သီရိလင်္ကာ နာနတ်သီးများသည် တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့် ရရှိခဲ့

သီရိလင်္ကာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများ တင်သွင်းခြင်းအတွက် အပင်ပိုးမွှား ကင်းရှင်းရေးဆိုင်ရာလိုအပ်ချက်များကို တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့က ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ တွင် ထုတ်ပြန်ခဲ့ကြောင်း၊ နာနတ်သီးသည် ၂၀၁၅ ခုနှစ်တွင် ခွင့်ပြုချက်ရခဲ့သော ငှက်ပျောသီးပြီးနောက်တွင် သီရိလင်္ကာနိုင်ငံမှ တင်သွင်းခွင့်ရသည့် ဒုတိယ မြောက်သစ်သီးအမျိုးအစားဖြစ်ကြောင်း သိရှိရပါသည်။
သီရိလင်္ကာတွင် စားသုံးမှုအများဆုံး နာနတ်သီးအမျိုးအစားမှာ Mauritius ("ဘုရင်မ") နာနတ်သီးဖြစ်ကြောင်း၊ ဤအသီးသည် ၎င်း၏ ပုံသဏ္ဍာန်၊ အရွက်များနှင့် ရွှေဝါရောင်အသားများ ကြောင့် လူသိများပြီး ၎င်း၏ မွှေးကြိုင်သောရနံ့နှင့် ချိုမြသောအရသာသည် လတ်လတ်ဆတ်ဆတ် စားသုံးရန် အကောင်းဆုံးဖြစ်ကြောင်း သိရှိရပါသည်။
သီရိလင်္ကာတွင် စားသုံးနိုင်သောသစ်သီးဝလံအမျိုးပေါင်း (၁၀၀)ကျော်ရှိသော်လည်း ပြည်တွင်း စိုက်ပျိုးရေးကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေကြောင်း၊ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုများပြား ပြီး သိသိသာသာ အထွက်နှုန်းနည်းပါးသည့်အပြင် နိုင်ငံတကာအရည်အသွေး စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိကြောင်း သိရှိရပါသည်။ သီရိလင်္ကာမှ ငှက်ပျောသီးကို တရုတ်နိုင်ငံသို့ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုနီးပါးကပင် တင်ပို့ရန် ခွင့်ပြုထားသော်လည်း အမှန်တကယ် တင်ပို့ရောင်းချမှုမှာ မရှိသလောက်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၃ ခုနှစ်၊ မေလတွင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ South–South Cooperation program အရ ဘတ်ဂျက်အမေရိကန်ဒေါ်လာ (၁.၅)သန်းဖြင့် သီရိလင်္ကာတွင် စီမံ ချက်အသစ်တစ်ခုကို စတင်ခဲ့ကြောင်း၊ အဆိုပါပဏာမခြေလှမ်းသည် သီရိလင်္ကာသစ်သီးဝလံကဏ္ဍ ၏ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို မြှင့်တင်ရန်၊ သစ်သီးအရည်အသွေးမြှင့်တင်ရန်နှင့် သစ်သီးကဏ္ဍ ၏ စျေးကွက်တန်ဖိုးကို တိုးမြှင့်ရန် ရည်ရွယ်ကြောင်း၊ နှစ်နှစ်ခွဲကာလအတွင်း အဆိုပါစီမံကိန်းကို သီရိလင်္ကာရှိ ဒေသ(၅)ခုတွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အရေးကြီးသော ဒေသထွက် သစ်သီးဝလံ (၃)မျိုးဖြစ်သည့် ငှက်ပျောသီး၊ သရက်သီးနှင့် နာနတ်သီးများ ထုတ်လုပ်မှု၊ အထွက်နှုန်း နှင့် စီးပွားဖြစ်ရောင်းချမှု မြှင့်တင်ရေးတို့ကို အာရုံစိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။
