖွဲ့၊ ဥပဒေ (Law)၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့်မူဝါဒ (Public Administration and Policy) တို့ပါဝင်ပါသည်။
(ဃ) မွေးမြူရေးသိပ္ပံများ (Animal Sciences) အုပ်စုအောက်တွင်ဘာသာရပ် အစုအဝေး (Cluster/Group) ၃ ခုရှိပါသည်။
မြန်မာနိုင်ငံသည် ရေ၊မြေသယံဇာတပေါကြွယ်ဝ သော စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံ ဖြစ်ပြီး သီးနှံအမယ်ပေါင်း ၆၀ ကျော် စိုက်ပျိုးထုတ်လုပ်လျှက် ရှိသည်။ မြေမျက်နှာသွင်ပြင် အနေအထားနှင့် စိုက်ပျိုး ရေးမိုးလေဝသဆိုင်ရာ အခြေအနေပေါ်မူတည်၍ မြန်မာနိုင်ငံတစ်ဝန်းတွင် စိုက်ပျိုးထုတ်လုပ်မှုသည် သီးနှံပုံစံအမျိုးမျိုးဖြင့် ကွဲပြားလျက်ရှိသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သောဧရိယာမှာ ဧက ၃၃ ဒသမ၂ သန်း ဖြစ်ပြီး ဧက ၅ ဒသမ ၆ သန်း ခန့်သည် ရေသွင်းစိုက်ပျိုးနိုင်သော ဧရိယာဖြစ်သည်။ ဆည်ရေသောက်ဒေသများအတွက် စပါးအခြေခံ သီး ထပ်သီးနှံပုံစံသည် အကျိုးအမြတ် အများဆုံးနှင့် တစ်နှစ်လျှင် ၃ သီးရရှိပြီး သီးနှံစိုက်စွမ်းအား အကောင်းဆုံး
ဗီယက်နမ်နိုင်ငံသည် တောင်တရုတ်ပင်လယ်၏ အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး အကျယ်အဝန်းဧရိယာ ၃၃၁,၀၀၀ ကီလိုမီတာခန့်ရှိကာ ၁၁,၄၀၉ ကီလိုမီတာခန့် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းကို ပိုင် ဆိုင်ထားသည်။ ဗီယက်နမ်၏ သီး သန့် စီးပွားရေးဇုန်သည် ကီလိုမီတာ ၂၃၇,၈၀၀ ဝန်းကျင်ရှိပြီး ကမ်းလွန်ပင်လယ်ပြင်တွင် ပြန့်ကျဲနေသော ကျွန်းများနှင့်ကျွန်းငယ်ပေါင်း ၄၀၀၀ ကျော်ရှိသည်။ နိုင်ငံတွင် မြစ်နီအပါအဝင် မြစ်ချောင်းပေါင်း ၂၃၇၀ ခန့် ရှိပြီး မြစ်ဝှမ်းဧရိယာ ဟက်တာ ၁ ဒသမ ၉ သန်းခန့်နှင့် မဲခေါင်မြစ်ဝှမ်း ဟက်တာ ၄ ဒသမ ၁ သန်းခန့် ရှိသည်။