Phytosanitary Protocol အရ တရုတ်နိုင်ငံသို့ လတ်လတ်ဆတ်ဆတ် နာနတ်သီးများ တင်ပို့ရန် ရည်ရွယ်ထားသည့် စိုက်ပျိုးရေးခြံများသည် သီရိလင်္ကာအစိုးရ၏ကြီးကြပ်မှုအောက်တွင် ပြီးပြည့်စုံသော အရည်အသွေး စီမံခန့်ခွဲမှုနှင့် ခြေရာခံနိုင်မှုစနစ်တစ်ခု ထူထောင်ရန် လိုအပ်သည့် အပြင် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များနှင့် ပိုးမွှားစီမံခန့်ခွဲမှုနည်းပညာများကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အသီးများနှင့် အရွက်များကို အင်းဆက်များ၊ ပိုးမွှားများ၊ ခရုများ၊ အပုပ်များ၊ မြက်မျိုးစေ့များ၊ အပင်အကြွင်းအကျန်များနှင့် မြေဆီလွှာကဲ့သို့ ဖြစ်နိုင်ခြေရှိ သော အညစ်အကြေးများ ကင်းစင်စေရန် ထုပ်ပိုးမှုလုပ်ငန်းစဉ်အတွင်း လက်ဖြင့်စီခြင်း၊ စစ်ဆေး ခြင်း၊ ပွတ်တိုက်ခြင်း (သို့မဟုတ်) ရေဆေးသန့်စင်ခြင်း ကဲ့သို့သော နည်းလမ်းများကို အသုံးပြုရမည် ဖြစ်ကြောင်း သိရှိရပါသည်။
GACC ၏ ကြေညာချက်တွင် စိုးရိမ်ရသော အပင်ပိုးမွှားများအဖြစ် cotton thrips (Frankliniella schultzei), papaya mealybug (Paracoccus marginatus), obscure mealybug (Pseudococcus viburni), brown soft scale (Coccus hesperidum), cockspur grass (Echinochloa crus-galli), East African couchgrass (Digitaria abyssinica), tomato spotted wilt orthotospovirus and Dickeya dadantii တို့ပါဝင်ကြောင်း သိရှိရပါသည်။
နာနတ်သီးကုန်သွယ်မှုစတင်ပြီးနောက် ပထမ(၂)နှစ်အတွင်းတွင် သီရိလင်္ကာအာဏာပိုင်များ သည် တင်ပို့မှုတစ်ခုစီ၏ (၂)ရာခိုင်နှုန်းထက်မနည်းသော နမူနာများကို ရယူရန်လိုအပ်ကြောင်း၊ ဤနှစ်နှစ်အတွင်း အပင်ပိုးမွှားဆိုင်ရာပြဿနာများ မပေါ်ပေါက်ပါက နမူနာအချိုးကို (၁)ရာခိုင်နှုန်း သို့ လျှော့ချနိုင်ကြောင်း၊ သို့သော်လည်း စိုးရိမ်စရာ သီးသန့်ပိုးမွှားများ တွေ့ရှိပါက တရုတ်နိုင်ငံသို့ တင်ပို့ နိုင်မည်မဟုတ်ကြောင်း၊ ထို့အပြင် အခြေအနေပေါ်မူတည်၍ သက်ဆိုင်ရာဥယျာဉ်ခြံနှင့် ထုပ် ပိုးသည့် စက်ရုံများကို ကျန်ရာသီတွင် တရုတ်နိုင်ငံသို့ နာနတ်သီးတင်ပို့မှုမှ ရပ်ဆိုင်းထားနိုင် ကြောင်း၊ သီရိလင်္ကာအာဏာပိုင်များသည် အရင်းခံအကြောင်းတရားများကို ဖော်ထုတ်ရန်နှင့် ထိ ရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်အပြင် မှတ်တမ်းများကို ထိန်းသိမ်းကာ ၎င်းတို့ ကို တရုတ် အာဏာပိုင်များထံ ပေးအပ်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကေခိုင်ကျော်၊ စီးပွားရေးသံမှူး
နန်နင်းမြို့
Source: https://www.producereport.com/article/sri-lankan-pineapples-granted-china-market-access